Mumps ပသိရောင်ရောဂါ


ဆရာ သမီးလေးက ၅ နှစ်ပါ ။ ဖျားပြီး နားအောက်နားက နှစ်ဖက်လုံး နာပြီးယောင်နေလို့ ဆေးခန်းပြတာ ဆရာဝန်က ပါးချိတ်ယောင်တာ ကာကွယ်ဆေးမထိုးထားဘူးလားလို့ မေးတယ်ဆရာ ။ ဒေသန္တရဆေး တွေတော့ အကုန် ထိုးပါတယ်ဆရာ။ အပြင်ဆေးတွေတော့ မထိုးရသေးပါဘူးဆရာ ။ သမီးလေး ဖြစ်နေတာ မကြည့်ရက်ဘူးဆရာ ။ ဆေးခန်းက Ammoxilim250နဲ့ Biogesic ပဲ ပေးတယ်ဆရာ။ သမီးလေး မသက်သာဘူး။ မျက်နှာမှာလဲ အပူတွေကန်သလို အဖုနီလေးတွေ ပေါက်နေတယ်ဆရာ ။ အစားလည်း သိပ်မစားနိုင်ဘူးဆရာ။ အဲဒါ ဘယ်လို ကာကွယ်ကုသရမလဲ ဆိုတာ ဖြေကြားပေးပါဆရာရှင့် ။ ကျေးဇူးတင်စွာဖြင့် ။

၂။ ကျမသားက အသက် ၄ နှစ်နဲ့ ၂ လ ရှိပါပြီ။ မနေ့က မနက်အိပ်ယာထတော့ ဘယ်ဘက်ပါး နား အောက်ကအခြမ်း ယောင်နေပါတယ်။ အိမ်နားကအဖွားကိုမေးတော့ ဝက်ပါးရောင်တာတဲ့။ မန်းတဲ့။ အဖွားစီကို လိုက်ပို့ပါတယ်။ မန်းပေးတဲ့အဖွားက ဘုရားရှိခိုးပြီး ရေမန်းပေးတယ်။ ပြီးတော့ ထုံးနဲ့ကွင်းပြီး မန်းပေးပါတယ် ။ ကျမကတော့ သိပ့်အယုံအကြည်မရှိပေမယ့် ကိုယ့်သားသမီးဖြစ် လာတော့ ပျောက် ချင်ဇောနဲ့ လုပ်မိတာပါ ။ အိမ်မှာလဲ မောရိယမန်းဆေး ထပ်လိမ်းပေးပါတယ် ။ နေ့ခင်း ကျတော့ ကိုယ်ပူလာ တာနဲ့ ပါရာစီတမော တဇွန်းတိုက်လိုက်ပါတယ် ။ ညကျ တဇွန်းတိုက်ပါတယ် ။ အခု ဒီနေ့မနက် အိပ်ရာ ထတော့ မနေ့ကထက် ပိုရောင်နေပါတယ်။ ကျမကိုင်ကြည့်တော့ အကျိတ်လိုပဲ မာနေပါတယ်။ အရောင် မကျပဲ ပြည်တည်ပြီး ခွဲရမှာကို စိတ်ပူပါတယ်ဆရာ။ ကျမ ဒီနေ့ ဆေးခန်းကို သွားပြပါ့မယ်။ ဒီပါးချိတ် ရောင် တာစိတ်ပူရလားဆရာ ။ ဘာကြောင့် ဒီလိုဖြစ်တာလဲဆရာ။ ဘာရောဂါလဲဆရာ ။ ကျမကို ဆောင်ရန် ရှောင် ရန်လေးတွေ ပြောပြပါလားဆရာ ။ စာလုံးပေါင်းမှားရင် တောင်းပန်ပါတယ်ဆရာ ။

ပသိရောင်ရောဂါဟာ ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါ ဖြစ်တယ် ။ အသက်ရှူလမ်းကနေ ပိုးပါနေတဲ့ အမှုံအမွှားလေးတွေကို ရှူမိလို့ ကူးစက်တယ် ။ တခါတလေမှာ အမှုံအမွှားတွေက အိပ်ယာ ၊ အသုံး အဆောင်တွေပေါ်တင်နေတာက ကိုယ်ထဲ ဝင်လို့လဲကူးမယ် ။ ချောင်းဆိုး၊ နှာချေရာကနေကူးမယ် ။ တံတွေးကနေလဲ ကူးမယ်။ အစာအတူစားရာကနေလဲ ကူးနိုင်သေးတယ် ။ ကိုယ်ထဲကနေ ထွက် လာပြီးနောက်လဲ ဗိုင်းရပ်စ်ကရှင်နေနိုင်သေးလို့ဖြစ်တယ်။ အများအားဖြင့် တက်စေ့မရောင်ခင်ကနေ တက်စေ့ရောင်ပြီး ၅ ရက်ကြာအထိ ကူးစက်နိုင်တယ်။ ကလေးတွေမှာဖြစ်တာက နောက်ဆက် တွဲဖြစ်တာနည်းတယ် ။

ကူးစက်ခံရပြီးနောက် ၁၆-၁၈ (၁၂-၂၅) ရက်မှာရောဂါစခံစားရတယ်။ ကိုယ်ပူ ၊ မအီမသာဖြစ် ၊ ခေါင်းကိုက်  ကိုယ်လက် ကိုက်ခဲ၊ မစားချင်ဆိုတဲ့ခံစားရတာတွေရှိမယ်။ ထူခြားတာက သူများကို မကူးစေအောင် တံတွေးထွက်အကျိတ် ရောင်ကာစ ၅ ရက်မှာ ကလေးကို သီးခြားခွဲထားရမယ် ။ ပိုးကူးစက်ခံရပြီးနောက် ၁၄-၁၈ ရက်မှာ ရောဂါလက္ခဏာတွေ ပေါ်တယ်။ ၇-၁ဝ ရက်နေ ပျောက်ပါမယ် ။ တတိယနေ့လောက်မှာ ၉၅% ပါးယောင်လာမယ်။ တံတွေးထွက်အကျိတ် ရောင်လာတာ ဖြစ်တယ် ။

နောက်ဆက်တွဲဖြစ်နိုင်တာတွေ
• Meningitis ဦးနှောက်မြှေးရောင်တာ ၅ဝ% မှာဖြစ်နိုင်တယ်။ ဒါပေမဲ့ ပျောက်ပြီးနောက်မှာ အားလုံးလောက်ဟာ ဒုက္ခိတ မဖြစ်ကြပါ။
• Encephalitis ဦးနှောက်ရောင်တာ ကာကွယ်ဆေးပေါ်တကည်းက ဖြစ်တာရှားသွားပါပြီ။ ပျောက်ပြီးနောက်မှာ အားလုံးလောက်ဟာ ဒုက္ခိတ မဖြစ်ကြပါ။
• Deafness နားမကြားတော့တာလဲ အဖြစ်နည်းလာပြီ။ နာ တဖက်-နှစ်ဖက်ဖြစ်နိုင်တယ်။
• Orchitis ယောက်ျားအကြောရောင်တာ ၄ဝ% မှာဖြစ်တယ်။ ၉ဝ% က တဖက်ထဲဖြစ်တယ်။ ၃ဝ-၅ဝ% မှာ ကျားအစိ သေးသွားတယ်။ ၁၃% ကလေးရနိုင်စွမ်းနည်းတယ်။ မိန်းကလေးဆိုရင် ၇% မှာ မျိုးဥအိမ်ကို ထိခိုက်တယ်။
• ကပ်ရောဂါလိုဖြစ်ချိန်မှာ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးနောက် ၂၈ ရက်နေရင် တခါထပ်ထိုးသင့်တယ်။
• ရောဂါမပြီးတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေချိန်မှာ ကူးစက်ခံရရင် ကိုယ်ဝန် ပဌမ ၃ လထဲမှာဆိုရင် ကိုယ်ဝန်ပျက်စေနိုင်တယ်။ ကလေးကို မထိခိုက်စေပါ။
• ၂ဝ% မှာ ဘာမှ မခံစားရပါ။
• ၁၅-၂ဝ% ယောက်ျားလေးတွေမှာ အကြောရောင်တယ်။
• ၂၇% ကိုယ်ဝန်ပျက်တယ်။ ၁ဝ% ဦးနှောက်မြှေးရောင်တယ်။ ၅% မျိုးဥအိမ်ရောင်တယ်။ တဝက်လောက်မှာ ကလေးမရတာဖြစ်တယ်။ ၄% သရက်ရွက်ရောင်တယ်။ ၁% လောက်သာ ဦးနှောက်ရောင်ရာကနေ သေဆုံးတယ်။ ဝ့ဝဝ၅% သာ နားလေးသွားတယ်။

ဘယ်လိုကုသမလဲ
နားနေပါ။ ဆေးကုဘို့ဆိုတာ တိတိကျကျမရှိပါ။ ခံစားနေတာ၊ ဖြစ်လာတာကိုကြည့်ပြီး ကုသပေးရတယ်။ အနာသက်သာဆေးကို မလွဲမသွေပေးပါမယ်။ Acetaminophen/Paracetamol/Ibuprofen ဆေးတွေပေးမယ်။ ဆားရည်နွေးနဲ့ ပါးစပ်ဆေးရမယ်။ တံတွေးအိတ်ပေါ် အပူ-အအေးကပ်ပေးရမယ် ရေ-အရည်ပိုသောက်စေရမယ်။ အစာကို ကျေလွယ်တာသာစားပါ။

ဘယ်လိုကာကွယ်မလဲ
MMR ကာကွယ်ဆေးကို အမေရိကန်ဆရာဝန် Maurice Hilleman ကနေတီထွင်ခဲ့တယ်။ အခုနောက်ပိုင်းမှာ chickenpox ကိုပါကာကွယ်နိုင်တဲ့ MMRV ကာကွယ်ဆေးပေါ်လာတယ်။ MMR ဆိုတာ Measles ဝက်သက်၊ Mumps ပသိရောင်နဲ့ Rubella (German measles) ဂျာမန် ဝက်သက် (ဂျိုက်သိုး) ရောဂါတွေကို ကာကွယ်ပေးမယ်။ HIV/AIDS ဖြစ်နေသူတွေ၊ ကင်ဆာရှိနေသူတွေ ၊ စတီရွိုက်ဆေး လောလောဆယ် (၂ ပါတ်) ရနေသူတွေ၊ ဆေးကို မတည့်သူတွေကိုတော့ ကာကွယ်ဆေးမထိုးပါ ။ MMR vaccine ကာကွယ်ဆေးကနေ ၈ဝ% ကာကွယ်နိုင်တယ် ။ ကလေးတိုင်း ၁၂-၁၅ လအတွင်း ၂ ခါ ထိုးပေးတယ်။ ၄-၆ နှစ်မှာ တခါထပ်ထိုးသေးတယ် ။ ယူကေမှာ ကလေးတိုင်းကို ၁၃ လမှာထိုးပေးတယ် ။ ကျောင်းမသွားမီအရွယ် ၃-၅ နှစ်မှာ တခါထပ်ထိုးပေးတယ် ။ အမေရိကားမှာ ၁၂-၁၅ လအရွယ်မှာထိုးပေးပြီး ၊ ၄-၆ နှစ်မှာ ထပ်ထိုးတယ် ။

ရောဂါကြောင့် အသက်ဆုံးပါးရတာ မဖြစ်သလောက်ပါ ။ တခါဖြစ်ဘူးရင် တသက်တာရောဂါပြီး သွားတယ် ။ မေးတဲ့သူ ဘယ်မှာနေသလဲ မသိပါ ။ ကူးစက်တတ်တယ် ။ ဒါကြောင့် မေးနည်းစည်းကမ်းမှာ ဘယ်မှာနေသလဲ ထည့်ထားတာပါ ။

Pregnancy and Rubella ကိုယ်ဝန် နှင့် ဂျာမန်-ဝက်သက် http://doctortintswe.blogspot.com/2014/11/pregnancy-and-rubella.html
Rubella (ရူဘဲလား) http://doctortintswe.blogspot.com/2014/12/rubella.html ကိုတွဲဖတ်နိုင်ပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ