Dislocation of jaw မေးရိုးဆစ်လွဲခြင်း



မင်္ဂလာပါဆရာ ။ အသက် ၂၁ နှစ်ရှိပြီ။ (အမျိုးသမီး) လွန်ခဲ့တဲ့ ၂ လက အစားစားနေရင်း အံတင်သွားပါတယ် ။ Voltex Spray ဖြန်းပြီး နှိပ်လိုက်တာ ပျောက်သွားပါတယ် ။ အခု နှစ်ရက်ဆက်တိုက် တပုံစံတည်း ဖြစ်သွားတဲ့အတွက် အရိုးအကြောဆရာဝန်နဲ့ပြသဖို့ လိုပါသလားရှင့် ။

မေးရိုးအဆစ်လွဲတာကို ပြင်တတ်ပါသလား ။ ပြင်ပေးမယ့်သူက ဖြစ်တဲ့သူရဲ့နောက်ကနေရမယ် ။ ဖြစ်တဲ့သူကို ပါးစပ် ဟထားခိုင်းပါ ။ ပြုပြင်ပေးသူက လက်မနှစ်ချောင်း ထောင်ပြီး လက်မကို လူနာရဲ့ အောက်မေးရိုး၊ အောက်အံသွားတွေပေါ်မှာ တင်ပါ ။ လက်မတွေကို အောက်ဖိချရင်း လူနာရဲ့နောက် (လုပ်ပေးသူဖက်) ကို တွန်းပေးပါ။ လွဲနေတဲ့အဆစ် ပြန်တည့်ဝင်သွားပါမယ်။ လူနာရဲ့ရှေ့ကနေလည်း လုပ်လို့ရပါတယ် ။

လူနာမှာ သွေးနဲ့ သွားရည်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတခုခု ရှိ မရှိ မေးပါ ။ လက်မတွေကို လက်အိတ်ရှိရင်သုံးပါ ။ မရှိရင် လက်ကိုင်ပုဝါသန့်သန့်နဲ့ ပလပ်စတစ် သုံးပါ ။ ထုံဆေး မလိုပါ ။ ပြန်ဖြစ်တတ်တယ် ။ ပြန်လုပ်ပေးပါ ။ စားနေရင်း လွဲတတ်တယ် ။ သန်းဝေရင်းလည်းဖြစ်တတ်တယ် ။ မပျင်းနဲ့။ ရီလွန်းရင်လည်း လွဲတတ်တယ်။ သိပ်မရီနဲ့ ။ Smile!


ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ