အဆုတ်ကင်ဆာကို ကာကွယ်နိုင်တဲ့ ကြက်သွန်ဖြူ


ကြက်သွန်ဖြူကို တစ်ပတ်နှစ် ကြိမ် စားသုံးပေးခြင်းဟာ အဆုတ် ကင်ဆာ ဖြစ်ပွားနိုင်ချေကို လျော့ပါး စေပြီး အထူးသဖြင့် ဆေးလိပ်သောက် သူတွေ စားသုံးပေးသင့်တယ်လို့ သုတေသနတစ်ရပ်က ဖော်ထုတ်နိုင် ခဲ့ပါတယ်။

ကြက်သွန်ဖြူ စားသုံးသူတွေမှာ အဆုတ်ကင်ဆာဖြစ်နိုင်ချေ ၄၄% လျော့ပါးတယ်လို့ သိရပါတယ် ။ လေ့လာ မှုမှာ ပါဝင်သူတွေဟာ ဆေး လိပ်သောက်သုံးသူများဖြစ်ပြီး အဆုတ် ကင်ဆာဖြစ်နိုင်ချေ အမြင့်ဆုံး သူတွေ ဖြစ်ပါတယ် ။ ယခင်လေ့လာမှုများ အရ ကြက်သွန်ဖြူဟာ အစာအိမ် ကင်ဆာနဲ့ အူမကြီးကင် ဆာကို ကာကွယ်နိုင်တယ်ဆိုတာ ဖော်ထုတ် နိုင်ခဲ့ပါတယ်။

အခုလေ့လာမှုကို University of South Australia ပညာ ရှင်တွေက ဦးဆောင်ခဲ့ပြီး သာမန်လူ ၄၅၀ဝကျော်နဲ့ အဆုတ်ကင်ဆာဝေဒ နာရှင် ၁၄၄၀ဦးကို လေ့လာခဲ့တာဖြစ် ပါတယ်။ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ် ကြက်သွန်ဖြူ စားသုံးပေးသူ တွေဟာ အဆုတ်ကင်ဆာ ဖြစ်ပွား နိုင်ချေလျော့ ပါးတယ်ဆိုတာကို တွေ့ ခဲ့ရပါတယ် ။ ဒီအာနိသင်ကို ဆေး လိပ်သောက်သုံးသူတွေနဲ့ အဆုတ် ကင်ဆာဖြစ်နိုင်ချေကို မြင့်မားစေ နိုင်တဲ့ အငွေ့တွေကို ရှူရှိုက်နေရသူ တွေလဲကြက်သွန်ဖြူစားသုံးရင် ခံစား ရနိုင်တယ်လို့သုတေသီတွေက ပြော ကြားထားပါတယ် ။

ဒီအာနိသင်ကို ရရှိစေတဲ့ပစ္စည်း ကတော့ ကြက်သွန်ဖြူမှာပါဝင်တဲ့ allicin ကြောင့်ပဲဖြစ်ပါတယ်။ ဒီဓာတ်ကို ကျိတ်ချေလိုက်တဲ့အခါ၊ ဝါးစားလိုက်တဲ့အခါမှာ ရရှိနိုင်မှာဖြစ် ပါတယ်။ အဲဒီ allicin ဟာ ရောင်ရမ်း မှုကို သက်သာစေပြီး ဓာတ်တိုးမှုတွေ ကိုလည်း တားဆီးနိုင်ပါတယ်။
ဒီလေ့လာမှုကို Journal Cancer Prevention Research မှာ ဖော်ပြထားတာဖြစ်ပါတယ်။

သက်နှင်း
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ