မိုးမိလာခဲ့လျှင်


(၁)မိုးရေကို တိုက်ရိုက်မမိစေဖို့ ထီး၊ ခေါင်းစွပ်မိုးကာ၊ မိုးစီး ဖိနပ် တို့ကို ဝတ်ရဆောင်းရပါမည်။

(၂)ဗီတာမင်စီသည် အအေးမိခြင်း ကို ကာကွယ်ပေးနိုင်ပြီး ခန္ဓာကိုယ် ၏ရောဂါကာကွယ်သောပဋိပစ္စည်း က အအေးမိရောဂါကူးစက်မှုများ ကို တွန်းလှန်ပေးနိုင်သည်။

(၃)ဆေးလိပ်သောက်ခြင်းကို ရပ် တန့်ပစ်ပါ။ သို့မဟုတ် လျှော့သောက် ပါ။ ဆေးလိပ်ငွေ့သည် အသက်ရှုစနစ် အတွက် အားယုတ်စေသည်။သို့ဖြစ် ၍ မိုးမိသောနေ့များတွင် ဆေးလိပ်ကို ရှောင်ကြဉ်သင့်သည်။

(၄)မိုးမိလာလျှင် ရေချိုးပစ်ပါ။ ခန္ဓာ ကိုယ်မိုးရေများ အလိုလို ခြောက် သွားခြင်းသည် အနည်းဆုံးကိုယ် လက်ကိုက်ခဲမှုကို ဖြစ်စေသည်။ ရေချိုးခြင်းက အအေးဒဏ်ကို ပြေ လျော့စေသည်။

(၅)ရုတ်တရက်မိုးမိလျှင် ထီးကို နီး စပ်ရာမှာ ဝယ်ပါ။ သို့မဟုတ် ဈေး သက်သာသောခေါင်းဆောင်းတစ်ခု ကို ဝယ်ယူအသုံးပြုပါ။ အအေးမိ ကာကွယ်ဆေးများ ကြိုတင်ယူ ဆောင်လာခြင်းဖြင့်လည်း မိမိသွား

မည့်နေရာသို့ စိတ်ချလက်ချ ခရီး ဆက်နိုင်မည်။

(၆)အအေးမိလက္ခဏာရှိလာပါက အိမ်တွင်းကိုယ်လက်လေ့ကျင့်ခန်းကို ပြုလုပ်ပါ။ ချွေးထွက် ၍ ရောဂါသက် သာစေပါမည်။
(၇)မိုးတွင်းကာလတွင် စွတ်ပြုတ် ရည်၊ ရေနွေးပူပူကိုမကြာခဏ သောက် သုံးခြင်းဖြင့် အနွေးဓာတ်ကိုရရှိပြီး မိုးဒဏ်ကို ကြံ့ကြံ့ခံနိုင်ပါမည်။

ဒေါန
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ