အကောင်းမြင်စိတ်၏ကောင်းကျိုးများ


(၁) ဖျားနာချိန်များ၌ လန်းဆန်းစေသည်
အကောင်းမြင်စိတ်ကြောင့် စိတ် ဖိစီးမှုမှ သက်သာရာရပြီး ကိုယ် ခံအားမြင့်တက်စေသည်။ ဖျားနာခြင်း မှ ကာကွယ်ပေးသလို မတော်တဆ ဖျားနာပါကလည်း ဝေဒနာလျော့ နည်းစေသည်။

(၂) ကျန်းမာရေးနှင့် ညီညွတ်စေသည်
အကောင်းမြင်စိတ် ရှိသူများ သည် မိမိတို့အနာဂတ်ကိုလည်း မျှော်လင့်ချက်အပြည့်ဖြင့် မြင်ယောင် တတ်ကြသည်။ လေ့ကျင့်ခန်းပိုလုပ် ခြင်း၊ ဆေးလိပ်လျှော့သောက်ခြင်း၊ ဘေးကင်းသော အစားအစာများစား ခြင်း၊ ဖျားနာပါက ကုသမှုအလျှင် အမြန်ခံယူခြင်း စသည့်အပြုအမူများ သည် အကောင်းမြင်စိတ်ရှိသူများ၌ ပိုမိုတွေ့ရတတ်သည်။

(၃) မပျော်ဘူးလား၊ စိတ်မပျက်ပါနှင့်
လူတိုင်း၏ နေ့စဉ်ဘဝမှာ ပျော်ရွှင်ဖွယ်ရာများ ကြုံတွေ့နေရ သော်လည်း အဆိုးမြင်သူတစ်ဦးအဖို့ ထိုဖြစ်ရပ်များကို သတိပြုမိမည်မ ဟုတ်ပါ ။ နေ့စဉ် မိနစ်အနည်းငယ် အချိန်ပေး၍ တစ်နေ့တာ အတွင်း ပျော်ရွှင်ဖွယ်ဖြစ်ရပ်သုံးခုကို ချရေးပါ ။ထိုဖြစ်ရပ်များကို ပြန်မြင်ယောင်ခံ စားကြည့်ပါ ။
အကောင်းမြင်စိတ်ရှိသူများဟာ နှလုံးရောဂါဖြစ်ဖို့ (၉)ရာခိုင်နှုန်း အန္တရာယ်နည်းပါတယ်။ အကြီးစား ခွဲစိတ်မှု ခံယူအပြီးမှာ ဆေးရုံပြန်ပြ ရနှုန်း (၇၇)ရာနှုန်းသာရှိပါတယ်။ သွေးဖိအားဟာလည်း အဆိုးမြင်သူ များ ထက်ပျမ်းမျှအားဖြင့် ငါးမှတ်ခန့် ပိုမိုလျော့နည်းပါတယ်။ အသက် ပျမ်းမျှ ကိုးနှစ်ခွဲခန့် ပိုအသက်ရှည်ကြ လေ့ရှိပါတယ်။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ