Marijuana ခေါ် ဆေးခြောက်ပင်သည် ကင်ဆာဆဲလ်များကို သေစေနိုင်ပြီး အရွယ်တင် နုပျိုစေနိုင်


အမေရိကန်နိုင်ငံ၏ အချို့ပြည်နယ်များ၌သာ သုံးစွဲခွင့် ပြုထားသည့် Marijuana ခေါ် ဆေးခြောက်ကို သုံးစွဲခြင်းသည် လူခန္ဓာကိုယ် အစိတ်အပိုင်းများကို ကောင်းကျိုးများ ပေးစွမ်းနိုင်ပြီး အရွယ်တင် နုပျိုစေနိုင် သည့် ဆေးဖက်ဝင် အပင်ဖြစ်ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

Marijuana ခေါ် ဆေးခြောက်ပင်ကို သုံးစွဲခြင်းအားဖြင့် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ကောင်း ကျိုး ပေးစွမ်းနိုင်ရုံမက ကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ် တားဆီးပေးနိုင်ကြောင်း လေ့လာတွေ့ ရှိခဲ့ရပြီး ဆေးခြောက်ကို ပုံမှန် သုံးစွဲမည်ဆိုပါက အရွယ် နုပျိုစေနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်များမှ ထုတ်ပြန်ကြေညာခဲ့ပြီး Marijuana ခေါ် ဆေးခြောက်ပင်သည် အရက်ကဲ့သို့ မူးဝေခြင်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေးကဲ့သို့ စိတ်ကို ထိုင်းမှိုင်းခြင်းများ မဖြစ်ပေါ်စေပဲ စိတ်အာရုံ စူးစိုက်မှု၌ အထောက် အကူပြုနိုင်ကာ အမျိုးသမီးများအနေဖြင့်လည်း ဆေးခြောက်ပင်ကို သုံးစွဲခြင်းဖြင့် အသားအရည် နုပျို လန်းဆန်းခြင်း ၊ အရေးအကြောင်းများ မဖြစ်ပေါ်ခြင်း ၊ မျက်နှာကို တင်းတင်းရင်း ရင်းဖြစ်ပေါ်စေနိုင် သည့် အပြင် ဝက်ခြံ ၊ တင်းတိတ်စသည့်တို့ကိုလည်း မဖြစ်ပေါ်စေနိုင်ပြီး ဆေးခြောက်ပင်ကို သုံးစွဲခြင်း သည် ဘေးထွက်ဆိုးကျိုး လုံးဝ မဖြစ်ပေါ်စေနိုင်ကာ ဆေးခြောက်၌ ပါဝင်သည့် အာနိသင်ကြောင့် ရင်သား ကင်ဆာ၊ အစာအိမ် ကင်ဆာ၊ အသည်း ကင်ဆာနှင့် အခြား ကင်ဆာ ရောဂါများကို လည်း ပျောက် ကင်းစေနိုင်ကြောင်း အမေရိကန် သုတေသန ပညာရှင်တို့မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
 
Marijuana ကို ယခင်က နိုင်ငံ အတော်များများ၌ သုံးစွဲခွင့် ပိတ်ပင်ထားရာမှ ယခုလို တွေ့ရှိချက် အသစ်ကြောင့် အမေရိကန် ပြည်နယ်အချို့၌ တရားဝင် ရောင်းချခွင့်၊ သုံးစွဲခွင့်များကို ရရှိ ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံတွင်လည်း တရားဝင် သုံးစွဲခွင့် ပေးထားကြောင်း သိရသည် ။


ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ