Radiotherapy side effects ကင်ဆာအတွက်ဓါတ်ကင်ရခြင်း ဘေးထွက်ဆိုးကျိုးများ


ဓါတ်ရောင်ခြည်ကင်ခြင်းရဲ့ ဘေးထွက်ဆိုးကျိုး သိချင်ပါတယ်ဆရာ။

ဘယ်နေရာမှာ ဓါတ်ကင်ရသလည်း၊ ဘယ်လောက်များများလည်းအပေါ်မူတည်တယ်။ ဓါတ်ရောင်ခြည်သင့်ရာနေရာမှာ အဓိကသက်ရောက်တယ်။ ဓါတ်ရောင်ခြည်ကုသပေးရာဌာနကနေ စာနဲ့ရေးထားတဲ့အသိပေးချက်ပေးပါမယ်။

• Tiredness မောပမ်းခြင်း = မောပမ်းနေမှာမို့ အားအင်မကုန်စေတာကိုသာလုပ်ဘို့ပြောပါမယ်။ သွေးအားလည်းနည်းတတ်လို့ သွေးအားကောင်းဆေးနဲ့ တချို့မှာ သွေးသွင်းတာလိုနိုင်တယ်။
• Nausea and vomiting ပျိ့-အန်ခြင်း = ဆေးလိုရင် ပေးမယ်။ ကင်ဆာအတွက်ပေးရသည့် ဆေးများကြောင့်အန်ခြင်းအတွက် သုံးတဲ့ဆေးတွေ = Serotonin antagonists (5HT3) (Dolasteron, Granisetron, Ondansetron) စားဆေး၊ ကပ်ဆေး၊ ထိုးဆေး။ Dexamethasone စတီရွိုက်ဆေး၊ ရောင်ခြင်း-နီမြန်းခြင်း၊ အလာဂျီ ဖြစ်ခြင်း၊ ပန်းနာ၊ ကင်ဆာတို့အတွက် သုံးသည့်ဆေး။ Aprepitant ၁ နာရီကြိုပေးရသည်။ Nabilone တနေ့ ၂-၃ကြိမ်၊ အစာနှင့်နီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ ပေးနိုင်သည်။

• Eating and drinking အစားအသောက် = အစားကို မျှတလုံလောက်အောင်စားပါ။ အာဟာရပညာရှင်ကနေ အကြံပေးမယ်။ ရေ-အရည်ပိုသောက်ရမယ်။ တနေ့မှာ ၃-၄ ပိုင့်သောက်ပါ။
• Hair loss ဆံပင်ကျွတ်ခြင်း = ယာယီသာဖြစ်ပါတယ်။
• Sore skin အရေပြားအနာ = အနာထည့်ဆေး လမ်းညွှန်ပေးပါမယ်။ အနံ့ပျောက်ဆေး၊ လိုးရှင်း၊ ရေမွှေးတွေ အရေပြားမှာမသုံးပါနဲ့။
• Clothing အဝတ်အစား = သင့်တော်တာရွေးဝတ်ဆင်ပါ။ ချွရတာလွယ်ပါစေ။
• Joint or muscle stiffness အဆစ်၊ ကြွက်သားနာခြင်း = ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အနာသက်သာဆေးလိုရင် ပေးမယ်။
• Late side effects နောက်ပိုင်းမှာဖြစ်တတ်တာတွေ = ကိုယ့်ကုသမှုအရ ဆရာဝန်ကနေရှင်းပြပါမယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ