Angular stomatitis ကျီးကန်းပါးစပ်နာ


ကျမရဲ့သမီးလေးက အသက် ၂ နှစ် ၂ လပါ။ ကျီးကန်းပါစပ်ဖြစ်တာ ၃ ရက် ၄ ရက်လောက်ရှိပါပြီ။ ခန့်မှန်းရက်ပါဆရာ။ ရန်ကုန်မှာနေပါတယ်ရှင့်။ လိမ်းဆေး ကောင်းကောင်းလေး နာမည်သိချင်လို့ပါရှင့်။

ကျီးကန်းပါးစပ်နာကို Angular stomatitis (Cheilosis or Angular cheilitis) လို့ ခေါ်တယ်။ ပါးစပ်-ဒေါင့်စွန်း နှစ်ဖက်လုံးမှာ ဖြစ်တာများတယ်။ ကွဲကြောင်းလေးတွေ ဖျာထွက်လာမယ်။ သွေးထွက်တတ်တယ်။ အနာအထိ ဖြစ်နိုင်တယ်။ အနာကနေ မှိုပိုးဝင်လာရင် Candida albicans (Thrush) ဖြစ်မယ်။ ဗက်တီးရီးယားလဲ ဝင်နိုင်တယ်။

ဗီတာမင် ဘီ ၂ နည်းရာကနေစတယ်။ သံဓါတ်နည်း-သွေးအားနည်း ရောဂါနဲ့လဲ ဆက်နေတတ်တယ်။ သွပ်ဓါတ် နည်းတာကိုလဲ ထည့်စဉ်းစားရတယ်။ ကလေးတွေမှာဖြစ်ရင် အာဟာရချို့တဲ့တာနဲ့ ဆက်စပ်နေမယ်။ ဟိုဟာ ဒီဟာတွေနဲ့ ရောနေတာကို ဆေးစာမှာ Plummer-Vinson syndrome (Paterson-Brown-Kelly syndrome) လို့ နာမယ်အရှည်ကြီး ပေးထားတယ်။ အသက်ကြီးသူတွေ မှာလဲ ဖြစ်တာဘဲ။ သွားတွေ မရှိတော့ ပါးစပ်က ပုံပြောင်းလာတယ် မဟုတ်လား။ ဆောင်းရာသီမှာ အဖြစ်များတယ်။

အစာအာဟာရနည်းသူတွေမှာ အခုလို ကျီးကန်းပါးစပ်နာက မျက်စိနဲ့ မြင်နိုင်တယ်။ ဖြစ်တဲ့သူမှာ မျက်စိနဲ့ မမြင်နိုင်တာတွေလဲ ရှိနိုင်တယ်လို့ ပုလိပ်မျက်စိနဲ့ ကြည့်ရသေးတယ်။ ဘီ ၂ နည်းနေရင်၊ ဘီ ၁၊ ၃၊ ၆၊ ၁၂ လဲ နည်းနေလေမလား။ (စီ) တို့ (အေ) တို့ကော မနည်းပေဘူးလား။ သွားတိုက်ဆေးနဲ့ မတည့်တာလဲ မမေ့ရဘူး။

ကုတဲ့အခါ ဘာလို့ဖြစ်သလဲသိမှ တိကျတယ်။ အရေးအကြီးဆုံးက ဗီတာမင် ဘီ (၂)၊ ဆေးသောက်ပါ။ ကြွယ်ဝစာစားပါ။ နို့နှင့် နို့ထွက်အစာများ၊ ဥ၊ အသဲ၊ အသီးအရွက်၊ ဆန်၊ ဂျုံ၊ ရိစ်။ တပါတည်း (စီ) ပါရအောင် စိမ်းတဲ့ အသီးအရွက်-အသီးအနှံတွေလဲ စားပါ။

အနာလိုဖြစ်ရင်
• Topical antibiotic ပိုးသေဆေးတခုခု လိမ်းနိုင်တယ်။ အနာလိမ်းဆေးတိုင်းတော့ မသုံးပါနဲ့။ မျက်စဉ်းကို ထည့်ရင် ပါးစပ်ထဲဝင်လဲ ကိစ္စမရှိဘူး။ ဥပမာ Chloramphenicol ointment, Tetracycline ointment လိမ်းပါ။
• မှိုကြောင့်ဖြစ်ရင် Antifungal creams မှိုအတွက်လိမ်းဆေး Nystatin, Imidazoles, Bifonazole, Clotrimazole, Econazole, Ketoconazole, Nizoral®, Miconazole, Tioconazole တခုခုသုံးနိုင်တယ်။
• Antifungal drug မှိုအတွက်စားဆေး Imidazoles, Allylamines
• စတီရွိုက်နဲ့ ရောထားတဲ့ဆေး Clotrimazole and Betamethasone, Nystatin and Triamcinolone Acetonide သုံးနိုင်တယ်။ ကော်တီဇုန်း (စတီရွိုက်) ဆေး 1% hydro cortisone လိမ်းနိုင်တယ်။ ရေယုံဆိုရင် မသုံးပါနဲ့။

ဖြစ်တတ်သူတွေ Vitamin B Complex ဗီတာမင် ဘီ အုပ်စုဆေး ကြာကြာသောက်သင့်တယ်။ Malabsorption syndrome အစာစုပ်အား မကောင်းတဲ့ရောဂါနဲ့ တွဲနေသူကို B complex, B-12 ထိုးပေးရမယ်။

Dr. တင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ