တစ်ဆင့်ခံအရာဝတ္ကများကြောင့် ဆေးလိပ်ငွေ့နှင့်ထိတွေ့ခြင်း


ဆံပင်၊ အရေပြား၊ အ၀တ် အစား၊ နံရံ၊ ကောဇောနှင့် အခြား သောမျက်နှာပြင်များတွင် ဆေးလိပ် မီးငြိမ်းပြီးနောက် တင်ကျန်ရှိနေသော ဆေးလိပ်ငွေ့တွင်ပါဝင်သည့် ဓာတု ပစ္စည်းများနှင့် ထိတွေ့ခြင်းကို Thirdhand smoke(THS) တစ်ဆင့်ခံ အရာဝတ္ထုများကြောင့်ဆေးလိပ်ငွေ့နှင့် ထိတွေ့ခြင်း ဟု ခေါ်ဝေါ်ကြသည် ။ အမေရိကန်တွင် အသက်သုံးနှစ်နှင့် အထက် အရွယ်ကလေးများ ၈၈ မီလီယံ ခန့်သည် ယင်းတို့၏နေအိမ်တွင်Second- hand smoke (ဆေးလိပ်သောက်သူ တို့မှ ရှူထုတ် လိုက်သောဆေးလိပ်ငွေ့ များနှင့် ထိတွေ့ခြင်း) နှင့်Third- hand smoke(THS) တစ်ဆင့်ခံ အရာ ၀တ္ထုများကြောင့် ဆေးလိပ်ငွေ့ နှင့် ထိတွေ့ခြင်းများရှိနေသည်ဟု ခန့်မှန်းကြသည် ။

ဓာတ်ခွဲခန်းအတွင်း THS နှင့်ထိတွေ့ခံရသော ကြွက်များသည် အင်ဆူလင်အား တုံ့ပြန်မှုအားနည်း ခြင်း ( insulin resistance ) ဖြစ်ပွား ရန် သိသာစွာ မြင့်မားကြောင်းကို အခြားသောTHSထိတွေ့မှုသော ကြွက် များနှင့်နှိုင်းယှဉ်ပြီး တွေ့ရှိခဲ့ ကာဆီးချို အမျိုးအစား(၂) ဖြစ်ပွား ရန် အန္တရာယ်ပိုများနေကြောင်း သိရှိ ရပါသည်။ ယင်းတွေ့ရှိချက်သည် ဓာတ်တိုးဖြစ်စဉ်ကြောင့် ဖြစ်ပွားရ သည်ဟုယုံကြည်ထားကာTHS တွင် ဓာတုပစ္စည်းများနှင့်ထိတွေ့ခြင်း ကြောင့် ဆဲလ်များ၏ ဒီအန်အေများ ပျက်ဆီးရခြင်းကြောင့် ဟုသုတေသန
ပညာရှင်များက ပြောကြားလိုက်ပါ သည်။

THSထိတွေ့မှုကြောင့် ပရို တင်းများ၊ အဆီဓာတ်များနှင့် ဒီအန် အေများ ထိခိုက်ပျက်စီးကာသွေးထဲ တွင် လှည့်လည်စီးဆင်းသွားလာနေ သော သကြားဓာတ်များ များပြား လာခြင်းဖြစ်သည်ဟု ဆိုပါသည်။ လူသားတို့တွင်လည်း အလားတူဖြစ် စဉ်များ ဖြစ်နိုင်သည်ကို အတည်ပြု စမ်းသပ်တွေ့ရှိခဲ့ပါက ယခုတွေ့ရှိ ချက်တွေက ပတ်ဝန်းကျင်မှ အဆိပ် အတောက်များနှင့်ထိတွေ့မှု အထူး သဖြင့် ကလေးတွေ၊ သက်ကြီး ရွယ်အိုတွေ နဲ့ ဆေးလိပ်ငွေ့ မကင်းတဲ့ သဘာဝပတ်ဝန်းကျင်မှာ လုပ်ကိုင် နေရတဲ့ ၀န်ထမ်းတွေ ဆေး လိပ်ငွေ့တွေ နဲ့ ထိတွေ့နေရမှု နဲ့ပက်သက်ပြီး ပြည်သူလူထုတွေရဲ့ အပြင်အပေါ် ကြီးကြီးမားမား သက်ရောက် လာနိုင်ဖွယ်ရှိနေပါသည်လို့ သုတေသနပညာရှင်များက ကောက်ချက်ချပြော
ကြားခဲ့ပါသည် ။

Dr A.Z
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ