ငရုတ်ပွစားသုံးခြင်းနှင့် လူသေဆုံးမှုနှုန်း ကျဆင်းခြင်း ဆက်နွယ်နေ


ငရုတ်သီးပွစပ်စပ်စားခြင်းနှင့် လူသေဆုံးမှုနှုန်းကျဆင်းခြင်း ဆက်နွယ်နေသည်ကိုတွေ့ ရှိရကြောင်း အမေရိကန် ပြည်ထောင်စု၊ ဗားမောင့်ပြည်နယ်၊ လာနာဆေးတက္ကသိုလ်မှသုတေသီများက ထုတ်ပြန်ကြေညာလိုက်ပြီး ငရုတ်သီး ပုံမှန် စားသုံးပေးသူများတွင် နှလုံးခုန် ရုတ်တရက် ရပ်တန့် နိုင်ခြေ ကျဆင်းခြင်း ၊ လေဖြတ်နိုင်ခြေနည်းပါးခြင်း အစရှိ သည့် ထူးခြားမှုများ ကိုမြင်တွေ့  ရကြောင်း ပြော ကြားသည် ။ ၄င်းသုတေသီများသည် ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံတွင် လေ့လာဆန်းစစ်မှု တစ်ရပ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ငရုတ် သီး စပ်စပ်စားသုံးသူများနှင့် ငရုတ်သီးကို အတတ်နိုင်ဆုံးရှောင် ကြဉ်သူများအကြား ကွဲပြားခြားနားမှု မည်ရွေ့ မည်မျှ ရှိသည်ကို စူးစမ်လေ့လာခဲ့ခြင်းဖြစ်ကြောင်း ၊ တွေ့ ရှိချက်မှာ ငရုတ်သီးစပ်စပ်စားသုံးသူများတွင် အသက်သေဆုံးနိုင် ခြေ ၁၃ ရာခိုင်နှုန်း လျော့ နည်းခြင်းဖြစ်ကြောင်း သိရသည် ။ ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းတွေကိုလေ့လာကြည့်တဲ့အခါ လူတွေရဲ့  နေထိုင်စားသောက်မှုပုံစံကိုလည်း လေ့လာ ရပါတယ်။ အဲဒီလိုလေ့လာရာမှာ ငရုတ်သီးစား သုံးမှုနဲ့  ကျန်းမာရေးတိုးတက်ကောင်းမွန်မှုနဲ့  ဆက်နွယ်နေတာကို ထူးထူးခြားခြားတွေ့ ခဲ့ရပါတယ်။ ဒါကြောင့် ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံမှာ ကွင်းဆင်းလေ့လာခဲ့ပါတယ် ။

အခုလတ်တလောလေးမှာလည်း အမေရိကန် ပြည်ထောင်စုမှာ လူပေါင်း ၁၆၀၀၀ ထက်မနည်းကို စူးစမ်းလေ့လာခဲ့ပါတယ် ။ သူတို့ ရဲ့  ၂၃ နှစ်ကြာကာလ အတွင်း ဆေးကုသမှု ခံယူခဲ့တဲ့ မှတ်တမ်းတွေ ကို လေ့လာဆန်းစစ်ခဲ့ပါတယ် ။ ထူးခြားစွာပဲ ငရုတ်သီးစပ်စပ်စားသူများဟာ ငရုတ်သီးမစားသူများထက် နှလုံးကျန်းမာရေးပိုကောင်းခြင်း၊ လေဖြတ်နိုင်ခြေနည်းပါးခြင်းနဲ့  အခြားသော ကျန်းမာရေး အကျိုးကျေး ဇူးတွေ အများအပြား ရရှိကြတာကို တွေ့ ရှိရခြင်းဖြစ်ပါတယ် ဟု သုတေသီ တစ်ဦးက ပြောပြသည် ။ ငရုတ်သီးအပွစပ်စပ်လေးတွေကိုပုံမှန်စားသုံးသူတွေက ပိုလည်းနုပျိုတာ ကိုတွေ့ ရပါတယ် ။ သွေးတွင်း ကိုလက်စထရောပါဝင်မှုနှုန်းလည်း နည်းပါတယ် ။

ဒါဟာ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ငရုတ်သီးက ပိုပြီးအားကောင်း စေတာလား ဆိုတော့ အဲဒီလိုလည်း တိုက်ရိုက်မပါတ်သက်ပါဘူး။ စပ်တဲ့အရသာကြောင့် ခန္ဓာကိုယ်ထဲမှာ ထူးခြား တဲ့တုန့် ပြန်မှုတွေဖြစ်လာပြီး ဇီဝကမ္မဖြစ်စဉ်ကို သွယ်ဝိုက်ပြီးတော့ လှုံ့ ဆော်ရာရောက်လို့ ဖြစ်နိုင်ပါတယ်ဟု ၄င်းက ဆက်လက် ရှင်းပြသည် ။ ငရုတ်သီးပွတောင့်များကို ပုံမှန်စားပေးခြင်းဖြင့် အ၀လွန်ခြင်းကို ကာကွယ်နိုင်ခြင်း ၊ သွေးကြော ပိတ်ဆို့ မှုမဖြစ်အောင် ကာကွယ်ပေးခြင်း၊ မိုက်ခရိုဗက်တီးရီးယားများကို ရှင်းလင်း သုတ်သင်ပေးနိုင်သောအစွမ်းကိုမြှင့်တင်ပေးခြင်း အစရှိ သည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ