ခေါင်းတခြမ်းကိုက်ခြင်း
ခေါင်းတခြမ်းကိုက်ခြင်းကိုအင်္ဂလိပ်လို (Migraine) လို့ခေါ်ပါတယ် ။ခေါင်းရဲ့ဘယ်ဖက် (သို့) ညာဖက်
တခြမ်းတည်းတာ ထိုးထိုးကိုက်တတ်ပြီး တခါတရံမူးဝေအော့အန်ခြင်းတွေပါဖြစ်တတ်ပါတယ် ။ ထိုခေါင်းတခြမ်း ကိုက်တတ်ခြင်းပာာတခါဖြစ်လျှင် အနည်းဆုံးနာရီပိုင်းမှ အများဆုံး၃ - ၄ ရက်ခန့်အထိကြာမြင့်တတ်ပါတယ် ။
အချို့မှာမိမိရဲ့တနေ့တာလုပ်ငန်းဆောင်တာများကိုမလုပ်ဆောင်နိုင်လောက်သည်အထိဆိုးဆိုးရွားရွား ပြင်းထန်တတ်ကြတာကိုလည်းတွေ့ရှိရတတ်ပါတယ်။
ဘာတွေကြောင့်ဖြစ်ပွားတတ်သလဲ…
ခေါင်းတခြမ်းကိုက်ခြင်းကို ဖြစ်ပွားစေတဲ့အချက်ကိုတိတိကျကျ ရှင်းပြနိုင်ခြင်းမရှိပေမယ့် မျိုးရိုးဗီဇနဲ့ ပတ်ဝန်း ကျင် ဆိုင်ရာနဲ့တော့များစွာဆက်နွယ်မှု ရှိတာကိုတွေ့ရပါတယ် ။ ဦးနှောက်နဲ့အာရုံကြောများအတွင်းရှိ ဓာတ်တွေမညီမျှမှူ့ကြောင့်ဖြစ်တယ်လို့ယူဆထားကြပါတယ် ။ Serotonin ဆိုတဲ့ ဓာတ်တမျိုးနဲ့ ဆက်သွယ်မှူရှိတယ်လို့ယူဆထားကြပါတယ် ။
ဘယ်အချက်တွေက ဖြစ်ပွားအောင်လှုံ့ဆော်ပေးသလဲ…
အမျိုးသမီးများတွင် ပောာ်မုန်းဓာတ်ပြောင်းလဲခြင်း ၊ အမျိုးသမီးများတွင် အိစထရိုဂျင် ပောာ်မုန်း အတတ်အကျနှင့် ဆက်စပ်မှုရှိတတ်ပါတယ် ။ သန္ဓေတားဆေးသောက်နေတဲ့အမျိုးသမီးအချို့နဲ့ အမျိုးသမီးပောာ်မုန်းဆေးသောက်နေရသူအချို့မှာလည်းဖြစ်ပွားတတ်ပါတယ် ။
အဆီအစိမ့်များလွန်းတဲ့အစာတွေ ၊ အငန်များလွန်းတဲ့ အစာတွေကြောင့်လည်း ဖြစ်ပွားနိုင်သလို အစာခံလွန်းခြင်းကြောင့်လည်းဖြစ်ပွားတတ်ပါတယ် ။ အချိုမှုန့်တွေ ဆိုးဆေးတွေ ၊ အရက် ၊ ဘီယာနဲ့ ကာဖိန်းဓာတ်များလွန်းတဲ့ အချိုရည်တွေကြောင့်လည်းဖြစ်ပွားတတ်ပါတယ် ။
စိတ်ပိုင်းဆိုင်ရာဖိစီးမှုများလွန်းခြင်း ၊အိပ်ချိန်နည်းပါးခြင်းနဲ့ ပင်ပန်းလွန်းခြင်းတို့ကြောင့် ဖြစ်ပွားတတ်ပါတယ်။
လက္ခဏာများ…
ခေါင်းတစ်ခြမ်ကိုက်ခြင်း (migraine) ရဲ့လက္ခဏာတွေကိုအဆင့် ၄ဆင့်ခွဲခြားနိုင်ပါတယ် ။ Prodrome, aura, headache နဲ့ post dromeဆိုပြီးသတ်မှတ်ထားပါတယ် ။
Prodromeလို့ခေါ်တဲ့ ကနဦးအဆင့်ဟာခေါင်းကိုက်ခြင်းမစခင် ၁ရက် ၂ရက် အလိုမှာဖြစ်ပေါ်တတ်ပါတယ်။ မကြာခင်မှာခေါင်းတစ်ခြမ်းကိုက်တော့မယ်ဆိုတာကို ကြိုတင်ပြတဲ့ အဆင့်ဖြစ်ပါတယ် ။ ၀မ်းချုပ်ခြင်း၊ ဇက်တောင့်တင်းခြင်း ၊ လေးလံထိုင်းမှိုင်းခြင်းနဲ့ စိတ်ခံစားမှုပြောင်းလဲခြင်းအစရှိသည့် လက္ခဏာတွေပြ တတ်ပါတယ် ။
Aura အဆင့်ဟာခေါင်းကိုက်ခြင်းမစခင် နဲ့ စနေစဉ်အတွင်းမှာပေါ်ပေါက်လာတတ်ပါတယ်။ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ ကိုယ်တခြမ်းထုံကျင်ခြင်း ၊ အမြင်အာရုံေ၀၀ါးခြင်း ၊ အလင်းတန်းများမြင်ရခြင်း နှင့် ကိုယ်တခြမ်းလေးလံခြင်းတွေ ကိုခံစားရတတ်ပါတယ် ။ အချို့ကတော့ aura အဆင့်ကို မရောက် ဘဲခေါင်းကိုက်ခြင်း အဆင့်ကိုရောက်သွားတတ်ပါတယ် ။
Headache လို့ခေါ်တဲ့ ခေါင်းကိုက်ခြင်းအဆင့်ကတော့ အနည်းဆုံး ၄ နာရီ မှ အများဆုံး ၇၂ နာရီအထိ ကြာရှည်တတ်ပါတယ်။ ခေါင်းကိုက်ခြင်း ပြင်းထန်မှုကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ အများစုကတော့ ခေါင်းတဖက်တည်းထိုးကိုက်တတ်ကြပေမယ့် အချို့ကတော့ နှစ်ဖက်လုံး ကိုက်တတ် ကြပါတယ် ။ စူးရှလွန်းတဲ့ အလင်းရောင်တွေ ကျယ်ကျယ်လောင်လောင် အသံတွေ ကြောင့်ပိုမို ဆိုးရွား တတ်ပါတယ် ။ အချို့တွေကတော့ မူးဝေအော့အန်ခြင်း ၊ မျက်စိပြာခြင်းနဲ့ သတိလစ်တတ်ခြင်းတို့တွေ အထိ ဖြစ်ပွားတတ်ပါတယ်။
ခေါင်းကိုက်ခြင်းအဆင့် ပြီးသွားရင်တော့ ၂၄နာရီအတွင်းမှာ post dromeဆိုတဲ့ အဆင့် ဖြစ်ပေါ် လာတတ်ပါတယ် ။ ခေါင်းမကြည်ခြင်း ၊ မူးဝေခြင်း ၊ လေးလံထိုင်းမှိုင်းခြင်း ၊ စိတ်ရှုပ်ထွေးခြင်းနဲ့ စိတ်တိုလွယ်ခြင်းတို့ ခံစားရတတ်ပါတယ် ။
ကုသခြင်းနှင့်ကာကွယ်ခြင်း…
ခေါင်းတစ်ခြမ်းကိုက်ရောဂါကို ကုသရာမှာရောဂါလက္ခဏာကို ကုသခြင်းနဲ့ နောက်ထပ်ဖြစ်ပွားမှုကို ကာကွယ်ရန် အတွက်ကုသခြင်းဆိုပြီး ၂ပိုင်းရှိပါတယ် ။ ရောဂါလက္ခဏာကို ကုသရာမှာခေါင်းကိုက်ခဲခြင်း အတွက် ပါရာစီတမော(paracetamol) ၊ အက်စ်ပရင် (asprin) နဲ့ အိုင်ဗျူပရိုဖန် (ibuprofen) တို့လို သာမန်အကိုက်အခဲပျောက်ဆေးများ နဲ့ triptanကဲ့သို့သောဆေးများကို အသုံးပြုနိုင်ပါတယ် ။ Ergotamine နဲ့ caffeine တို့ပေါင်းစပ်ထားတဲ့ဆေးများကိုလည်း အသုံးပြုနိုင်ပါတယ် ။ မူးဝေအော့အန်ခြင်းအတွက် metoclopramide တို့လို အအန်ပျောက်ဆေးများကို သုံးပေးနိုင်ပါတယ် ။ အရမ်းပြင်းထန်လွန်းအောင်ကိုက်ခဲတဲ့ အခြေအနေမျိုးမှာတော့ coedineကဲ့သိုသောမူးယစ်စေတတ်တဲ့ အကိုက်အခဲပျောင်ဆေးများကို အသုံးပြုရပါတယ် ။ တိတ်ဆိတ်ငြိမ်သက်တဲ့ အခန်းထဲမှာ သက်တောင့် သက်သာနားနေခြင်းကလည်း ဝေဒနာကို သက်သာစေပါတယ် ။
မကြာခဏဖြစ်ပွားတတ်တဲ့ သူများကိုထပ်မံဖြစ်ပွားမှု အကြိမ်အရေအတွက် လျော့နည်းစေရန် ကာကွယ်မှုပေးတဲ့ အနေနဲ့ beta blocker (e.g – propranolol), calcium channel blocker (eg. Verapamil) နဲ့ tricyclic antidepressant ဆေးများကို ဆရာဝန်ညွှန်ကြားထားတဲ့ အတိုင်းသောက်သုံး ရပါမယ် ။ ဒါ့အပြင်ကိုယ်ခန္ဓာကိုအနှိပ်ခံခြင်း ၊ တရားထိုင်ခြင်း ၊ စိတ်ဖိစီးမှုများလျော့နည်းအောင်နေထိုင်ခြင်း ၊ သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပေးခြင်း ၊ အိပ်ရေး၀၀အိပ်ခြင်းနဲ့ ဗီတာမင် နဲ့ သက်စောင့်ဓာတ်များကို လိုအပ်တဲ့ပမာဏပြည်မီအောင် စားသုံးပေးခြင်းတို့ဖြင့် လည်းခေါင်းတခြမ်း ကိုက်ခြင်း ဝေဒနာကို မဖြစ်ပွားအောင် ကာကွယ်နိုင်ပါတယ် ။
ဒီပီ(ဆေး ၁)
Health Guide
https://www.facebook.com/healthguidemyanmar
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin