ဒူးဆစ်နာခြင်းအတွက် ဂရုပြုစရာ


- ဖိနပ်ခုံပျော့များကို ဦးစားပေးရွေး ချယ်ပါ။ ခြေတစ်လှမ်းချလိုက်တိုင်း ခန္ဓာကိုယ်အလေးချိန်ရဲ့ နှစ်ဆမှ သုံး ဆအထိ ဒူးဆစ်အပေါ်ဖိအား သက် ရောက်ပါတယ်။ တစ်နှစ်မှာ အနည်း ဆုံးတစ်ကြိမ် ဖိနပ်လဲလှယ်ပါ။

- glucosamine နှင့် chondroitin ပါဝင်သော ဆေးဝါးများကို ဒူးဆစ် ဝန်ပိမှုသက်သာစေရန် သုံးစွဲလျက်ရှိ ပေမယ့် ထိရောက်မှုအနည်း ငယ်သာ ရှိပါတယ်။ ၄င်းဆေးများကို အားကိုး တကြီးမှီဝဲနေခြင်းထက် ဒူးဆစ်ဝန်ပိမှု လျှော့ချပေးသော ဖိနပ်များ၊ ထိုင်ခုံ များကိုသာ ဦးစားပေးအသုံးပြုသင့် ပါတယ်။

- ဒူးဆစ်ခုံညင်းရိုးကို ဘယ်ညာဘေး တိုက်ရွှေ့ကြည့်လျှင် ချောမွေ့စွာရွေ့ နေရပါမယ်။ ဒူးဆစ်ပြဿနာရှိနေပြီ ဆိုလျှင် အရိုးကိုလွတ်လွတ်လပ်လပ်ရွှေ့လို့မရဘဲ ပွတ်တိုက်နေတတ်ပါ တယ်။

- ဒူးဆစ်နာခြင်းအတွက် အကောင်း ဆုံးလေ့ကျင့်ခန်းဟာ စက်ဘီးစီးခြင်း ဖြစ်ပါတယ်။ စက်ဘီးနင်းတဲ့အခါ ဒူး ဆစ်ကြွက်သားတွေသန်မာစေပြီး ခုံညင်းရိုးကို အလယ်တည့်တည့် မှာရှိစေပါတယ်။

ဇော်ကို
Health Updates Journal
https://www.facebook.com/HealthUpdatesJournal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ