ဆေးဖက်ဝင်တဲ့ဖလံတောင်ဝှေးပင်လေးများ


ဆေးဖက်ဝင်တဲ့ဖလံတောင်ဝှေးပင်လေးများအခုလိုမိုးဦးကာလမှာတွေ့ရတဲ့ရာသီစာဖလံတောင် ဝှေးပင်တွေ   ပေါ်လာပါပြီ ။သူ့ပင်ကိုသဘာဝက ဆေးစွမ်းထက်တာကြောင့်နားပြည်ယိုခြင်းနဲ့ နားကိုက်ခြင်းအတွက် ဖလံတောင်ဝှေးပင်ရဲ့အပေါ်ယံအခွံကိုနွှာ နွမ်းရုံလောက် မီးကင် အအေး ခံပြီး တဲ့အခါ အရည်ညှစ် ယူထားပါ ။

ရလာတဲ့ဖလံတောင်ဝှေးရည်လေးစက်ခန့်နားထဲကိုတစ်နေ့ငါးကြိမ်ခန့်ထည့်ပေးခြင်းဖြင့်သက်သာပျောက်ကင်း စေနိုင်ပါတယ် ။ ရှေးလူကြီးတွေကဖလံတောင်ဝှေးပင်ရဲ့အမြစ်ကို ထောင်း ထုပြီး နှာစေး ၊ ချောင်းဆိုး ၊ အဖျား ၊ အစာမကြေ ၊ လေနာ ၊ အရေပြားရောဂါနဲ့ မြွေကိုက်ခြင်းတို့ အတွက်ဆေးမြီးတိုအဖြစ်ကု သလေ့ရှိပါတယ် ။ အမျိုး သမီးရော ဂါဖြစ်တဲ့ သားအိမ်လျှော ၊သားအိမ်ကျ ၊ သားအိမ်အောင့်ခြင်းနဲ့ အမျိုးသားရောဂါများဖြစ်တဲ့ အူကျခြင်း ၊ တိုနာရောဂါတို့အတွက် ဖလံတောင်ဝှေး ကိုအခြောက်လှန်းအမှုန့်ပြုကာ အုန်းဆီနဲ့ရောဖျော်ပြီး စအိုနဲ့ဆီးစပ်ပေါ်ကို လိမ်းထားခြင်းဖြင့် သက်သာရာ ရစေနိုင်ပါတယ် ။ ဒါ့အပြင် အမျိုးသမီးတွေ မှာဖြစ်တတ်တဲ့ရင်သားအဆီကျိတ်ဖုအတွက်ဖလံတောင်ဝှေးပင်အနုအရင့်တွေကိုထုခြေပြီးအကျိတ် ပေါ်အုံ ပေးကာအဝတ်စည်းပေးခြင်းဖြင့် အကျိတ်ကြေစေပါတယ် ။

တစ်နှစ်မှ တစ်ကြိမ်သာပေါ်တဲ့ ရာသီစာဖလံတောင်ဝှေးကို နို့တိုက် မိခင်တွေမှာ ဖြစ်လေ့ရှိတဲ့ နို့မထွက်ခြင်း ၊ နို့ပူခြင်း ၊ ယားယံခြင်း ၊ နို့ အနာပေါက်ခြင်း ၊ နို့ကြောင်း ပိတ်ခြင်းနဲ့ သကျည်း ကိုက်ခြင်း စတဲ့ပြဿနာတွေ အတွက် မကြာခဏဟင်းခါးချက် စားပေးပါ ။နှမ်းဆီစစ် စစ်နဲ့ ကြော်ပြီးစား ပါကချောင်း ဆိုးရောဂါနဲ့ နှလုံး အားနည်းလို့ နှလုံးတုန်တဲ့ရောဂါကို သက်သာစေနိုင်ပါတယ် ။ ငါးသိုင်းဒါမှမဟုတ် ပုစွန်နဲ့ရောချက် စားပါက သွေးဝမ်းရောဂါ ကိုပျောက်စေပါတယ် ။ အမဲသားနဲ့ချက်စားပါက ဆီးရွှင်ပြီး ကျောက်ကပ်ကို ကျန်းမာစေပါတယ် ။

ရေကြက်သားနဲ့ချက်စားပါက ဆီးကျောက်တည် ၊ ဆီးပူ ၊ ဆီးအောင့် ၊ ဆီးအားနည်း ၊ ဆီးကျန်နဲ့ ဆီးဝါခြင်း တို့ကိုပျောက်ကင်းစေနိုင်ပါတယ် ။ ပုစွန် ဆိတ်လေးတွေ နဲ့ကြော်စားပါက လိပ်ခေါင်း သွေးကျခြင်းကို သက်သာစေပါတယ် ။ ကင်ပွန်းချဉ်ရွက်နဲ့ရောကြော်စားပါက ဆံပင်ဖြူခြင်းနဲ့ သွေးဆုံး ကိုင်ဝေ ဒနာကို သက်သာစေပါတယ်။

ဖလံတောင်ဝှေးက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် မကြာခဏ ချက်စားပေးရင်ဝမ်း မချုပ်တော့ ပါဘူး ။ အမျိုးသားများ ဒူလာရောဂါအတွက်ကိုတော့ လက်တစ်ဆုပ် စာပမာဏရှိတဲ့ ဖလံတောင် ဝှေး အပင်နဲ့ အမြစ်တို့ကို သုံးခွက်တစ်ခွက်တင် ကျိုဒါမှမဟုတ် ဖလံတောင်ဝှေးအမြစ်ဥကိုချင်း ၊ သကြားနဲ့ရော ကျိုကာ တစ်နေ့နှစ်ကြိမ်သောက်ပေးသင့်ပါတယ် ။ အထိုင်များပြီး ခါးနာတတ် သူ တွေနဲ့ဆီးချိုရော ဂါကြောင့် ကျောက် ကပ်ပျက်စီးသူတွေ အတွက်ဖလံတောင်ဝှေး ပဉ္စငါးပါး (ပင်စည်၊ အမြစ်၊ အရွက်၊ အပွင့်၊ အမြစ်ဥ) ကိုငရုတ်ကောင်းနှစ်စေ့ထည့်ပြီးဆူပွက် အောင်ကျို ချက်ကာ သောက် သုံးနိုင် ပါတယ် ။

နာလန်ထစလူနာတွေအတွက် ဖလံတောင်ဝှေးပင်ကို အခြောက်မှုန့်ပြုပြီးပျားရည် ၊ ထောပတ်နဲ့ ရောကာ ညအိပ်ရာဝင်ခါနီးတိုင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း မှန်မှန် စားသုံးပေးရင် ရက် သတ္တ ပတ် အနည်းငယ် အတွင်း သိသိသာသာခွန်အားပြည့်လာစေပါတယ် ။

မြဝတီ
https://www.facebook.com/mwdwebportal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ