ဆီးချိုရောဂါရှိသူများ ရပ်ဝေးမြေခြား ခရီးသွားတဲ့အခါ ကျန်းမာရေးစစ်ဆေးပါ


နိုင်ငံရပ်ခြားမသွားခင် တစ်လ ခန့်အလိုကတည်းက ဆီးချိုရောဂါနှင့် ပတ်သက်ပြီးပြင်ဆင်ထားပါ။ အင်ဆူ လင်ထိုးရသူဆိုလျှင် အင်ဆူလင် ပုလင်းများ၊ ထိုးအပ်များ အပြည့်အစုံ ဝယ်ထားပါ။

ဆေးနှင့် စားစရာကိုယ်နှင့်မကွာ ထားပါ
ခရီးစဉ်မှာ မမျှော်လင့်ထားဘဲ ကြန့်ကြာမှုဖြစ်လို့ အစာမစားမိတဲ့ အခါ သွေးတွင်းအချိုဓါတ် ကျလာ တတ်ပါတယ်။ တစ်ကိုယ်စာမုန့်များ ကိုယ်နှင့်မကွာယူသွားပါ။ ဆေးတွေ အားလုံး ခရီးဆောင်အိတ်ထဲမထည့်မိ ပါစေနဲ့။ အင်ဆူလင်ထိုးဆေးတွေ လေယာဉ်အပူဒဏ်ကြောင့် မပျက်စီး စေရန် ရေခဲအနည်းငယ်နှင့်ထုပ်ပိုးပြီး မိမိနှင့်အတူထားပါ။

အစားအသောက်ဆင်ခြင်ပါ
စားသောက်ဆိုင်တွေနှင့် လေ ဆိပ်မှာစားတဲ့အခါ ဆီးချိုရောဂါအ တွက် ကိုက်ညီအောင်ဆင်ခြင်ဖို့ခက်ပါတယ်။ အကြော်တွေတတ်နိုင်သမျှ လျှော့စားပါ။ အသားစားတဲ့အခါ ပြုတ်ထား၊ ချက်ထားတဲ့ဟင်းကို ရွေးပါ။ ဟင်းရွက်သုပ်တွေဦးစားပေး ပါ။

လက်ဆွဲအိတ်ထဲမှာ ဦးစားပေးထည့်စရာ
ထိုးဆေး၊ စားဆေးအားလုံး ထည့်ထားပါ။ အင်ဆူလင်ထိုးအပ် တွေပါ ထည့်ထားပါ။ သွေးချိုတိုင်း စက်ကိုလည်း အပ်နှင့် test strip အစုံဝယ်ထားပါ။ ဆေးပုလင်းပေါ်က ဆေးနာမည်နှင့် ပုလင်းထဲကဆေး အမျိုးအစားတူအောင် ဂရုပြုပါ။ ဆေးခန်းပြထားတဲ့ စာအုပ်ပါယူသွား ပါ။ မိမိပြနေတဲ့ သမားတော်ကို မိမိဆီးချိုရောဂါအကြောင်း၊ သုံးစွဲ နေသည့်ဆေးဝါးများအကြောင်း အကျဉ်းချုပ်ရေးပေးဖို့ အကူအညီ တောင်းပါ။

ဘာသာစကားလေ့လာပါ
မိမိသွားရောက်မည့်ဒေသသုံး ဘာသာစကားအချို့ကို လေ့လာထား ပါ။အထူးသဖြင့် "အချိုရည်သောက် ပါရစေ"၊ "ဆီးချိုရောဂါရှိတယ်"၊ "ဆေးရုံ၊ ဆေးခန်းပို့ပေးပါ" စသည့် ဝါကျများ ပြောတတ်အောင်ကျင့် ထားပါ။ ဆေးထိုးအပ်များစွာ၊ အင်ဆူ လင်ဆေးပုလင်းများစွာကို လေဆိပ် ဝန်ထမ်းက ပြဿနာရှာသည့်အခါ ဆီးချိုရောဂါဆေးများဖြစ်ကြောင်း ရှင်းပြနိုင်အောင်လေ့လာထားပါ။


သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ