ပေါင်မုန့် ကိုညိုသည်အထိမီးကင်ကာ စားသုံးခြင်းကြောင့် ကင်ဆာဖြစ်ပွားနိုင်


ပေါင်မုန့် မီးကင်၊ အာလူးကြော် အစရှိသည်တို့ ကိုနှစ်ခြိုက်စွာစားတတ်သူများအနေဖြင့် မီးကင်ခြင်း ၊ ကြော်လှော်ခြင်းတို့ ကိုပြုလုပ်ရာတွင် ရွှေရောင် သို့ မဟုတ် အ၀ါရောင်ဖြစ်သည် အထိသာ အပူပေးသင့်ပြီး အညိုရောင်သမ်းသွားသောသို့ မဟုတ် ညိုမည်းသွားသောပေါင်မုန့် ၊အာလူးကြော် အစရှိသည်တို့ သည် ကင်ဆာဖြစ်ပွားမှုကိုအားပေးနိုင်မည်ဖြစ်ကြောင်း UK သိပ္ပံပညာရှင်များကပြောသည်။

ကစီဓါတ်ကြွယ်ဝတဲ့အစားအစာတွေကို ကင်တဲ့အခါ ၊ ကြော်တဲ့အခါ အချိန်သိပ်ကြာသွားပြီး အပူချိန် မြင့်မားလွန်းသွားရင် အက်ခရီလာမိုက် ဆိုတဲ့ဓါတုပစ္စည်းထွက်လာပါတယ် ။ အဲဒီဓါတုပစ္စည်းဟာ ကင်ဆာ ဖြစ်ပွားမှုကိုအားပေးပါတယ် ။ ဒါကြောင့် ကြော်၊လှော်၊ကင်၊ဖုတ်တဲ့ အစားအစာတွေဟာ ကစီဓါတ်ပေါကြွယ် ၀တယ်ဆိုရင် ညိုမည်းမသွားခင် မီးဖိုပေါ်ကချဖို့  အရေးကြီးပါတယ်ဟု အစားအစာ အဆင့်အတန်း စိစစ်ရေးအေဂျင်စီ FSA မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည် ။ ထို့ အပြင် အာလူး ကိုရေခဲသေတ္တာထဲတွင် အအေးမခံသင့်ကြောင်း ၊ အအေးခံလိုက်လျင် အာလူးထဲရှိ သကြား ပမာဏ မြင့်တက် လာလေ့ရှိကြောင်း ၊ ၄င်းအာလူးကိုချက်ပြုတ်သောအခါ အက်ခရီလာမိုက် ဓါတုပစ္စည်းပို၍ပင် ထွက်လာမည်ဖြစ်ကြောင်း ၊ အက်ခရီလာမိုက်သည် အစားအစာအများစုကို ချက်ပြုတ်ရာတွင် သဘာဝအလျောက်ထွက်ပေါ်လာလေ့ရှိသည့် ဘေးထွက်ပစ္စည်းဖြစ်ကြောင်း၊ အက်ခရီလာမိုက် ပမာဏအမြင့်ဆုံးကို အပူချိန်မြင့်မြင့် နှင့်ကြော်လှော်ချက်ပြုတ်ဖုတ်သော အစားအစာများ တွင်တွေ့ ရကြောင်း ၊ အပူချိန် ၁၂၀ စင်တီဂရိတ်ထက်ကျော်နေလျင် လူအတွက်အန္တရာယ်ရှိကြောင်း၊ အာလူးကြွပ်ကြွပ်ကြော်၊ ပေါင်မုန့် ၊ ဘီစကစ်၊ ကိတ်၊ ကော်ဖီအစရှိသည်တို့ သည် ပူလွန်းလျင် ကင်ဆာကိုဖြစ်စေနိုင်သည့် အက် ခရီလာမိုက်ဓါတုပစ္စည်းထုတ်လုပ်ကြောင်းသိရသည် ။

အစားအစာတွေကို သဘာဝနဲ့ အနီးဆုံးပုံစံနဲ့ ပဲချက်ပြုတ်စားသောက်တာကောင်းပါတယ်။ ချက်ပြုတ်တဲ့ အဆင့်များလာလေ၊ အက်ခရီလာမိုက်ပမာဏမြင့်လာလေဖြစ်ပါတယ်။ အိမ်တွင်း ချက်ပြုတ် နည်းတွေမှာ လည်း ပထမပြုတ် ၊ ပြီးရင်ကျော် ၊ ပြီးရင်သုပ် အဲဒီလိုလုပ်တာမျိုးထက် သဘာဝထက်တစ်ဆင့်၊ ဒါမှမဟုတ် နှစ်ဆင့်လောက်ပဲပိုတဲ့နည်းနဲ့ ချက်ပြုတ်စားသောက်ရင် ကျန်းမာရေးနဲ့ ပိုပြီးညီညွှတ်ပါလိမ့်မယ်။ အထူးသဖြင့် ကလေးတွေ ကြိုက်တဲ့အာလူးကြော်၊ဘီစကစ်၊ပေါင်မုန့်  အစရှိတာတွေကို ညိုအောင် မည်းအောင် မီးဖုတ်တာ ၊ မီးကင်တာ ၊ ဒါမှမဟုတ် အေးလို့ အကြိမ်ကြိမ်ပြန်နွေးတာတွေဟာ လုံးဝရှောင်ကြဉ်သင့်တဲ့ အပြုအမူတွေဖြစ်ပါတယ်ဟု သုတေသီတစ်ဦးကပြောပြသည် ။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ