Paracetamol (ပါရာစီတမော) လူပြောများလာပြီ


(ပါရာစီတမော) ဆေးဟာ ကျွန်တော်တို့ဆေးကျောင်းသားဘဝ ၁၉၇ဝ ဝန်းကျင်၊ ဆေးဝါးဗေဒစာအုပ်ထဲမှာ မထင်မရှားသာ ပါခဲ့ပါတယ်။ နောက်တော့ အသုံးအလွန်များလာတယ် ။ ကလေးတွေဆိုရင် မရှိသုံးဆေး တမယ်ဖြစ်လာတယ် ။ အခုနောက်ပိုင်းမှာတော့ သတိပေးချက်တွေများလာတယ် ။ များတယ်ဆိုတာနဲ့ မသုံးနဲ့လို့ ပြောတာတော့ မဟုတ်ပါ ။ ဆေးပညာကို လူမှုရေး ကွန်ရက်တွေမှာနဲ့ မီဒီယာမှာ အလွန် အကျွံရေးတာ မဖြစ်သင့်ပါ ။ လူတွေဟာ တယောက်နဲ့ တယောက်မတူပါ။ တယောက်တည်းမှာလည်း တချိန်နဲ့တချိန် မတူပါ ။ ဥပမာ အသည်းရောဂါမရှိခင်က (ပါရာစီတမော) ကို ကိုယ်အလေးချိန်နဲ့သုံးတာ အကျိုးများပါတယ် ။

(ပါရာစီတမော) ကိုအများကြီးသောက်ရင် အသက်ကိုပင် ထိခိုက်နိုင်တယ်လို့ ၂၃-၁၁-၂ဝ၁၁ နေ့ လန်ဒန်ကလာတဲ့ သတင်းတပုဒ်ကဆိုပါတယ် ။ အအေးမိတာ ၊ တုပ်ကွေးဖြစ်တာ ၊ ကိုက်တာ-ခဲတာတွေအတွက် သုံးနေတဲ့ (ပါရာစီတမော) တခုထဲဖြစ်ဖြစ် ပူးတွဲထားတဲ့ ဆေးတွေပဲဖြစ်ဖြစ် များများသောက်ရင် အန္တရာယ်ပေးနိုင်တယ်လို့ ဆိုလိုတာပါ ။ သေနိုင်တာက အသည်း အလုပ် မလုပ်နိုင်တော့လို့ ဖြစ်တယ် ။ မတော်တဆ ဆေးများများ သောက်မိရင် ကိုယ့်ကိုယ်ကို သတ်သေရာ ကျပါလိမ့်မယ် ။

(အီဒင်ဘတ်) က သုတေသနလုပ်သူတွေတွေ့ရှိတာက 500mg ဆေးပြား ၊ ၈ ပြား ၊ တနည်းအားဖြင့် 4gm ဟာ တနေ့မှာ အများဆုံးဖြစ်သင့်တယ်လို့ဆိုတယ်။ (ကက်နက်-ဆင်မ်ဆန်) ခေါင်းဆောင်ပြီး လူနာပေါင်း ၆၆၃ ယောက်ကို ၁၉၉၂ ခုနှစ် ကတည်းကနေ ၂ဝဝ၈ အထိလေ့လာခဲ့တာဖြစ်တယ် ။ ဒီလူနာတွေဟာ (ပါရာစီတမော) ကြောင့် အသည်းထိခိုက်ခဲ့ရသူတွေပါ ။

တွေ့ရှိချက်အရပျမ်းမျှ အသက် ၄ဝ နှစ်ရှိသူ ၁၆၁ ယောက်မှာခေါင်းကိုက် ၊ သွားကိုက် ၊ ခါးနာ ၊ ဗိုက်နာ တာတွေကြောင့် (ပါရာစီတမော) ဆေးကိုလိုတာထက် ပိုသောက်ခဲ့ကြတယ် ။ သူတို့ထဲက ၅ ယောက်မှာ ၂ ယောက်က အသည်း အလုပ် မလုပ်နိုင်တော့ဘဲ သေဆုံးခဲ့ကြတယ် ။ ဒါဟာ ဗြိတိသျှဆေးဝါးဗေဒမှတ်တမ်းအရ ဆေးအလွန်အကျွံပိုကဲမှုကြောင့် သေဆုံးရတဲ့နှုန်းထက် မြင့်မားတာဖြစ်တယ်။ အဲလိုဆေးအလွန်အကျွံ ပိုလွန်သောက်မိတာဟာ လူနာက နာတာ မသက်သာလို့ ဆေးထပ်သောက် ရာကနေ သောက်သင့်တဲ့ ဆေးအဆကိုမေ့လျှော့ ကျော်လွန်သွားတြာဖြစ်တယ်လို့ (ဆင်ပဆင်) က ဆိုပါတယ် ။ ဒါ့ကြောင့် ဆေးဘယ်လောက် သောက်ပြီးပြီလဲဆိုတာ မှတ်တမ်းထားသင့်ကြတယ် ။

ဆေးကိုစိတ်ချရတဲ့ အဆသောက်ရင် ကိုယ်ခန္ဓာကကောင်းကောင်းကျေချက် လက်ခံနိုင်ပေမဲ့ လွန်ကဲပြီးသောက်မိရင် မကျေချက်နိုင်တာတွေ စုဝေးပြီး အသည်းကို ထိခိုက်ရာကနေ ပြန်မကောင်းနိုင်တဲ့ အထိရောက်စေနိုင်တယ် ။

၂၃-၁၁-၂ဝ၁၁ နေ့ကဘဲနောက်သတင်းတခုကတော့ (ပါရာစီတမော) ဆေးရဲ့ လှို့ဝှက်ချက်ကိုသိလာပြီ ။ ဒါကို အသုံးချပြီးစိတ်ချရတဲ့ အနာ-အကိုက်ပျောက်ဆေးကိုဖေါ်စပ်နိုင်မယ်လို့ လန်ဒန် ၊ ဘုရင့်-ကောလိပ် သုတေသန လုပ်သူတွေက ဆိုလိုက်ပါတယ် ။

ဆေးသုတေသနကို ဆွီဒင် (လန်းဒ်) တက္ကသိုလ်နဲ့တွဲလုပ်ခဲ့တာ ဖြစ်တယ် ။ အာရုံကြော (ဆဲလ်) တွေ ရဲ့အဖုံးမှာရှိတဲ့ TRPA1 ဆိုတဲ့ (ပရိုတင်း မော်လီကျူး) ကြောင့် (ပါရာစီတမော) ထိရောက်စေတာ ဖြစ်တယ် ။ ဒီတွေ့ရှိချက်ဟာ လှို့ဝှက်ချက်ရဲ့ သော့ချက်ကိုတွေ့လာတာပါလို့ (ဝုလ်ဖ် အသက်နဲ့ဆက်စပ်တဲ့ရောဂါဌာန) က ဒေါက်တာ ဒေးဗစ် အန်ဒါဆန် ကနေပြောလိုက်တယ် ။ အခုလိုအနာသက်သာစေတဲ့ (မော်လီကျူး) ကိုအာရုံစိုက်ပြီး ၊ ပိုပြီးစိတ်ချရမဲ့ဆေးမျိုး ၊ ဆေးများ သွားလို့လဲမသေစေမှာမျိုးကို ရှာဘို့ဖြစ်လာပြီလို့ ဆက်ပြောပါတယ် ။

Acetaminophen ဆေးကို Paracetamol (ပါရာစီတမော) လို့ ခေါ်နေကြတာပါ ။ ၁၈၉ဝ ကတည်း ကပေါ်ခဲ့ပြီး ဈေးကွက်ထဲကို ၁၉၅ဝ ကျော်မှာရောက်လာခဲ့ပေမဲ့ ဘယ်လိုနည်းနဲ့ အနာ-အကိုက်ကို သက်သာစေသလဲည်းဆိုတာ မသိခဲ့ကြသေးဘူး ။ အခုတော့ သုတေသနကနေ ဘယ်လို ဘယ်ပုံအလုပ်ဖြစ်စေတာကို သိလာပါပြီ ။

- လူကြီး = 325 to 650 mg ၄ နာရီတကြိမ်။ 500 mg ၈ နာရီတကြိမ်။ တနေ့မှာ 4 grams ထက်မများစေရ။
- အသက် ၁၂ နှစ်မှ ၁၈ နှစ် = 40-60 mg/kg/day ၆ နာရီတကြိမ်။ တနေ့မှာ 3.75 g/day ထက်မများစေရ။
- အသက် ၁၂ နှစ်အောက် 10-15 mg/kg ၆-၈ နာရီတကြိမ်။ တနေ့မှာ 2.6 g/day ထက်မပိုစေရ။

(ပါရာစီတမော) ကို ဆေးကုမ္ပဏီတွေပေးတဲ့ နာမည်တွေက (အေ-တူ-ဇက်) ရှိပါတယ်။
Acamol, Ace +, Acetalgin, Adol, Aldolor, Alvedon, APAP, Apiretal, ApiretalFlas, Atamel, Atasol, Benuron, Biogesic (Myanmar), Buscapina, Calpol, Cemol, Crocin, Dafalgan, Daleron, Dawaya magi, Depon, Dexamol,Dexamol Plus, Dolex, Dolo, Dolgesic, Doliprane, Dolprone, Duiyixian, Efferalgan, Europain, Febrectal, Febrex Plus, Febricet, Febridol, Gelocatil, Gripin, Hedanol, Herron, Influbene, Kafa, Lekadol, Lupocet, Metacin, Mexalen, Milidon, Minoset, Momentum, Napa, Neo-Kiddielets, Pacimol, Pacol, Pamol, Panol, Panado, Panadol, Panamax, Panodil, Para, Paracet, Paracitol, Paralen, Paramed, Paramol, Parol, Perdolan, Perfalgan, Pinex, PyongSuCetamol, Pyrenol (Paracetamol + caffeine), Plicet, Reliv, Rokamol, Sara, Scanol, Tachipirin, Tachipirina, Tafirol, Tapsin, Termalgin, Tempra, Treuphadol, Triaminic, Tylenol, Thomapyrin, Uphamol, Vermidon, Vitamol, Xumadol, Zolben စသည်။

ဖတ်လိုကဖတ်နိုင်တဲ့စာတွေ -
1. Paracetamol no good for back pain ပါရာစီတမော ခါးနာကို မသက်သာ
2. Paracetamol (ပါရာစီတမော)
3. Paracetamol (ပါရာစီတမော) လူပြောများလာပြီ
4. Paracetamol combo drugs (ပါရာစီတမော) ပူးတွဲဆေး သတိပေးချက်
5. Paracetamol Syrup (ပါရာစီတမော) အရည်
6. Paracetamol with Pepsi (ပါရာစီတမော) နဲ့ (ပက်စီ)
7. Pregnancy and Paracetamol (ပါရာစီတမော) နဲ့ ကိုယ်ဝန်
8. Toxic paracetamol ပါရာစီတမော အဆိပ်ဆေးရည်
9. Toxic paracetamol ပါရာစီတမော အဆိပ်ဆေးရည်

Dr. တင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ