မီးအရောင်သုံးစွဲခြင်း


ကွန်ပျူတာမျက်နှာပြင် များကို UV ကာသည့် မျက်မှန်မျိုးဖြင့် ကြည့် သင့်သည်။ ကွန်ပျူတာမျက်နှာပြင် တွင်လည်း UV (ခရမ်းလွန်ရောင်ခြည်) ကာသည့်မျက်နှာပြင်အကာများ တပ်ဆင်သုံးစွဲသင့်သည် ။
ဖြစ်နိုင်လျှင် အဖြူရောင် မီး ချောင်းအခွေများ၊ မီးလုံးအဝါ၊ မာ ကျူရီမီးချောင်းများ၊ ရောင်စဉ်ဖြာသည့် မီးများ၊ အလှဆင်မှိတ်တုတ်မီးများ၊ အလင်းစူးသည့်မီးများ အောက်တွင် စာဖတ်ခြင်းကို ကန့်သတ်ထားသင့် သည်။

အလင်းနည်းသောပုံဖော် မီးခွေ များကို မျက်နှာကျက်မြင့်မြင့်တွင် တပ်ဆင်သုံးခြင်းသည်လည်း မျက်လုံး အားစိုက်မှုကို ဖြစ်စေသည် ။ အပြာ ရောင်မီးကို အသုံးပြုပါကလည်း ခါး လောက်အမြင့် သို့မဟုတ် စာဖတ်သူ ၏အနောက်တွင် ထားပါ။ မျက်လုံး အနီးတွင်ကပ်၍ ဖတ်ခြင်းမျိုး မပြု လုပ်ရပါ ။

အချို့မီးများသည် ကျွမ်းခါနီး အချိန် သို့မဟုတ် မီးအားနည်းချိန် မီးမငြိမ်ဘဲ လှုပ်နေသည့်မီးချောင်း အောက် တွင် စာဖတ်ခြင်းဖြင့် ခေါင်း မူးခြင်းဝေဒနာဖြင့် စာကို ကြာရှည် မဖတ်နိုင်ပါ ။
အရောင်မှိန်သောမီးရောင် အောက်တွင် တာရှည်စာဖတ်ခြင်း သည်လည်း မျက်လုံးအားစိုက်ရခြင်း ကြောင့် မျက်စေ့ထိခိုက်စေသဖြင့် ရှောင်ကြဉ်သင့်သည် ။

နှင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ