ဦးနှောက် ပျက်စီးစေသော အကြောင်းရင်းများ


(၁) နံနက်စာ လုံးဝမစားခြင်း။ ညဘက် အနားယူ အိပ်စက်နေသော်လည်း ခန္ဓာကိုယ် ဇီဝကမ္မ ဖြစ်စဉ်က တစ်နေ့တာ စားခဲ့သမျှ အစာအာဟာရများကို ချက်လုပ် သုံးစွဲကာ ၂၄ နာရီပတ်လုံး အလုပ်လုပ်လျက် ရှိပါတယ်။

နံနက် မိုးသောက်ချိန်မှာတော့ စားထားခဲ့သမျှ အာဟာရများလည်း ကုန်ပြီမို့ သွေးထဲမှာ သကြား ပမာဏ ကျဆင်းနေပါပြီ။ ထို့ကြောင့် လိုအပ်ချက်ကို ပြည့်မီအောင် မနက်စာ လုံလောက်အောင် စားဖို့ လိုပါတယ်။ မနက်စာ မစားခြင်းကြောင့် ဦးနှောက်သို့ အာဟာရ မထောက်ပံ့ ပေးနိုင်တော့ဘဲ ဦးနှောက် စွမ်းရည်ကို ကျဆင်း စေပါတယ်။

(၂) လွန်ကဲစွာ စားသောက်ခြင်း။ အလွန်အကျူး စားသောက်ခြင်းက ဦးနှောက် သွေးကြောများကို မာကျော ကျစ်လျစ်စေပြီး အာရုံ စူးစိုက်မှု စွမ်းအင်ကို လျော့ကျ လာစေပါတယ်။

(၃) ဆေးလိပ် သောက်ခြင်း။ ဆေးလိပ် သောက်ခြင်းနဲ့ စီးကရက် မီးခိုးငွေ့ ရှူရှိုက်ခြင်းက ဦးနှောက်ကို ကျုံ့စေပြီး အယ်လ်ဇိုင်းမား ခေါ် ချက်ချင်း မစဉ်းစားနိုင်ခြင်း၊ မေ့တတ်ခြင်း၊ ပီသစွာ စကား မပြောနိုင်ခြင်း စသည့် ဦးနှောက် အကြို ဇရာရောဂါကို ဖြစ်စေပါတယ်။

(၄) အချို စားလွန်းခြင်း။ သကြား သို့မဟုတ် အချိုဓာတ် လွန်ကဲသော အစားအစာများ စားခြင်းက ပရိုတင်းနဲ့ အာဟာရဓာတ်များ စုပ်ယူမှုကို အနှောင့်အယှက် ဖြစ်စေကာ ဦးနှောက်ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေ ပါတယ်။

(၅) လေထု ညစ်ညမ်းခြင်း။ ခန္ဓာကိုယ်ကြီး တစ်ခုလုံး အတွက် အောက်ဆီဂျင် အလိုအပ်ဆုံး နေရာဟာ ဦးနှောက် ဖြစ်ပါတယ်။ မသန့်ရှင်းသော လေကိုသာ ရှူရှိုက်ရခြင်းသည် ဦးနှောက်ထံ အောက်ဆီဂျင် ပြတ်လပ်စေပြီး နောက်ဆုံးမှာတော့ စွမ်းရည်ကို ကျဆင်း လာစေပါတယ်။

(၆) အအိပ်ပျက်ခြင်း။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျခြင်းက ဦးနှောက်ကို အနားပေးခြင်းပါ။ ကာလကြာရှည် လုံလောက်စွာ အိပ်စက်ခွင့် မရခြင်း (ဝါ) အအိပ် ချို့တဲ့ခြင်းက ဦးနှောက်ဆဲလ်များကို ပျက်စီး စေပါတယ်။

(၇) ခေါင်းကို ဖုံးဖိ၍အိပ်ခြင်း။ အိပ်ပျော်နေစဉ် ဦးထုပ် သို့မဟုတ် ခေါင်းကို တစ်ခုခုဖြင့် ဖုံးဖိ၍ အိပ်ခြင်းက မလိုလားအပ်သော ကာဗွန်ဒိုင်အောက်ဆိုက် တိုးပွားလာစေသလို မရှိမဖြစ် လိုအပ်သော အောက်ဆီဂျင် ဓာတ်များ လျော့ကျ သွားစေတဲ့အတွက် ထိုသို့ အိပ်စက်ခြင်းက ဦးနှောက် ထိခိုက် စေပါတယ်။

(၈) နာမကျန်းဖြစ်စဉ် အလွန်အမင်း ဦးနှောက်ကို အသုံးချခြင်း။ နာမကျန်းဖြစ်နေစဉ် အတင်း ဇွတ်မှိတ်ပြီး စာပေ လေ့လာ ကျက်မှတ်ခြင်း သို့မဟုတ် ဦးနှောက် အားစိုက်သုံးရသော အလုပ်များ လုပ်ခြင်းကလည်း ဝန်ပိစေကာ ဦးနှောက် ပျက်စီးစေတဲ့ အကြောင်းရင်း တစ်ရပ်ပါပဲ။

(၉) ဦးနှောက် အသုံးမချခြင်း။ ဓားထက်ထက်ရဖို့ သွေးပေးနေရသလို ဦးနှောက် စွမ်းရည်မြှင့်တင်ဖို့ ဥပမာ-မနေ့က သို့မဟုတ် အတိတ် အကြောင်းကို ပြန်လည် စဉ်းစားခြင်း၊ ဘာသာစကား သင်ကြား ကျက်မှတ်ခြင်း စသည်ဖြင့် ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးနေဖို့ လိုအပ်ပါတယ်။ သို့မဟုတ် ပါက ဆဲလ်များ သေးကျုံ့ပြီး ဦးနှောက် ပျက်စီး လာစေပါတယ်။ ။

မြ၀တီ
https://www.facebook.com/mwdmedia/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ