ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သုံးပါက ကိုယ်ဝန်ဆောင်သည်ထက် ကလေး၌ ပိုမိုထိခိုက်နိုင်


ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်သုံးခြင်းသည် ကိုယ်ဝန်ဆောင်သည်များထက် မွေးဖွားလာမည့် ကလေးငယ်၏ ကျောက်ကပ်နှင့် အဆုတ်ကို ပိုမိုထိခိုက်နိုင်ကြောင်း ဂျပန် သုတေသန ပညာရှင်များမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်ကို ပုံမုန် သောက်သုံးပါက ကိုယ်ဝန်ဆောင်သည်များထက် မွေးဖွား လာမည့် ကလေးငယ်၏ ကျောက်ကပ်နှင့် အဆုတ်တို့ကို ၂၀ ရာခိုင်နှုန်း ပိုမို ပျက်စီးစေနိုင်ပြီး မွေးဖွား လာလျှင်လည်း အဆိုပါ ကလေး၌ ကျောက်ကပ်၊ အဆုတ်နှင့် ဆိုင်သည့် ရောဂါများကို ဖြစ်ပွားတတ်ကာ ကိုယ်ဝန်ဆောင်သည်များအနေဖြင့်လည်း ကလေး ပျက်ကျခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဂျပန် သုတေသန ပညာရှင်တို့မှ ထုတ်ပြန်ကြေညာခဲ့သည့်အပြင် ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းနှင့် အခြား ကိုယ်တွင်း အင်္ဂါများ ကို ထိခိုက်စေနိုင်သည့် နိုက်ထရိုဂျင် အောက်ဆိုဒ်၊ ပိုလီ ကာဗွန်နိုက်နှင့် ကာဗွန် မိုနောက်ဆိုဒ်တို့ ပါဝင်သည့်အတွက် ကိုယ်ဝန်ဆောင်သည်များ သာမက ကလေးငယ်များကိုပါ ထိခိုက်စေနိုင်သည့်အတွက် ကိုယ်ဝန်ဆောင်သည်များ ဆေးလိပ် မသောက်သုံးကြရန် ဂျပန်နိုင်ငံ တိုကျို တက္ကသိုလ်ရှိ Dr. Maki Shinzawa မှ တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၏ ၂၅ ရာခိုင်နှုန်းသည် ဆေးလိပ် သောက်တတ်ကြပြီး ကိုယ်ဝန်ဆောင်သည် များ၏ ဆေးလိပ် သောက်သုံးမှုကို မေးမြန်းရာ၌ အမျိုးသမီးများ၏ ၇၉ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်စဉ် အတွင်း ဆေးလိပ် ဖြတ်ထားကြပြီး ၁၇ ရာခိုင်နှုန်းသည် ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်ကို ဆက်လက် သောက်သုံးလျက် ရှိကြောင်း  Global Health  မှ ထုတ်ပြန်ကြေညာခဲ့သည့် အပြင် ဆေးလိပ် သောက်သုံးသူများအနေဖြင့် ကလေးငယ်များနှင့် လူထူထပ်သော နေရာ၌ ဆေး လိပ် သောက်သုံးခြင်းကို ရှောင်ကျဉ်သင့်ကြောင်း Dr. Maki Shinzawa မှ ထုတ်ပြန်ကြေညာ ထားကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ