ကျန်းမာရေးကို ဂရုစိုက်ပါ


လူနာတစ်ဦးမှာ ဖြစ်နေသည့် ရောဂါအပြင် တခြား စိတ်ခံစားချက်ဝေဒနာထပ်တိုး မဖြစ်စေရန် လူနာကို အသိပေးသလို့ ပါ ။

စိတ်ဓာတ်ကျ နေရင် ကျန်းမာရေးကို ပိုဂရုစိုက်ပါ။ စိတ်ဓာတ်ကျပြီး ဖြစ်ချင်ရာဖြစ် ဆိုကာ ပေပေတေတေ နေလိုက်ရင် ကျန်းမာရေး ထိခိုက်ပြီး ပိုမိုစိတ်ဓာတ် ကျနိုင်ပါတယ်။

အတွေးများစွာ တွေးတောရင်း စိတ်ကိုလည်း ထပ်မံအလိုလိုက်မိသည့်အခါ မဖြစ်သင့်သော မိမိအသက်ကိုပါ အန္တရာယ်ပြု မှု့ လုပ်ဆောင်လာတတ်ကြပါတယ် ။

စိတ်ဓာတ်ကျ ခြင်းနဲ့ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါစတဲ့ ကျန်းမာရေး ပြဿနာတွေ အပြန်အလှန် ဆက်စပ်မှု ရှိနေပါတယ်။ လေ့လာမှုအရ ဆီးချို သွေးချို ရောဂါရှိသူတွေ စိတ်ဓာတ်ကျ လွယ်ကြောင်း နဲ့ နှလုံးရောဂါ ရှိသူတွေ စိတ်ဓာတ်ကျရင် နှလုံးရောဂါထခြင်း အဖြစ်များကြောင်း သိရပါတယ်။

လူအများစုဟာ စိတ်ဓာတ်ကျနေရင် ထွက်ပေါက် အနေနဲ့ အရက်သောက် လိုက်တာမျိုး၊ စိတ်ကျကုသဆေး သောက်လိုက်တာမျိုး လုပ်တတ်ကြပါတယ်။ အရက်သောက်တာနဲ့ ကိုယ့်သဘောနဲ့ ကိုယ်ဆေးဝါး သောက်သုံး တာတွေဟာ စိတ်ဓာတ်ကျဝေဒနာကို ပိုမို ဆိုးရွားစေ ပါတယ်။

စိတ်ဓာတ်ကျ နေချိန်မှာ သာမန် အချိန်တွေထက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် နိုင်စွမ်းအား လျော့နည်းတတ်တဲ့ အတွက် အရက်စွဲတာနဲ့ ဆေးစွဲတာတွေ ဖြစ်လွယ်ပါတယ်။

အမျိုးသမီးများအနေဖြင့် စိတ်ဓာတ်ကျနေသည့်အချိန်မှာ ကိုယ့်အသက်ကိုတောင် ရန်ဆောင်ပြု့ မှု့ နိုင်သည့်အတွက် ထိုကဲ့သို့ မဖြစ်ပေါ်စေရန် ကျန်းမာရေးကို ဂရုစိုက်ပြီး အသက်ရာကျော်ရှည်စေရန် တိုက်တွန်းပြောကြားပါရစေ ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ