ခေါင်းကိုက်နေပြီလား


(၁) အကူအညီရယူပါ
နှစ်စဉ်ကမ္ဘာ့လူဦးရေ၏ (၄၇) ရာခိုင်နှုန်းခန့် ခေါင်းကိုက်ဝေဒနာခံစားရလေ့ရှိသည်။ အမေရိကန်နှင့် ဗြိတိန် နိုင်ငံတို့တွင် ခေါင်းကိုက်ဝေဒနာ ခံစား ရသူတို့၏ ထက်ဝက်ခန့်သာ ဆေးကုသ မှု ခံယူလေ့ရှိကြသည်။

(၂) ချောကလက်စားလျှင်သတိရှိပါ
ချောကလက်တွင် ပါဝင်သော ပစ္စည်းများသည်အချို့လူများ၌ ခေါင်း ကိုက်ဝေဒနာ ဖြစ်စေတတ်သည်။ခေါင်းကိုက်နေလျှင် ရက်သတ္တပတ် နှစ်ပတ်ခန့်ရှောင်ကြည့်ပါ။ ထို့နောက် နည်းနည်းစီပြန်စားကြည့်ပါ။ ခေါင်း ကိုက်လာလျှင် ချောကလက်နှင့် မတည့် ဟု ယူဆနိုင်သည်။

(၃) အရက်လျှော့သောက်ပါ
အရက်ကြောင့် သွေးကြောများ ကျယ်စေပြီး ခေါင်းအလွန်ကိုက်စေ သည်။
(၄) စိတ်ဖိစီးမှုလျှော့ပါ
တရားမှတ်ခြင်း၊ အိပ်မွေ့ချခြင်း၊ ယောဂကျင့်ခြင်း စသည့်နည်းလမ်း တစ်ခုခုဖြင့် စိတ်ဖိစီးမှုလျှော့ခြင်းဖြင့် လည်းခေါင်းကိုက်သက်သာစေ သည်။

(၅) ဓမ္မတာချိန်အတွက်ပြင်ဆင်ထားပါ
ဓမ္မတာလာချိန်တွင် မြင့်တက် လာတတ်သည့် ဟော်မုန်းများ ကြောင့် ခေါင်းကိုက်ဝေဒနာ ဖြစ် တတ်သည်။ သားဖွားမီးယပ်ဆရာ ဝန်နှင့်တိုင်ပင်၍ ကုသမှုခံယူပါ။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ