ဆယ်ကျော်သက်များ ကွန်ပျူတာနှင့်မိုဘိုင်းလ်ဖုန်း အများဆုံးအသုံးပြုသင့်သည့်အချိန်တွေ့ရှိ


အမေရိကန်နိုင်ငံ အခြေစိုက် သိပ္ပံပညာ ရှင်များပြုလုပ်သည့် လေ့လာမှုများအရ ဆယ်ကျော်သက်များသည် တစ်နေ့လျှင် ကွန်ပျူတာနှင့် မိုဘိုင်းလ်ဖုန်းအသုံးပြုချိန် အများဆုံး ၂၅၇ မိနစ်သာ ရှိသင့်သည်ကို တွေ့ရှိ ခဲ့ကြောင်း tech times သတင်းဌာနက ဖော်ပြသည် ။

အလင်းပြန်သည့် Display များကို အသုံးပြုခြင်းမှာ ဖြစ်သင့်သည့် အချိန်ထက်ကျော်လွန်ပါက ဦးနှောက်ကို ဖိစီးမှုဖြစ် စေခြင်းနှင့် မျက်စိကို ထိခိုက်မှုဖြစ်စေခြင်းများ တွေ့ကြုံနိုင်ခြင်းရှိ၊ မရှိကို လေ့လာခဲ့ ရာတွင် ထိုကဲ့ သို့တွေ့ ရှိခြင်းဖြစ် ကြောင်း သိရသည် ။

Display များ၏ စွမ်းဆောင်ရည်မှာ ပြီးခဲ့သည့်နှစ်ပိုင်းများ အတွင်း မျှော်လင့်ထား သည်ထက် ပိုကောင်းသော စွမ်းဆောင်ရည်များ ပိုင်ဆိုင်လာပြီးနောက်တွင် ဆယ်ကျော်သက်များအနေဖြင့် အသုံးပြုချိန်များ လာကာ ထိခိုက်နိုင် သည့် အလားအ လာလည်း ပိုမိုမြင့်မားကြောင်း အတည်ပြုနိုင်ခဲ့သည် ။

တစ်နေ့လျှင် ၂၅၇မိနစ်ထက် ပိုမို သုံးစွဲသော သူများတွင် မျက်စိအနီးမှုန်နိုင် ခြေမြင့်မားလာခြင်း၊ စိတ်ဖိစီး မှုမြင့်တက် လာခြင်း၊ ရုတ်တရက် ဆုံးဖြတ်ရသည့် အရာများတွင် ဆုံးဖြတ်ချက်ချမှတ်ရာ ၌ နှောင့်နှေး ခြင်း များ တွေ့ကြုံမည် ဟုလည်း သတိပေးခဲ့ သည်။ ဆယ်ကျော်သက်များဟု သတ်မှတ်ရာတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား အရွယ်များဖြစ်ကြောင်း သိရသည် ။

Display ပါဝင်သည့် Device များကို အများဆုံး အသုံးပြုသည့် အသက်အရွယ် အုပ်စုများထဲတွင် ဆယ်ကျော်သက်များ မှာ အများဆုံး ဖြစ်ကြောင်း သိရသည် ။

မြဝတီ
https://www.facebook.com/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ