သတိချပ်စွာ လုပ်ဆောင်ပါ


(၁) ရေကို ပုံမှန်သောက်သုံးသင့်

ဥတုကသည်ဆောင်းအချိန်မှာအေးလိုက်တာ ချမ်းလိုက်တာဆိုပြီး အများအားဖြင့် လူတော်တော် များများ ရေသောက်ခြင်း အလွန်နည်းတက်ကြပါတယ် ။ ရေကို ပုံမှန်အနေထားဖြင့် သောက်သုံးပေး သင့်ပါသည် ။ အေးလည်းအေးတော့ ရေဆာလောင်မှု့ မဖြစ်ပေမဲ့ သတိထားခါ ရေကိုသောက်ပေးပါ ။ ဥတုအေးပေမဲ့ ရေသောက်မနည်းသင့်သလို ဆောင်းလချိန်ခါ တစ်နေ့တာအတွက် ၃ လီတာခန့် သောက်သုံးသင့်ပါသည် ။ ရေသောက်နည်းခြင်းကြောင့် အသားရေခြောက်ခါ ယားယံမှုများပိုမို အဖြစ်များ ဖြစ်တက်ပါသည် ။

(၂ ) အအေးပတ်တက်သည်

ကျန်းမာရေးအတွက် စောစောထလို့ လမ်းလျှောက်ကြသူများ အနေဖြင့် ဥတုအနေအထားအရ အအေးလွန်ကဲနေပါက အအေးပတ်တက်ခြင်း ၊ နှာစေး ပြီး လည်ပင်းနာတက်ခြင်း အအေးပတ်သွေးတိုးပြီး နားထင်ကြောများတင်းခါ လေးလံမှု့များ ဖြစ်တက်ပါသည်။ နားစည်ရောင်ပါက မူးဝေ မူးနောက်ခြင်းပါ ခံစားရနိုင်ပါသည် ။
အလွန်စောစွာ လမ်းလျှောက်ချိန်ခါ အအေးပတ်ခြင်း ဖြစ်တက်သည့်အတွက် စောစွာလမ်းလျှောက်ကြသူများ အသိတစ်ခုအနေဖြင့် သိထားသင့်ပါသည်။

(၃) စားသုံးပေးပါ

ဌက်ပျော်သီး ၊ကန်စွန်းဥ ၊ ပဲအမျိုးမျိုး ။ ပဲနီလေး ၊ ငါး အစရှိသည်တို့ကို ခန္ဓာကိုယ်အတွက် ပရိုတိန်းဓာတ်များပြည့်မိအောင် စားသင့်သလို လက်ဆတ်သော အသီးအရွက်များပါ ပိုမို စားသောက်ကြပါ ။ မိမိ၏ကိုယ်ခံအားစနစ်ကောင်းမွန်စေသည့် ဗီတာမင် စီ ဓာတ်များသော အသီးအနှံများလည်း စားသောက် သင့်ပါသည် ။ ဥတုအအေးဓာတ်ကြောင့် ကိုယ်တွင်း အပူကျဆင်းနေတက်သဖြင့် အစာမကြေ ရင်ပြည့် ရင်ကယ် ဖြစ်စေနိုင်သောကြောင့် အစာကြေမလွယ်သည့် အစားသောက်ကို လျော့ခါ စားသုံးသင့်ပါသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ