အရေပြားခြောက်သွေ့မှု အယူအဆမှားများ


အမှား (၁) moisturizer များများ လိမ်းလေ၊ ရေဓါတ်များများရ လေ
တကယ်တော့ နည်းနည်းလိမ်း လေ ၊ ရေဓါတ်များများရလေဖြစ်ပါ တယ်။ အရမ်းထူသွားတဲ့အခါ ဆဲလ် သေတွေပိတ်မိကုန်ပြီး အရေပြား ခြောက်လာတတ်ပါတယ်။

အမှား (၂) မိုးအုံ့နေရင် နေရောင်ကာ လိမ်း ဆေးလိမ်းစရာမလို
အသားအရေပျက်စီးစေတာ ဟာ နေရောင်မဟုတ်ဘဲ UV ရောင်ခြည်တွေသာဖြစ်ပါတယ်။ တိမ်ထူတဲ့အခါ နေရောင်ကွယ်နေ တတ်ပေမယ့် UV ရောင်ခြည်တွေကို ကာကွယ်နိုင်ခြင်းမရှိပါဘူး။

အမှား (၃) အရေပြားကြေးချွတ်တာ ဟာ ခြောက်ပြီးအကွက်တွေဖြစ်စေ တယ်
အရေပြားကို တစ်ပတ်တစ်ကြိမ် မှနှစ်ကြိမ်ကြေးချွတ်တာဟာ အစို ဓါတ်ပြည့်ဝတဲ့ ဆဲလ်တွေ အရေပြား ပေါ်တက်လာစေပြီး အာဟာရဓါတ် တွေကိုလည်း ပိုမိုထိရောက်စွာ စုပ် ယူနိုင်စေပါတယ်။

အမှား (၄) အဆီပြန်တဲ့အသားအရေ မှာ အစိုဓါတ်ထိန်းဆေး (moisturizer) လိမ်းစရာမလို
အဆီပြန်တဲ့အသားအရေဟာ အစိုဓါတ်ထိန်းဖို့လိုပါတယ်။ အဆီ ဓါတ်မပါတဲ့ အစိုဓါတ်ထိန်းဆေးကိုသာရွေးချယ်ပါ။

အမှား (၅) ရေချိုးတာဟာ ခြောက် သွေ့တဲ့အရေပြားကို အစိုဓါတ်ရရှိစေ တယ်
ရေအကြာ ကြီးစိမ်ချိုးနေတာ ၊ ရေအကြာကြီးကူးနေတာဟာ အရေ ပြားခြောက်သွေ့စေပါတယ်။ ရေနွေး နဲ့ရေချိုးတဲ့အခါ ၁၀ဝ ဒီဂရီဖာရင် ဟိုက်ထက်ပိုပူလျှင် အရေပြားသွေး ကြော များကျယ်စေပြီး ရေဓါတ်ဆုံးရှုံး မှုများစေပါတယ်။

သီဟ
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ