အကောင်းမြင်ခြင်းရဲ့ စွမ်းအား


အကောင်းမြင်ခြင်းသည် သင့်ရဲ့ကျန်းမာရေးကို ပိုကောင်းစေပါတယ်။ အကောင်းမြင်ခြင်းက ရင်သား ကင်ဆာ ဖြစ်ပွားနိုင်တဲ့ အန္တရာယ်မှ ၄ ပုံ ၁ ပုံလျှော့ချနိုင်ပါတယ်လို့ လေ့လာချက် အသစ်တစ်ခု အရ ပြသနိုင် ခဲ့ပါတယ် ။ အစ္စရေး သုတေသီများဟာ ရင်သားကင်ဆာ ဖြစ်ပွားခံစားနေရတဲ့ အမျိုးသမီးများ အုပ်စုတစ်စုအား သူတို့ရဲ့ စိတ်သဘောထားနှင့် ဘဝမှာ ဖြစ်ပျက်မှုတွေကို မေးခွန်းများ ဖြေဆိုခိုင်းခဲ့သလို၊ ကျန်းမာတဲ့(ရင်သားကင်ဆာ မဖြစ်တဲ့) အမျိုးသမီး တစ်အုပ်စုအားလည်း စိတ်သဘောထားနှင့် ဘဝ အဖြစ်အပျက်တွေကို မေးခဲ့ပြီး နှိုင်းယှဉ်ကြည့်ရာ ......

ကင်ဆာဖြစ်နေတဲ့ အမျိုးသမီးတွေမှာ စိတ်ထိခိုက်သော အဖြစ်အပျက်များ၊ ဥပမာ-လင်မယားကွဲခြင်း သို့မဟုတ် မိဘဆုံးရှုံးခြင်း၊ မိဘနှင့်အတူ နေခွင့်မရခြင်း ရှိသူများဖြစ်ကာ ၆၀ ရာခိုင်နှုန်းခန့် ရင်သား ကင်ဆာ ဖြစ်နိုင်တဲ့ အန္တရာယ် ပိုများတာကို တွေ့ခဲ့ရပါတယ်။ သို့ရာတွင် အကောင်းမြင်သည်ဖြစ်စေ၊ အဆိုးမြင်သည်ဖြစ်စေ ရင်သားကင်ဆာ ဖြစ်နိုင်တယ်လို့တော့ အတိအကျ ရှင်းလင်း ပြတ်သားတဲ့ သက်သေပြချက်တော့ မရှိဘူးလို့ ဆိုပါတယ်။ “စိတ်ဖိစီးမှုများခြင်းသည် ခံစားချက်မြင့်မားလို့ ဖြစ်ပြီး ခန့်မှန်းရန် ခက်ခဲပါတယ်” လို့ ဒေါက်တာဆာရာ (Break through Breast Cancer) က ပြောကြားခဲ့ပါတယ် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ