ပျော်ရွှင်မှုကို ငွေပေးဝယ်လို့ရသလား


သုတေသနတစ်ခုမှာ ပျော်ရွှင်မှု ကိုဝယ်ယူနိုင်တယ်လို့ ဖော်ပြထားပါ တယ်။ ဟားဗတ်တက္ကသိုလ်မှ သုတေ သီတစ်ဦးဖြစ်တဲ့ ပါမောက္ခ Dr.Michael Norton က "တီဗွီအစီ အစဉ်တွေ၊ အဝတ်အစားအသစ်တွေ က
ပျော်ရွှင်စေတာမဟုတ်ပါဘူး ။ အတွေ့အကြုံသစ်တွေကို ဝယ်ယူခြင်း ကသာ ပျော်ရွှင်စေနိုင်မှာပါ" လို့ပြော ကြားထားပါတယ်။

လူမှုဆက်ဆံရေးမှာ ပေါင်းသင်း ဆက်နွှယ်မှုတွေဟာ လူသားတွေကို ပျော်ရွှင်မှုရယ်၊ စိတ်ကျေနပ်မှုနဲ့ အသက်ရှည်မှုကို ပေးစွမ်းနိုင်ပါတယ်။ ပျော်ရွှင်မှုကိုရရှိစေဖို့ရာစနေ၊ တနင်္ဂ နွေလို ရုံးပိတ်ရက်တွေမှာ
ဥယျာဉ် ပြုစုခြင်း ၊ ဇနီးမောင်နှံများ ရက်ကတ် ဘောကစားခြင်း (racquet ballsျူ) တွေဟာ သင့်တော်ကြောင်း ၊ မိမိ ကိုယ်တိုင်ပျော်ရွှင်ရသော နည်းလမ်း ကို ဘဝလက်တွဲဖော်နှင့် မျှဝေ လုပ် ဆောင်ခြင်ဟာ အသက်ရှည်စေရန် ၊ ပျော်ရွင်ရန်အတွက် ရင်းနှီးမြုပ်နှံမှု ပြုလုပ်ခြင်း များပင် ဖြစ်ကြောင်း University of Zurich၊ စိတ် ကျန်းမာရေးအထူးကုဌာနမှ ပါမော Dr.Willibald Ruch က ပြော ကြားခဲ့ပါတယ်။

ရုံးတက်သူတွေမှာ စက်ဘီးစီး ခြင်း၊လမ်းလျှောက်ခြင်းများဖြင့် သွား သူတွေဟာ ဘတ်စ်ကားနဲ့ ကိုယ်ပိုင် ကားတွေနဲ့ သွားသူတွေထက်စာရင် ပိုပြီးပျော်ရွှင်ရကြောင်း ပေါ့တလန် (Portland) ကလူဦးရေ ၈၀ဝကျော် ကို၂၀၁၂ခုနှစ်မှာ စစ်တမ်းကောက်ယူ မှုအရ သက်သေပြနိုင်ခဲ့ပါတယ် ။ ဒါဟာစိတ်ဖိစီးမှုနဲ့ စိတ်ရှုပ်စေတဲ့အခါ မှာ ပျော်ရွှင်မှုနဲ့ဆိုင်တဲ့ အင်ဒေါ်ဖင် (endorphin)ဟော်မုန်းတွေ ထွက် တာ
နည်းလို့ပဲဖြစ်ပါတယ်။

ပြုံးရွှင်စွာ နေထိုင်ခြင်းဟာ လည်းအသက်ရှည်စေတဲ့နည်းလမ်း ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး အဲလို နေထိုင်သင့်ပေမယ့် ၂၄/၇လို အမေ ရိကန်ပြည်ထောင်စုအတွက် ဝမ်း နည်းရတဲ့နေ့မျိုးမှာ မပျော်ရွှင်တာကတော့ သဘာဝကျပါတယ်လို့ Dr.Willibald Ruch က သုံးသပ်ထား ပါတယ်။

သန့်စင်
 Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ