ပလုတ်ကျင်းဆေးရည်က ဂနိုရီးယားဗက်တီးရီးယာကို နိုင်ကြောင်းတွေ့ ရှိ


ကမ္ဘာတစ်ဝန်း လူသုံးများလျက်ရှိသော Listerine ပလုတ်ကျင်းဆေးရည်သည် ဂနိုရီးယားဗက်တီးရီးယားကို သတ်ဖြတ်နိုင်ကြောင်း အမေရိကန်သိပ္ပံပညာရှင်များက ထောက်ခံလိုက်သော်လည်း ၄င်းဆေးရည်ဖြင့် အင်္ဂါ
ဇာတ်ကိုဆေးကြောခြင်းအား လုံးဝမပြုလုပ်ရန်လည်း သတိပေးထားကြောင်း သိရသည်။

Listerine ပလုတ်ကျင်းရည် ထုတ်လုပ်ရေးကုမ္ပဏီက လွန်ခဲ့သောနှစ်ပေါင်း ၁၄၀ ခန့် ကတည်းက ၄င်းတို့  ၏ ပလုတ်ကျင်းရည်သည် ဂနိုရီးယားဗက်တီးယားကို နိုင်နင်းကြောင်း ထုတ်ပြန်ကြေညာ ခဲ့သော် လည်း ဆေးသိပ္ပံလောက က စိတ်ဝင်စားမှုမရှိခဲ့ကြောင်း ၊ ယခုအချိန်ကျမှသာ လေ့လာဆန်းစစ်ကာ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း ၊ ပလုတ်ကျင်းရည်သည် ခံတွင်း၌ပေါက်ဖွားသောဗက်တီးရီးယားများကို ရှင်းလင်းသုတ်သင်နိုင်စွမ်းရှိသောကြောင့် အင်္ဂါဇာတ်တွင်ဖြစ်ပွားသော ဗက်တီးရီးယားများကိုလည်း သုတ်သင်နိုင်မည်ပင်ဖြစ်ကြောင်း ၊ အမေရိကန်တွင် ဂနိုရီးယားရောဂါဖြစ်ပွားမှု တိုးလာ လျက်ရှိပြီး ဆေး ယဉ်ပါးစူပါဗက်တီးရီးယားများကြောင့် ကူးစက်မှုအ၀၀ကို ကုသရန်ခက်ခဲနေချိန်တွင် Listerine ပလုတ် ကျင်းရည်သည် မျှော်လင့်ချက်အသစ်တစ်ခုဖြစ်လာနိုင်ကြောင်း သုတေသီများက ပြောသည် ။

ဂနိုရီးယားဗက်တီးရီးယားကို အမျိုးသား ၊အမျိုးသမီး နှစ်ရပ်လုံးက ကူးစက်ခံရနိုင်ကြောင်း ၊ သို့ သော် ပိုးကူးစက်ခံရ သူ အမျိုးသား ၁၀ ရာခိုင်နှုန်းနှင့် အမျိုးသမီး ၈၀ ရာခိုင်နှုန်းတို့ တွင် ပိုးကူးစက်ခံရသော လက္ခဏာ တစ်စုံတစ်ရာ မပြ ကြောင်း ၊ သို့ သော် ဂနိုရီးယားပိုးကြောင့် အမျိုးသားများတွင် ကပ္ပါယ်အိတ် ကင်ဆာဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာနိုင် ပြီး အမျိုးသမီးများတွင် တင်ပဆုံရောင်ရမ်းသောဝေဒနာကို ခံစားရနိုင်မည်ဖြစ်ကြောင်း သိရသည် ။
ဂနိုရီးယားဗက်တီးရီးယားသည် လိင်ဆက်ဆံခြင်းမှတစ်ဆင့်ကူးစက်သော်လည်း လူနာ၏ခံတွင်း နှင့် လည်ချောင်း သို့ ပါ ကူးစက်နိုင်ကြောင်း ၊ ခံတွင်းနှင့်လည်ချောင်းတွင် ရောက်နေသော ဂနိုရီယားပိုးများကို Listerine ဆေးရည် ဖြင့် ပလုတ်ကျင်းခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ခြင်း ရှိ ၊ မရှိ ဆက်လက် စမ်းသပ် ခဲ့ရာ ရရှိသောအဖြေများမှာ ကောင်းမွန်ခြင်း၊ Listerine Total Care နှင့် Cool Mint တို့ ကို အသုံးပြုခြင်းဖြင့် ခံတွင်း နှင့် လည်ချောင်းသို့  ရောက်ရှိ ကူးစက်နေသော ဂနိုရီးယားပိုးများကို သုတ်သင်ရှင်းလင်း နိုင်မည်ဖြစ်ကြောင်း သိရသည်။

သို့ သော် Listerine ကို လိင်အင်္ဂါဇာတ်ကိုဆေးကြောရန် လုံးဝအသုံးမပြုရန် ၊ အသုံးပြုပါက အသား အရေကို ဆိုးရွား စွာ ထိခိုက်ပျက်စီးစေနိုင်မည်ဖြစ်ပြီး ဗက်တီးရီးယားသေဆုံးမည် ၊ မသေဆုံးမည်ကိုလည်း အာမခံချက်တစ်စုံတစ်ရာ ပေးနိုင်မည်မဟုတ်ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ