လူသားနှင့်ရေ (အပိုင်း-၂)


ရေဓာတ်ခမ်းခြောက်ခြင်းကိုဖော်ပြနေတဲ့ လက္ခဏာများ
ရေဓာတ်အလွန်များပြားစွာ ဆုံးရှုံးသွားချိန်မှာ ခန္ဓာကိုယ်က ထိန်းညှိနိုင်မှုမရှိတော့ခြင်း (သို့မဟုတ်) ရေဓာတ် ခမ်းခြောက်လာခြင်းကို ဖြစ်စေပါတယ် ။ အသေးစားရေဓာတ်ခမ်းခြောက်မှုမှ ပြင်းထန်သောရေဓာတ် ခမ်းခြောက်မှု အထိ ရောဂါလက္ခဏာများတွင် ရေဆာလောင်မှု ပိုဆိုးလာခြင်း ၊ ခံတွင်းခြောက်သွေ့ခြင်းနှင့် လျှာရောင်ရမ်းခြင်း ၊ အားနည်းခြင်း ၊ ခေါင်းမူးခြင်း ၊ ရင်တလှပ်လှပ်ဖြစ်ခြင်း ၊ စိတ်အာရုံရှုပ်ထွေးခြင်း ၊ ရင်တုန်ခြင်း ၊ ဆီးပမာဏလျော့နည်းခြင်းတို့ ဖြစ်စေပါတယ် ။ ရေဓာတ်ခမ်းခြောက်မှုနှင့် ကြုံနေရသူ အနေဖြင့် တစ်ရက်ထက် ကျော်၍ အော့အန်ခြင်း ၊ ကိုယ်အပူချိန် ၁၀၁ ဒီဂရီဖာရင်ဟိုက်ထက် ပို၍များခြင်း ၊ နှစ်ရက်ကျော်လွန်သည်အထိ ဝမ်းလျောခြင်း ၊ ကိုယ်အလေးချိန်လျော့ကျခြင်း ၊ ဆီးနည်းခြင်း ၊ အားနည်းခြင်းနှင့် အာရုံရှုပ်ထွေးခြင်းတို့ ကြုံရပါက ဆရာဝန်နဲ့ပြပါ ။ အကယ်၍ ကိုယ်အပူချိန် ၁၀၃ ဒီဂရီ ဖာရင်ဟိုက်ထက်ပို၍ ဖျားနေရင် ခေါင်းကိုက်ခြင်း ၊ တက်ခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ လွန်ခဲ့သော ၁၂ နာရီအတွင်း ဆီးမသွားခြင်းကဲ့သို့ ပြဿနာများကြုံတွေ့ပါက ၎င်းလူနာကို အရေးပေါ်ဌာနသို့ပို့ပေးပါ ။
အောက်ပါလက္ခဏာကြီး (၃) ရပ်ကရေဓာတ်ခမ်းခြောက်ခြင်းကို ထင်သာမြင်သာသိစေနိုင်ပါတယ် ။

ခေါင်းကိုက်ခြင်း
ရေဓာတ်ခမ်းခြောက်ခြင်းနှင့်အတူ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ်နှင့်ပိုတက်ဆီယမ် ဆားဓာတ်များက ဆုံးရှုံး သွားပါတယ် ။ အဲဒီအငန်ဓာတ်တွေ ဆုံးရှုံးခြင်းက သွေးထဲက ဓာတုပစ္စည်းဖွဲ့စည်းမှုကို ကမောက် ကမ ဖြစ်စေပြီး ခေါင်းကိုက်ခြင်းကို ဖြစ်လာစေပါတော့တယ် ။ ရေဓာတ်ခမ်းခြောက် လာလေလေ သွေးဖိ အား ကျဆင်းပြီး ဦးနှောက်သို့ အောက်စီဂျင်ရောက်ရှိမှု နည်းလာလေလေဖြစ်တာကြောင့် ‘ရေဓာတ် ခမ်းခြောက်ခြင်း အစ ခေါင်းကိုက်ခြင်းက’ လို့ သတိရှိပါလေ ။

ဆီးအဝါရောင်သွားခြင်း
အရိုးရှင်းဆုံးနှင့် အလွယ်ဆုံးပြောရရင် ခန္ဓာကိုယ်ထဲမှာ ရေဓာတ်အလုံအလောက်ရှိတဲ့အခါ စွန့်ပစ် အရည်ပစ္စည်းများဟာ လွယ်လွယ်ကူကူထွက်ရှိလာပါတယ် ။ အကယ်၍ ခန္ဓာကိုယ်ထဲ မှာ ရေဓာတ် ခမ်းခြောက် သွားတဲ့အခါမှာတော့ ဇီဝကမ္မဖြစ်စဉ်များ ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ အဖန်တလဲလဲ ခက်ခက်ခဲခဲ ချက်လုပ်ရခြင်းကြောင့် ဆီးကဲ့သို့သော စွန့်ပစ်အရည်ဓာတ်ဟာ ထွက်ရှိမှုပမာဏနည်းလာပြီး ဆီးရဲ့အရောင်မှာ အဝါရောင်(သို့)ပယင်းရောင်ရင့်ရင့်ပြောင်းသွားပါတော့တယ် ။

ဝမ်းချုပ်ခြင်း
ခန္ဓာကိုယ်ရဲ့စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ဝမ်းကလည်း ဆီးလိုပါပဲ ။ ရေဓာတ်ရှိမှသာ အူမကြီးကိုကောင်းစွာ အလုပ်လုပ်စေပြီးတော့ မလိုလားအပ်တဲ့ အစာဟောင်းတွေကို လွယ်လွယ်ကူကူ ခန္ဓာကိုယ်ပြင်ပသို့ စွန့်ထုတ်ပေးပါလိမ့်မယ်။ ဒါကြောင့် ရေဓာတ်ခမ်းခြောက်တဲ့အခါ ဝမ်းချုပ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အရွယ်ရောက်ပြီးသူလူသားတိုင်း သန့်ရှင်းသောသောက်ရေကို တစ်နေ့လျှင် အနည်းဆုံး ၈ ဖန်ခွက်မျှ သောက်သုံးသင့်ပါတယ် ။

ရေသောက်သုံးရန်အသင့်တော်ဆုံးအချိန်
ရေခဲရေနှင့် ရေနွေးတွေကို မဆိုလိုပါ ။ (ရိုးရိုးသောက်ရေသန့်ကိုသာသောက်ပါ။)
တစ်ညတာလုံးငြိမ်သက်နေတဲ့ ခန္ဓာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ရာထတာနဲ့ သောက်ရေ ၂ ခွက်သောက်ပေးရပါမယ် ။ အစာကျေညက်စေဖို့ ထမင်း မစားခင်နာရီဝက်ကြိုတင်၍ ရေတစ်ခွက်သောက်ပေးရပါမယ် ။ လေဖြတ်၊ နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁ ခွက်သောက်ပေးရပါမယ် ။ အိပ်ပျော်နေစဉ် ခြေသ လုံးကြွက်သားတွေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေသောက်ပေးပါ ။

ရေလုံးဝမသောက်သင့်ဆုံးအချိန်
အမေရိကန်ကျန်းမာရေးသုတေသီတွေရဲ့စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုတ်နဲ့ ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံးဖြစ်ကြပါတယ်တဲ့ ။ အကြောင်းအရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ ၊ ရိုးရိုးရေအေးမသောက်ကြဘဲ ရေနွေးဖြူ  ( သို့ ) လက်ဖက်ရည် ကြမ်းပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါပဲ ။ အထူးသဖြင့် ထမင်းစားရင်း ရေခဲရေအေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာ ပါရှိတဲ့အဆီအနှစ်တွေက (ဥပမာပြရရင် ရေခဲရေနဲ့တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ် နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး အစာကောင်းစွာ မချက်ပြုတ် နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ် ။ ဒါ့အပြင် ထမင်းဟင်းပူပူ စားရင်း ရေခဲရေအေးအေးသောက်လိုက် တဲ့အခါများမှာလည်း အပူအအေး တပြိုင်နက်တည်းတွေ့လိုက် တာကြောင့် အစာအိမ်ကို ကသိကအောက် ဖြစ်စေပါတယ် ။ အပူအအေးတန်ပြန်သက်ရောက်မှုက အစာအိမ်အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ် ။ ဒါကြောင့် ထမင်းမနင်အောင် မျှောချကြပါရန်နဲ့ ထမင်းစားပြီး အနည်းဆုံး နာရီဝက်ကျော် ကြာမှ သာ သောက်ရေအေးသောက် ကြပါရန် အမေရိကန်ကျန်းမာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာအကြံပေးဖော်ပြသွားခဲ့ပါတယ် ။ အဲဒီအတွက် ဒီကျန်းမာရေး ဆောင်းပါးကို ဖတ်ရှုပြီးနောက် မိမိကိုယ်ကိုဆင်ခြင်ကြပြီး မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေများအားလုံးကိုလည်း ကျန်းမာရေး အသိပေးမျှဝေပေးခြင်းဖြင့် လူ ၁၀ ယောက်မှာ အနည်းဆုံး ၁ ယောက်၏အသက်ကို ကယ်တင် နိုင် မှာဖြစ်ပါကြောင်း အသိပေးနှိုးဆော်လိုက်ပါတယ် ။

ပေါက်ပေါက်
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ