နိုကိုဥ (Beet) ၏ ကောင်းကျိုးနှင့် ဆိုးကျိုး ကောင်းကျိုး


ပါဝင်သော Fibre ကြောင့် မကောင်းသောအဆီ LDL ကို ကျစေပြီး ကောင်းသောအဆီ HDL ကို တက်စေသဖြင့် နှလုံးသွေးကြော ရောဂါကို ကာကွယ်ပေးသည်။ ၄င်း တွင် ပါဝင်သော betaine မှHomo-cysteine ကို ကျစေသောကြောင့် သွေးကြောကို ကျန်းမာသန်စွမ်းစေ သဖြင့်လည်း နှလုံးသွေးကြောရောဂါ ကို ကာကွယ်ပေးသည်။

၎င်း၌ ပါဝင်သော Folate မှ သန္ဓေသား၏ ကျောရိုးမကို သန်စွမ်း စေရန် ကူညီပေးသည်။ ပါဝင်သော beta cyaninnis မှ အသားကို တာ ရှည်ခံရန်သုံးသော nitrosamine ကို ချေဖျက်ပေးနိုင်သဖြင့် ကင်ဆာကို ကာကွယ်ပေးနိုင်သည်။

ပါဝင်သော betaine မှ Liver ကို ကောင်းကောင်းအလုပ်လုပ်ရန် လှုံ့ ဆော်ပေးသည်။
ပါဝင်သော vit C မှ ရင်ကျပ် ရောဂါကို ကာကွယ်ရန် ကူညီပေး သည်။ ပါဝင်သော beta carotene မှ အဆုတ်ကင်ဆာကို ကာကွယ်ပေး သည်။

ပါဝင်သောကာဗိုဟိုက်ဒြိတ်မှ စွမ်းအင်ကိုရစေသည်။ ပါဝင်သော vit A မှ အသက်ကြီး၍ အမြစ်စွမ်း အင်လျော့မှုကို ကာကွယ်ပေးသည်။
ပါဝင်သော Potassium မှ သွေးပေါင်ကို ကျစေသဖြင့် လေဖြတ် ခြင်းကို ကာကွယ်ပေးသည်။
ပါဝင်သော boron မှ Sex hormone ထုတ်လုပ်ရန် ကူညီပေး သည်။
ဝမ်းချုပ်ခြင်းကို သက်သာစေသည်။

ဆိုးကျိုး
၎င်းတွင် ပါဝင်သော oxalate သည် ကျောက်တည် တတ် သဖြင့် ကျောက်ကပ်နှင့် သည်းခြေအိတ် ပြဿနာရှိသူများ ရှောင်ကြည်သင့်ပါ သည် ။

ကံ့ကော်
source : organic facts
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ