အစားသောက်လေးတွေ ဆင်ချင်စားစို့


နေ့ စဉ်စားသောက်နေသည့် အစားအစာများထဲတွင် မိမိခန္ဓာကိုယ်ကျန်းမာရေး အတွက် အားအင်နဲ့  အကျိုးများဖြစ်စေသလို ရေရှည်တွက် ကောင်းကျိုးနည်းပြီး ဆိုးကျိုးဖက်ဖြစ်ပေါ်တက်သည့်ကို လူများစွာ အစားအစာနဲ့  လူနေထိုင်မှု့ ပုံစံလေးများ သတိမထားမိကြတာလည်း ပါပါလိမ့်မည် ။ အစားအစာများတွင် အဆီများခြင်းသည့် လူကို အကောင်းဖြစ်ခြင်းထက် မကောင်းတာပိုများနေတယ်ဆိုတာ သိကြပါလိမ့်မည် ။ Cholesterol ကိုလက်စထော နည်းလွန်ရင်လည်း မကောင်းသလို များလွန်ရင်လည်း မကောင်းပါဘူး ။ နည်းသည့်အတွက်ကြောင့် အားအင်တွေလျော့နည်းခြင်း ၊ အရေပြားခြောက်ကပ်ခြင်း နှင့် စိတ်ပိုင်းဆိုင် ရာဖြစ်သည့် စိတ်ကျခြင်း ဖြစ်တက်ပါတယ် ။

အဆီများအစားများပြန်ရင်လည်း သွေးလွှတ်ကြောနံရံတွေမှာ လာစုပြီး များလာသည့် အခါ နှလုံးသွေးကြော ကျဉ်းလာခြင်း နှင့် ဆိုးဝါးစွာ ဖြစ်ပေါ်စေသည့် ဟတ်အတက်ခ်မျိုး ဖြစ်ပေါ်စေတက်ပါသည် ။
ဒီ ကိုလက်စထော နည်းနေသလား များနေသလားဆိုတာ သိရှိုနိုင်ဖို့ အတွက် စစ်ဆေးသင့်ပါတယ် ။ လူလတ်ပိုင်းအသက်အသက်အရွယ်တွင် စစ်ဆေးခြင်းခံယူသင့်ပါတယ် ။ အမျိုးသားများလည်း စစ်ဆေးသင့် သလို အမျိုးသမီးများလည်း စစ်ဆေးသင့်ပါတယ် ။ မစစ်ဆေးဘဲ ကိုလက်စထောကျဆေးတွေ သောက်သုံး ခြင်း မပြု့ သင့်ပါ ။ ကိုလက်စထောတွေများနေလို့ ဆိုပြီး စိတ်ပျက်ဖွယ် မဖြစ်ပါနှင့် လူအများပြားတွင် စစ်ဆေးချက်Total ကိုလက်စထော 200 mg/dL အထက်တွင်ရှိနေသည့် လူများ အများအပြား ရှိနေခြင်းကြောင့် ဖြစ်ပါသည် ။
ကိုလက်စထောလျော့နည်းခြင်းနှင့် ကျဆင်းစေခြင်းကို ဖြစ်ပေါ်စေသည့် အစားအစာများ ပါဝင် စားသောက်စေခြင်းသည့် အကောင်းဆုံးဖြစ်ပါတယ် ။

စားသောက်သင့်သည့်များမှာ အသီးအနှံနှင့် သစ်သီးများကို စားပေးပါ ။ ကြက်သွန်ဖြူ ၊ ပဲနီလေး အပါ ပဲအမျိုးမျိုး ၊ သစ်ကြားသီး ဌက်ပျောသီး နှင့် ဖိုက်ဘာများသော အစားအစာများကို ပိုမို စားသင့်ပါသည် ။

အဲလို အကောင်းဆုံးဖြစ်စေသည့် အစားအစာများကို စားသောက်ပြီး အဆီဓာတ်များသော အသား နှင့် နို့ ထွက် ပစ္စည်း များ ၊ အရန်သင့် စားသုံးနိုင်သည့် အစားအစာများ နှင့် အရက်ဘီယာ သောက်သုံးခြင်း ရှောင်ရှားပါ ။ ကြက်အရေခွံ ၊ ဆီကြော်ထားသော အသားများ ၊ ထပ်ခါကြော်ထားသည့် ပဲကြော်အသားကြော်များနှင့် ကလိစာအသားများ စားခြင်းကို ရှောင်ပါ ။ ဆီဖြင့် ကြော်ထားသောအသားများစားသုံးခြင်းထက် အသားလုံး အသားပြား ပြုတ်ချို ဟင်းရည်အဖြစ် စားသောက်ပါက ပိုမိုကောင်းမွန်ပါသည် ။

နေ့ ထိုင်မှု့ စနစ်ကြောင့် ဌင်း ကိုလက်စထောကျဆင်း လျော့နည်းစေခြင်းသည့် ကိုယ်လက် လှုပ်ရှားခြင်းဖြစ်ပါသည် ။ လမ်းလျှောက်ခြင်း ၊ ပြေးခြင်း နှင့် မိမိနှင့်အဆင်ပြေသည့် ကိုယ်လက်လှုပ်ရှား အားကစားပင် ဖြစ်ပါတော့သည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ