အထိုင်များသောအလုပ်လုပ်ရသူများအတွက် ဗိုက်အဆီစုခြင်း၊ ညောင်းညာကိုက်ခဲခြင်းကို သက်သာစေရန်


(၁) ကွန်ပျူတာရှေ့သို့မဟုတ် မိမိအလုပ်စားပွဲတွင် အထိုင်များသူများအဖို့ အလုပ်လုပ်ရင်း စားတတ်သော အားမဖြစ်စေသည့် အပိုစားသောက်တတ်သော မုန့်ပဲ သရေစာများအစား သစ်သီးကို အစားထိုးပါ။

(၂)ကွန်ပျူတာရှေ့တွင် လက်ချောင်းနှင့်လက်များသာ လှုပ်ရှားနေရပြီး ခန္ဓာကိုယ်က ခပ်အိအိထိုင်နေတတ် ကြသည်။ သို့ဖြစ်၍ ခြေထောက်ကြားတွင် လေ့ကျင့်ခန်း ဆေးဘောလုံးကိုဖြစ်စေ၊ စာအုပ်ထူထူ (၁)အုပ်ကိုဖြစ်စေ ထားပါ။ တစ်နာရီ တစ်ကြိမ် ခြေထောက်ကို (၁၀)ကြိမ်မှ (၂၀)ကြိမ်ဆန့်ထုတ်ပေး ပါ။
ဤသို့ဖြင့် ဝမ်းဗိုက်အောက်ပိုင်း ကို လှုပ်ရှားစေပြီး ကယ်လိုရီအနည်းငယ်ကို လျှော့စေ သည်။ နည်းနည်းချင်းလျော့သွားသော ကယ်လိုရီများ ပေါင်းစုပြီး လောင်ကျွမ်းသွားစေသည်။

(၃)တစ်နာရီ (၁)ကြိမ် ရေ (၁)ဖန်ခွက်သောက်ပါ။ ရေဓာတ်ရရှိပြီး အစာချေစနစ် အတွက် ကောင်းမွန် စေသည်။

(၄)ခုံနှင့်ဆက်မထိုင်ဘဲ လေ့ကျင့် ခန်းသုံးဘောလုံးပေါ်တွင် ထိုင်ပါ။ ကိုယ်ကို ထိုင်ရင်း ရှေ့နောက်ဘေး လှုပ်ရှားပေး ခြင်းဖြင့် အဆီစုခြင်းကို လျှော့ချပေးသည်။ ထို့အပြင် နောက်ကျောတောင့်ခြင်း၊ ညောင်းခြင်းကို သက်သာစေ သည်။

(၅)အလေးသေးသေး(၂)ခုကို အလုပ်လုပ်သည့်နေရာ နားတွင်ထား၍ ညောင်းညာကြွက်သား တင်းတောင့်လာ လျှင် လက်မောင်းလေ့ကျင့်ခန်းလုပ်ပေးပါ။

(၆)နေ့လည်စာထမင်းဘူးကို ထမင်းအစား ဟင်းသီး ဟင်းရွက်ဟင်းကို အသားနှင့်ချက်ထားသော ဟင်းကို လည်းကောင်း၊ သစ်သီးများကို လည်းကောင်း၊ ဟင်းရွက် သုတ်ကို လည်းကောင်း အစားထိုးယူဆောင်စားသုံးပါ။

ထူး
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ