ကလေးသုံးပစ္စည်းများကို လူကြီးများသုံးစွဲ၍ ရ မရ
အမျိုးသမီးအတော်များများ သည် ကလေးသုံးပစ္စည်းများကို သုံး စွဲလေ့ရှိကြသည် ။ ကလေးသုံးပစ္စည်း များသည် မည်သည့် အသားအရေ အတွက်မဆို သင့်တော်ကောင်းမွန် နူးညံ့စေသည် ။
ကလေးလိမ်းခရင်သည် အသား အရေကို စိုပြည်စေသည် ။ အသား ခြောက်သောအရွယ်ရောက် သူများ အတွက် အထူးသင့်လျော်သည်။ ကလေးသုံးခရင်အများစုသည် အဆီ ပါတတ်သည်။ အကယ်၍ မိမိက အဆီပျံတတ်သူဖြစ်ခဲ့ပါလျှင် အဆီ ပါသောကလေးလိမ်းခရင်မ်ကို သုံးရန် မလိုပါ။
ကလေးခေါင်းလျှော်ရည်သည် ပျော့ပြောင်းနူးညံ့သဖြင့် ဖုန်မှုန့်၊ အနံ့ ဆိုးများရှိရာနေရာသို့ သွားတတ်သော လူကြီးများအဖို့ ထိရောက်မှု နည်းစေ သည်။ မိမိဦးရေတွင် ဘောက်များ ရှိပါကလည်း ဦးရေအတွက် အာနိ သင်နည်းစေသည်။
ကလေးသုံးဆပ်ပြာတွင် အယ်လ်ကာလိုင်းပါဝင်မှု နည်းသဖြင့် လူကြီးများ အသားအရေအတွက် နူး ညံ့မှုနှင့် အစိုဓာတ်ကို ပေးစေသည် ။ သို့ဖြစ်၍ ကလေးဆပ်ပြာသည် အသား အရေကို လွန်စွာမှ ချောမွတ်စေသည်။ သို့သော် နေပူထဲ အထွက်များသူများ အဖို့ ကလေးသုံး ဆပ်ပြာတွင် UV ရောင်ခြည်ကာ ကွယ်မှုမပါရှိသဖြင့် လူကြီးသုံးဆပ်ပြာကိုသုံးသည်က ပို၍ သင့်လျော်ပါသည် ။
ကလေးသုံးခေါင်းလိမ်းဆီနှင့် ကိုယ် လိမ်းဆီတို့သည် အသားအရေကို လည်းကောင်း၊ ဆံကေသာကို လည်း ကောင်း နူးညံ့ချောမွတ်စေသည် ။ မည်သို့ပင်ဖြစ်စေ မည်သို့သော ထုတ် လုပ်မှုမျိုးမဆို မိမိနားရွက်၏ အနောက် တွင် လိမ်း၍ တည့်မ တည့်စမ်းသပ်ပါ ။ ယားယံခြင်းဖြစ်ပါ က မသုံးစွဲပါနှင့် ။
Health Updates Journal
https://www.facebook.com/HealthUpdatesJournal
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
မှုခင်း
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin