ဝိုင်အဖြူသောက်သုံးခြင်းနှင့် အရေပြားကင်ဆာဖြစ်ပွားမှု ဆက်နွယ်နေ


လူလတ်ပိုင်းအရွယ် အယောက် ၂၀၀၀၀ ထက်မနည်းကို ၁၈ နှစ်ကြာစောင့်ကြည့်လေ့လာခဲ့ပြီးနောက် ၀ိုင်အဖြူ သောက်သုံးခြင်းနှင့် အရေပြားကင်ဆာဖြစ်ပွားမှု ဆက်နွယ်နေကြောင်းအမေရိကန်ပြည်ထောင်စု Brown တက္က သိုလ်မှ သုတေသီများကထုတ်ပြန်ကြေညာသည် ။ အမျိုးသားဖြစ်စေ ၊ အမျိုးသမီးဖြစ်စေ ၊ တစ်ရက်ကိုဝိုင်ဖြူတစ်ခွက်သောက်ရုံနဲ့  မယ်လနိုမာလို့ ခေါ်တဲ့ အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေက ၁၃ ရာခိုင်နှုန်း မြင့်တက်သွားတာကိုတွေ့ ရပါတယ် ။အရေပြားကင်ဆာတွေထဲမှာမယ်လနိုမာဆိုတာ လူကိုသေ ဆုံးနိုင်ခြေအမြင့်မားဆုံးဖြစ်ပါတယ် ဟု သုတေသီတစ်ဦး ကပြောပြသည် ။

 နေရောင်ခြည် နှင့်ထိတွေ့  မှုနည်း၍ဖြစ်သည့် အရေပြားကင်ဆာဖြစ်ပွားမှုတွင်လည်း ၀ိုင်မသောက် သူများထက် ၀ိုင်ဖြူ သောက် သူများ၌ ရောဂါဖြစ်ပွားနိုင်ခြေ ၇၃ ရာခိုင်နှုန်း ပိုမိုမြင့်မားသည် ကိုတွေ့ ရှိရကြောင်း ၊ ဘီယာ ၊ ၀ိုင်အနီ နှင့် အယ်လ်ကိုဟောတို့ ကိုသောက်သုံးရာတွင်မူ အရေပြား ကင်ဆာဖြစ်ပွားမှု နှင့် တစ်စုံတစ်ရာ ဆက်နွယ်နေသည့် လက္ခဏာကိုမတွေ့ ရကြောင်း ၄င်းက ဆက် လက်ပြောပြသည် ။ ၀ိုင်သောက်သုံးခြင်းသည် ကျန်းမာရေးကိုအကျိုးပြုသည်မှာမှန်ကန်ကြောင်း ၊ ကင်ဆာ ၊နှလုံးရောဂါ ၊လေဖြတ်ခြင်း ၊ သူငယ်ပြန်ခြင်းအစရှိသည့်ရောဂါများကိုကာကွယ်ပေးကြောင်း ၊ မကာကွယ် နိုင်လျင်လည်း ဖြစ်ပွားသည့်နှုန်းကို နှောင့်နှေးစေကြောင်း ၊ သို့ သော် ၀ိုင်အဖြူသောက်ခြင်းကြောင့် မူဖော်ပြပါအတိုင်း အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်မားသည်ကိုတွေ့ ရှိရခြင်းဖြစ်ကြောင်း ၄င်းက ဖြည့်စွက်ရှင်းပြသည် ။

ဝိုင်ရဲ့ အကျိုးအပြစ်နဲ့ ပါတ်သက်လာရင် ကျန်းမာရေး သုတေသီတွေအကြားမှာလည်း သဘောထား ကွဲလွဲနေဆဲ ဖြစ်ပါတယ် ။ အချို့ က ၀ိုင်တစ်ခွက်သောက်ရင် ကျန်းမာရေး ဘယ်လို ဘယ်ပုံကောင်း လာမယ်ဆိုတာ မျိုးပြောတတ် ကြသလိုအချို့ ကလည်း ၀ိုင်တစ်ခွက်သောက်လိုက်တိုင်း ကျန်းမာရေးကို ဘယ်လိုဘယ်ပုံ ထိခိုက်တယ်လို့  ပြောကြ ပြန်ပါတယ် ။ ဒါကြောင့်လည်းအများပြည်သူလူထုအနေနဲ့  ၀ိုင်ကိုချင့်ချိန်ပြီးမှပဲသောက်သင့်ပါတယ်ဟု ၄င်းက ထပ်လောင်းပြောကြားသည် ။ ၀ိုင်ဖြူ၊၀ိုင်နီ နှစ်မျိုးလုံးက အစာအဆိပ်သင့်ခြင်းကို သက်သာစေနိုင်ပြီး ဦးနှောက်အိုမင်းရင့်ရော်ခြင်း ၊ သွေးကြောပိတ် ခြင်း ၊ ဗက်တီးရီးယားပိုးကူးစက်ခြင်း ၊ သူငယ်ပြန်ခြင်း ၊ မျက်စိမှုန်ခြင်း ၊ ကိုလက်စထရော များခြင်းတို့ ကို သက်သာစေနိုင်သည်ဟု ဆိုကြရာဝယ် အချို့ ကလည်းအမျိုးသမီးများ ၀ိုင်အသောက်များလျင် ကိုယ်ဝန် မရနိုင်ခြင်း ၊ အမျိုးသားများအိမ်ထောင်ရေးသုခကိုမခံစားနိုင်ခြင်း ၊ လူငယ်များတွင် ၀က်ခြံထွက်ခြင်း ၊ ကင်ဆာဖြစ်စေနိုင်ခြင်းအစရှိသည့် ဆိုးကျိုးများရှိသည်ဟုလည်းဆို နေကြခြင်းဖြစ်ကြောင်းသိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ