ကိုယ်ဝန်ဆောင်စဉ် ပြဿနာကြုံခဲ့ဖူးလျှင် အနာဂတ်ကိုယ်ဝန်၌ ပြဿနာ ကြုံရနိုင်ခြေပိုများ


လေ့လာမှုအသစ်အရ ဘ၀ သက်တမ်းတစ်လျှောက်တွင် ကိုယ် ၀န်ဆောင်စဉ် တစ်စုံတစ်ရာပြဿနာ ကြုံဖူးပါက နောက်ယူမည်ကိုယ်ဝန် များတွင် ခွဲမွေးရခြင်း၊ အချင်း၌ ပြဿနာဖြစ်ခြင်း ၊ မွေးချင်လာရန် လှုံ့ဆော်ရခြင်း စသည့် အနှောက် အယှက်ကြုံရနိုင်ခြေ ၃၀% ပိုများ ကြောင်း သိရသည်။

 လေ့လာသူများ က အစ္စရေးရှိ Robin Medical Center တွင် ကလေးမီးဖွားခဲ့သော မိခင်များ၏မှတ်တမ်းများအား ခွဲခြား စီစစ်ခဲ့ခြင်း ဖြစ်သည် ။ လေ့လာသူ အဖွဲ့ခေါင်းဆောင် Tel Aviv University မှ Dr. Liran Hiersch က အမျိုးသမီးများအိမ်ထောင်သား မွေးပြုနိုင်သောအရွယ်တွင် တစ်ကြိမ်တစ်ခါကိုယ်ဝန်ပျက်ကျခြင်း ကြုံဆုံ ရန်မှာ ရှားပါးသောပြဿနာတစ်ခု မဟုတ်ေ ပ။ ပြဿနာအများစုက လည်း ကိုယ်ဝန်အပေါ်တွင် သက် ရောက်မှုရှိသော်လည်း အနာဂတ် ကိုယ်ဝန်ရမှု ၊ မရမှုအပေါ် သက် ရောက်မှုမရှိ}} ဟု ပြောကြားခဲ့သည်။

 ယခုလေ့လာမှုမှာ ပထမဆုံးအကြိမ် အဖြစ် ကလေးမမွေးမီ မိခင်၏သန္ဓေ အောင်မှု ရာဇ၀င် အား နောက် ကြောင်းပြန်လေ့လာမှု ဖြစ်လေသည် ။ တွေ့ရှိချက်အရ မကြာခဏကိုယ်ဝန် ဖျက်ချခြင်း၊ ပျက်ကျခြင်းများကြုံရ သည့် အမျိုးသမီးများက အနာဂတ် ကိုယ်ဝန်ဆောင် ကာလများ တွင် နောက်ဆက်တွဲ ရှုပ်ထွေးမှုများစွာ ကြုံ ရနိုင်လေသည် ။ ယခုတွေ့ရှိမှုအသစ် က သားဖွားမီးယပ်ပညာရှင်များအား မည်သည့် ကိုယ်ဝန်ဆောင်များက မည်သည့်ရလဒ်များဖြစ်လာနိုင်သည် ကို ကြိုတင်ဆွေးနွေးပြောပြရာ၌ ကူညီနိုင်ရန် ရည်ရွယ်လေသည်။ ယခင်ကိုယ်ဝန်ပျက်ကျဖူးခြင်း ၊ ဖျက် ချဖူးခြင်းကြုံဖူးသော ကိုယ်ဝန်ဆောင် များတွင် တွေ့ရ များသောပြဿနာ များမှာ (၁) ကိုယ်ဝန်သက်နုစဉ် သွေးဆင်းခြင်း (၂) လမစေ့မီမွေးခြင်း (၃) ကလေးမွေးစဉ်ပေါင်မပြည့်ခြင်း (၄) အချင်းနှင့်ဆက်စပ်ပြဿနာများ ကြုံရခြင်းတို့ ဖြစ်သည် ။

ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ