စွမ်းအားဖြည့် အချိုရည်များကြောင့် အားကစားသမားများ အိပ်မပျော်ခြင်းနှင့် တုန်လှုပ်ချောက်ချားခြင်းတို့ဖြစ်ပေါ်နိုင်


အားကစားသမားများ၌ စွမ်းအားဖြည့် အချိုရည်များကြောင့် ကောင်းကျိုး၊ ဆိုးကျိုးဖြစ်ပေါ်မှုကို လေ့လာသည့် သုတေသနတစ်ခုအရ အားဖြည့်အချိုရည်များသည် အိပ် မပျော်သည့် အကြိမ်ရေများပြားလာ စေခြင်း၊ တုန်လှုပ်ချောက်ချားခြင်း၊ အားကစားပြိုင်ပွဲ ပြီးသည့်နောက်ပိုင်း တွင်လည်း နိုးကြားမှုလွန်ကဲနေခြင်း စသည့်ဆိုးကျိုးများ ဖြစ်ပေါ်စေ ကြောင်း သိရသည်။

အားဖြည့် အချိုရည်များတွင် အားကစားစွမ်းဆောင်ရည်ကို (၃)ရာ ခိုင်နှုန်းမှ (၇)ရာခိုင်နှုန်းသို့ တိုးမြှင့်စေ သည့် ကောင်းကျိုးကိုလည်း လေ့လာ တွေ့ရှိရသည် ။ အားကစားသမားများ၏ (၅၀) ရာခိုင်နှုန်းနှင့် အထက်မှာ အားကစား ပွဲမစမီဖြစ်စေ ၊ လေ့ကျင့်ခန်းဆင်းနေ စဉ်ဖြစ်စေ အားဖြည့် အချိုရည်များ သောက်သုံးလေ့ရှိကြသည် ။ Camilo Jose Cela University မှ သုတေ သနအဖွဲ့၏ လေးနှစ်ကြာလေ့လာမှု တွင် ထိပ်တန်းဘောလုံးသမားများ ၊ တောင်တက်သမားများ ၊ ရေကူးသမား များ ၊ ဘတ်စကက်ဘော ကစားသမား များ၊ ရဂ်ဘီ၊ ဘောလီဘော၊ တင်းနစ် နှင့် ဟော်ကီ ကစားသမားများကို အားကစားပွဲမစတင်မီ အားဖြည့် အချိုရည်သုံးဘူးဖြစ်စေ၊ အာနိသင်မဲ့ အချိုရည်သုံးဘူးဖြစ်စေ တိုက်ကျွေး ၍ လေ့လာခဲ့သည်။ ထို့နောက် အား ကစားပွဲတွင်း စွမ်းဆောင်ရည်ကွိုဏှ စက်များအသုံးပြု၍ ရွေ့လျား သည့်အကွာအဝေး၊ အမြန်နှုန်းစသည် တို့ကို တိုင်းတာခဲ့သည်။

အားဖြည့် အချိုရည်သောက် ထားသူ အားကစားသမားများသည် အာနိသင်မဲ့အချိုရည် သောက်ထား သူများထက် ခွန်အားပိုမိုပြည့်ဝခြင်း၊ အကြမ်းခံနိုင်ခြင်း စသည်တို့ကို တွေ့ ရှိရသော်လည်း အိပ်မပျော်ခြင်း ၊ ချောက်ချားခြင်း၊ နိုးကြားမှုလွန်ကဲ ခြင်းတို့ကိုလည်း ခံစားရသည်ကို တွေ့ရသည်။
အားဖြည့် အချိုရည်များတွင် ကာဗိုဟိုက်ဒရိတ်၊ ကဖင်း၊ တော်ရင်း နှင့် ဗိုက်တာမင်ဘီများ အဓိကပါဝင် ပြီး အထင်ကရ အချိုရည်အမှတ် တံဆိပ်အချင်းချင်း ကွာခြားမှုကြီး ကြီးမားမားမရှိပေ ။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ