အသိဥာဏ်မြင့်မားသော အမျိုးသမီးများ မိခင်ဖြစ်နိုင်ချေ နည်းပါး


လေ့လာမှုတစ်ခုမှာ ဖော်ပြထား ချက်အရ အမျိုးသမီးများ အသိဥာဏ် မြင့်မားလေလေမိခင်ဖြစ်နိုင်ဖို့ အခွင့် အလမ်းနည်းပါးလေလေ ဖြစ်တယ်လို့ သိရပါတယ်။
သာမန်ထက် IQ ၁၅မှတ် လောက်ပိုမြင့်တဲ့ အမျိုးသမီးတွေဟာ မိခင်ဖြစ်နိုင်ချေ ၂၅%ပိုနည်းပါး တယ်လို့ လေ့လာမှုကို ဦးဆောင်ခဲ့သူLondon School of Economicsျ မှ သုတေသီ Satoshi Kanazawa က ပြောကြားထားပါတယ်။ ဒီလေ့လာ မှုကို သူမနဲ့အတူ UKကလေးများဖွံဖြိုး မှုအစီအစဉ်မှလည်း ပူးပေါင်းပါဝင်ခဲ့ ပါတယ်။

ဒါဟာ သဘာဝမကျတဲ့ ကိန်း ဂဏန်းဖြစ်မယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် လူသားတွေဟာ အခြား တိရစ္ဆာန်တွေနဲ့ မတူတာကတော့ ကိုယ်ကိုယ်တိုင် ကလေးမရအောင် နေထိုင်နိုင်မှု (voluntary childless ness)ကြောင့်ပဲ ဒီလိုဖြစ်နေတာပါလို့ Dr.Satoshi Kanazawa က ရှင်းပြ ထားပါတယ်။

အသိဥာဏ်မြင့်မားသော အမျိုး သမီးတွေဟာ ကလေးမွေးဖွားမှုဟာ အမျိုးသမီးတွေရဲ့ လုပ်ငန်းတာဝန် သာဖြစ်ပြီး အဲဒီလုပ်ငန်းအတွက် အသက်ရှင်နေတာ မဟုတ်ကြောင်း ကို မသိစိတ်က ဖော်ပြလိုကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် စီးပွားရေးနဲ့ ပညာရေးဟာ မိသားစုတစ်စု တည် ဆောက်ရေးထက် ပိုအရေးကြီးတယ် လို့ IQ မြင့်တဲ့ အမျိုးသမီးတွေက သုံးသပ်ကြတယ်လို့ Dr.Kanazawa က သုံးသပ်ထားပါတယ်။ ဒီကိစ္စဟာ ဖွံဖြိုးပြီးနိုင်ငံတွေမှာ အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်လာနေပြီး လုပ်ငန်း ခွင်မှာ အောင်မြင်နေတဲ့ အမျိုးသမီး တွေဟာ သူမတို့ရဲ့ ဇီဝနာရီ (ရာသီ စက်ဝန်း)ရပ်တဲ့အထိ ကလေးမယူကြ တာဟာ ၁၉၇၀ပြည့်နှစ်များကတည်း က ဖြစ်ပါတယ်။

သန့်စင်
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ