ဟာဂျီဝန်ပြောလာတဲ့အရွယ်တင်ဆေး


တောင်ကိုရီးယားရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ ဟာဂျီဝန်ဟာ သူ့ရဲ့ ထူးချွန်တဲ့ သရုပ်ဆောင် စွမ်းရည်ကြောင့်သာမက အရွယ်တင်နုပျိုကာ လှပတဲ့ရုပ်ရည်ကြောင့် ကျော်ကြားတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါ တယ် ။ ဒီလိုအရွယ်နဲ့မမျှအောင် နုပျိုလွန်းတဲ့ရုပ်ရည်နဲ့ပတ်သက်ပြီး လျှို့ဝှက် ထိန်းသိမ်းတဲ့ နည်းလမ်းကို ဟာဂျီဝန်က ထုတ်ဖော်ပြောကြားခဲ့ ကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ဖော်ပြ ချက်တွေအရ သိရပါတယ် ။

မကြာသေးမီကပြုလုပ်ခဲ့တဲ့ ရုပ်သံအင်တာဗျူးတစ်ခုမှာ ဟာဂျီဝန်က သူ့ကိုအရွယ်တင်နုပျိုစေတဲ့ဆေးကတော့ ဖိအားတွေကင်းအောင်နေထိုင် ခြင်းသာဖြစ်ကြောင်း ဖွင့်ဟပြောကြားခဲ့တာဖြစ်ပါတယ်။

နာမည်ကျော်တစ်ဦးဖြစ်သည်အထိ ကြိုးပမ်းခဲ့ရတဲ့ သူ့ရဲ့အနုပညာ သက်တမ်းတစ်လျှောက် ဖိအားတွေနဲ့ ကင်းအောင်နေထိုင်ဖို့ဆိုတာ မဖြစ် နိုင်ပါဘူး။ ဒါပေမယ့်လည်း ဖိအားတွေနဲ့ကြုံလာရတိုင်း အချိန်တိုတို အတွင်း ဖျောက်ဖျက်ပစ်နိုင်အောင် ကြိုးပမ်းခဲ့ကြောင်း မင်းသမီးက ဆိုပါတယ်။

ဒီလိုကြိုးပမ်းရာမှာလည်း သူ့ရဲ့ကိုယ်ပိုင်နည်းလမ်းကို ဟာဂျီဝန်က ဖွင့်ဟခဲ့ပါတယ်။ မင်းသမီးက သူ့အနေနဲ့ စိတ်ဖိအားတွေနဲ့ ရင်ဆိုင်ရတဲ့ အချိန်တိုင်း ကောင်းကင်မှာပျံ့ကြဲနေတဲ့ ကြယ်လေးတွေ ကိုငေးကြည့် တတ် ကြောင်း ၊ ဒီလိုကြယ်စုံတဲ့ကောင်းကင်ကြီးကို ငေးကြည့်ရင်း အသားကင်လို အသားတစ်မျိုးမျိုးကိုပါ စားပစ်လေ့ရှိကြောင်းဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ စိတ်ပင်ပန်းမှုတွေပြေပျောက်ဖို့အတွက် ဘီယာ တစ်ပုလင်းလည်း လိုအပ်ပြီး အနီးအနားမှာ နှစ်ခြိုက်တဲ့တေးသီချင်းလေးတွေကိုဖွင့်ထားရင်း ဖယောင်း တိုင်လေးတွေကိုလည်း ဟိုနားဒီနားအနှံ့အပြားထွန်းထားလေ့ ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အဆိုပါအင်တာဗျူးမှာ လတ်တလောမှာ အသက် (၃၈)နှစ်ရှိပြီဖြစ်တဲ့ ဟာဂျီဝန်က သူ့ရဲ့ ကျန်းမာအောင်နေ ထိုင် နည်းကိုလည်း ဖွင့်ဟလာခဲ့ ပါတယ် ။ ကျန်းမာစေဖို့ အာဟာရပြည့်ဝတဲ့အစားအစာများကို များများစား လေ့ ရှိပြီး လေ့ကျင့်ခန်းကိုလည်း ပုံမှန်လုပ်ဆောင်လေ့ရှိတယ်လို့ ဖြေကြားခဲ့ ပါတယ် ။

အေးပြည့် - စုစည်းသည်
The Mirror Daily
https://www.facebook.com/TheMirrorDaily

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ