ကိုယ်ဝန်ဆောင်စဉ် ယာဉ်သွားယာဉ်လာရှုပ်ထွေးသောအရပ်၌ နေထိုင်ပါက ကလေးတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရနိုင်ချေပိုများ


မက်ဆာချူးဆက် အထွေထွေ ဆေးရုံကြီးနှင့်ဘော့စတွန်ရှိ Beth Israel Deaconess ဆေးပညာ ဗဟိုမှ ပူးပေါင်းလေ့လာမှုတစ်ခုအရ ကိုယ်ဝန်ဆောင်စဉ်တွင် ယာဉ်သွား ယာဉ်လာများသော လမ်းမများနှင့်

နီးကပ်သည့်နေအိမ်များတွင် နေထိုင် ပါက ကလေးမွေးပြီးနောက်တွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါကူးစက်ခံရမှု ပိုမိုမြင့်တက်စေ ကြောင်း သိရသည်။ လေ့လာမှုတွင် ကလေးနှင့်မိခင်အတွဲ ၁၂၇၁ တွဲပါ

ဝင်ခဲ့ပြီး ရလဒ်များအရ ယာဉ်သွား ယာဉ်လာများသော လမ်းမများနှင့် မီတာ ၁၀ဝထက် ပိုနီးသော နေအိမ်တွင်နေသည့်မိခင်နှင့် ကလေး များတွင် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါဖြစ်ပွားမှုနှုန်း ၁.၇၉ ဆနှင့်မီတာ

၁၀ဝနှင့် ၂၀ဝကြားတွင် နေထိုင်သူများက ၁.၄၉ ဆပို၍ လမ်းမတန်းနှင့် ဝေးသော အရပ် တွင်နေသည့်မိခင် နှင့်ကလေးများ ထက် များကြောင်းသိရသည်။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ