ကိုယ်အလေးချိန် ချနေစဉ် မှားလေ့ရှိတဲ့ အမှားများ


(၁) ကျန်းမာရေးနှင့် ညီညွတ်စွာစား သည်
ကျန်းမာရေးနှင့်ညီညွတ်စွာအသီးအရွက်စားသည်ဆိုသော်လည်း အမြောက်အများ စားလျက်ရှိပါက ကိုယ်အလေးချိန် လျှော့သည့်လုပ် ငန်းကို နှောင့်နှေးစေသည်။

(၂) အနည်းငယ်သာစားသည်
ပထမတစ်ခေါက် အနည်းငယ် သာ စားလိုက်သည့်အခါ ခန္ဓာကိုယ် က အစာစားချင်စိတ် ပိုမိုဖြစ်ပေါ် အောင် မသိမသာလှုံ့ဆော်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု နှေးကွေးလာ စေရန်ထိန်းချုပ်လိုက်သည်။ ထို့ ကြောင့်နောက်ပိုင်းတွင် အမြောက် အမြားစားဖြစ်စေသည်။ ထိုသို့မဖြစ်ရ အောင် မိမိစားသမျှ မှတ်တမ်းတင် ထားပါ။

(၃) အစားအစာပါဝင်ပစ္စည်းစာရင်းကိုယုံမိခြင်း
အဆီနည်း/ ဂျုံစစ်စစ်/ သဘာ ဝ/ မူလလက်ဟောင်း/ အော်ဂဲနစ်စ သည့်စာတန်းပါဝင်သည့် အစားအစာ များသည် ကိုယ်အလေးချိန်ကျစေရန် ကူညီပေးနိုင်သည်မဟုတ်ပေ။ ၄င်းတို့ အစား မည်သည့်စာတန်းမှထိုးမထား သော အရာများကို ဦးစားပေးစားသုံး ပါ။ ဥပမာ-အသား၊ ငါး၊ အသီး အရွက်၊ ဥစသည် ။

(၄) သွေးပူလေ့ကျင့်ခန်းကို အားထား သည်
သွေးပူလေ့ကျင့်ခန်းလုပ်စတွင် ကိုယ်အလေးချိန် ကျလာတတ်သော် လည်း အကျင့်ဖြစ်လာသည်နှင့် လေ့ ကျင့်ခန်းများများလုပ်ပြီး စွမ်းအင် နည်းနည်းသာသုံးစွဲရစေရန် ခန္ဓာ ကိုယ်က ထိန်းညှိတတ် လာသောကြောင့် လေ့ကျင့်ခန်း လုပ်သော် လည်း အရာမထင်ဖြစ်လာတတ် သည် ။ သွေးပူလေ့ကျင့်ခန်း လုပ်ပြီး ကျင့်သားရလာသည်နှင့် အပြင်း အထန်လေ့ကျင့်ခန်းသို့ ဖြည်းဖြည်း ချင်းကူးပြောင်းပါ။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ