ပင်စိမ်းရွက် (basil)၏ ကျန်းမာရေးအာနိသင်


ပင်စိမ်းရွက်ဆိုတာ ဟင်းလျာ များရဲ့ ရနံ့ကောင်းမွန်စေဖို့ အသုံးပြု သလို ဟိန္ဒူရိုးရာ တိုင်းရင်းဆေးရွက် တစ်မျိုးလည်း ဖြစ်ပါတယ် ။ ယဉ်ကျေး မှုနဲ့ ဘာသာရေးဆိုင်ရာ တန်ဖိုး တွေအပြင် ကျန်းမာရေး အာနိသင်လဲ ကြွယ်ဝစွာပါဝင်နေတဲ့ အရွက်တစ်မျိုး ပါ ။ အာယုဗေဒ ဆေးပညာရှင်များ ကဆေးရွက်များရဲ့ ဘုရင်မ (Queen of Herbs)လို့ ခေါ်ဆိုကြပါတယ် ။

ပင်စိမ်းရွက်အရည်ဟာ အဖျား ကျစေနိုင်ပါတယ် ။ ငှက်ဖျားရောဂါ အတွက်အသုံးပြုတဲ့ဆေးဝါးတွေမှာ ထည့်သွင်းကြပါတယ် ။ နောက်ပြီးပင် စိမ်းဟာ တိုင်းရင်းဆေး ပညာရှင်တွေဖော်စပ်တဲ့   ချောင်းဆိုးပျောက်ဆေး တွေမှာ အရေးကြီးတဲ့ ပါဝင်ပစ္စည်း ပဲဖြစ်ပါတယ် ။ လြွေပန်ရောင်ခြင်းနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကိုသက်သာစေပါတယ်။ ချွဲသလိပ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ပင်စိမ်းရွက်ကို ဝါးစားခြင်းဟာ အအေးမိတုပ်ကွေးကို သက်သာစေ ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းတွေကို သက်သာစေပါ တယ်။
ပင်စိမ်းဟာ စိတ်ဖိစီးမှုကို သက် သာစေပါတယ်။ သူရဲ့ရနံ့ကြောင့်လဲ အဓိကလျော့ပါးစေတာ ဖြစ်ပါတယ်။
ပင်စိမ်းအရည်ဟာ သံကျစေနိုင်ပြီးအရေပြားအနာကိုလည်း လျော့ကျ စေနိုင်ပါတယ်။ ကျောက်ကပ် ကျောက် တည်ခြင်းကိုလည်း လျော့ပါးစေနိုင် ပါတယ်။

ပင်စိမ်းရွက်မှာ ခုခံအား၊ မှတ် ဥာဏ်တွေကို မြှင့်တင်ပေးနိုင်ပြီး အရွယ်တင်နုပျိုစေနိုင်ပါတယ်။ ဒါကြောင့် အိန္ဒိယအမျိုးသားတွေဟာ ပင်စိမ်းရနံ့ လက်ဖက်ရည်တွေကို သောက်သုံးလေ့ရှိတာပါ။
ခံတွင်းကျန်းမာရေးနဲ့ သွားဖုံး ကြံ့ခိုင်မှုအတွက်လည်း ပင်စိမ်းရွက် မှာ အာနိသင်ရှိပါတယ်။ ပင်စိမ်းမှာ ပါဝင်တဲ့ နကါနညသူဆိုတဲ့ ဓာတ်တိုး ဆန့်ကျင်အာနိသင်ဟာ ဆီးချို သွေးချို ရောဂါကိုကာကွယ်နိုင်တယ်လို့ သိရ ပါတယ်။

သက်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ