ဆီးခုံမွှေး ရိတ်သင့် မရိတ်သင့်


ဆီခုံမွှေးကို ပုံမှန် ညှပ်တာ ၊ တိတာ သို့မဟုတ် ရိတ်တာ လုပ်လေ့ရှိတဲ့ အမျိုးသားနဲ့ အမျိုးသမီးတွေဟာ မရိတ်တဲ့ အမျိုးသား အမျိုးသမီးတွေထက် လိင်မှတဆင့်ကူးစက်တတ်သောရောဂါတွေကို ပိုမိုကူးစက် လွယ်စေတယ်လို့ လေ့လာချက်တစ်ချို့က ပြောလိုက်ပါတယ် ။

ဆီးခုံမွှေးတွေကို တိညှပ်လိုက်တာ ရိတ်လိုက်တာက အရေပြားမှာ ပွန်းပဲစေပြီး ဒါမှ ပွန်းပဲ့ မှုဖြစ်လွယ်စေပြီး ရောဂါပိုးတွေ ဝင်ရောက်စေတယ် လို့ ဆရာဝန်တွေက ပြောပါတယ် ။ များသောအားဖြင့် ညှပ်ကြ ရိတ်ကြတဲ့သူတွေကလည်း လိင်ပိုင်းဆိုင်ရာ တက်ကြွမှု ရှိသူတွေ ဖြစ်တာကို တွေ့ရပါတယ် ။ (လိင်ပိုင်းဆိုင်ရာကိစ္စအတွက် သူတို့ကိုယ်သူတို့ ပြင်ဆင်တဲ့ အတွက် ) လို့ ကောက်ချက်ချကြတာပါ။
အကာအကွယ်မရှိတဲ့ လိင်ပိုင်းထိတွေ့မှုဟာ ရောဂါကူးလွယ်တယ်ဆိုတာလည်း သိထားကြပြီး ဖြစ်မှာပါ ။
တွေ့ရှိချက်တွေက အမေရိကန်လူမျိုး ဆယ်ကျော်သက်ဦးရေ ၇၅၀၀ ကို စစ်တမ်းကောက်ပြီး လေ့လာ ခဲ့တာဖြစ်ပါတယ် ။

အဆိုပါ အဆိုပြုချက်ကို ဦးဆောင်တဲ University of California and San Francisco မှ ဆရာဝန်တွေက အဖြစ်နိုင်ဆုံး ဆက်နွယ်ချက် ၂ခုကို ပြောပါတယ် ။
ပထမ တစ်ချက်က ဆီးခုံမွှေးရိတ်တဲ့ တိတဲ့အခါမှာ မမြင်နိုင်တဲ့ ပေါက်ပြဲရှနာခြင်း (micro - tears ) လေးတွေ ရနိုင်ပြီး ဒုတိယအချက်ကတော့ ဆီးခုံမွှေးရိတ်လေ့ ပြင်ဆင်လေ့ရှိတဲ့သူတွေဟာ ပိုပြီး လိင်ဆက်ဆံဖော်များတာ ၊အန္တရာယ်များတဲ့ လိင်ဆက်ဆံမှုတွေနဲ့ တွေ့ထိတာတွေကြောင့် လို့ ဆိုပါတယ် ။ (အစောကပြောခဲ့သလို လိင်ပိုင်းဆိုင်ရာကိစ္စအတွက် သူတို့ကိုယ်သူတို့ ပြင်ဆင်တဲ့ အတွက် ရိတ်ကြတဲ့ အတွက် )အမျိုးသားတွေက လျှပ်စစ် ဂျုတ် ( electronic razor) ကို အသုံးပြုတာများပြီး အမျိုးသမီးတွေက သာမန်ဂျုတ် ( manual razor) ကို အသုံးများပါတယ် ။ပြီးတော့ အမျိုးသား ၅ယောက်မှာ ၁ယောက် အမျိုးသမီး ၅ယောက်မှာ တစ်ယောက်ကတော့ ကတ်ကြေးကို အသုံးပြုပါတယ်။

ညှပ်တဲ့ တိတဲ့ ကိရိယာတွေက မျှဝေသုံးလို့ လည်း ဖြစ်နိုင်ပေမဲ့ ဒါက အဓိက အကြောင်းအရာ မဟုတ်ပါဘူးလို့ ဆိုပြန်ပါတယ် ။ ဆရာဝန်တွေက ဆီးခုံမွှေး ညှပ်တဲ့ တိတဲ့အခါ အနည်းငယ်သာ ညှပ်တိရန် နဲ့ ညှပ်တိပြီးရင်တော့ တစ်ပတ်လောက် လိင်ဆက်ဆံတာ ရှောင်သင့်တယ် လို့ အကြံပေးပါတယ် ။ ( အရေပြား ပွန်းပဲ့ခြင်းများကို အနာကျက်စေရန်အတွက်ဖြစ်ပါတယ် ။ )

လေ့လာမှုပြုသူတွေထဲမှာ ၁၇ % ကတော့ တစ်လကို တစ်ခါရိတ်ကြပြီး ၂၂% ကတော့ နေ့စဉ် ဒါမှမဟုတ် အပတ်စဉ်ရိတ်တိကြပါတယ်။ လေ့လာချက်ထဲမှာ မည်သည့် ညှပ်ခြင်း တိခြင်းမဆို အန္တရာယ်ရှိပြီး လိင်မှ တဆင့်ကူးစက်နိုင်သောရောဂါတွေကို ပိုမို ကူးးလွယ်စေတယ် လို့ ပြောပါတယ်။အထူးသဖြင့် အရေပြား ကနေတဆင့်ကူးတဲ့ ရေယုန် Herpesvirus , လိင်အင်္ဂါမှာ ကြွက်နို့ဖြစ်စေတဲ့ HPV လို့ခေါ်တဲ့ Human Papilloma virus လိုရောဂါတွေပါ ။ လိင်မှတဆင့် ကူးစက်လွယ်တဲ့ရောဂါတွေကတော့ ဆီးပူညောင်း ကျ ရောဂါ ( gonorrhoea) ကာလသားရောဂါ (syphillis ) ရေယုန် ၊ ကြွက်နို့ စတာတွေ အပြင် HIV virus အသည်းရောင် အသားဝါ Hepatitis virus တွေပဲ ဖြစ်ပါတယ် ။

ညီ ( ဆေး -၂ )
Health Guide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ