ပါတီအစားအစာများ၏အကျိုးနှင့်အပြစ်


ယနေ့ ၂၁ ရာစုရေစီးကြောင်းဟာ အလျင်အမြန်ပြောင်းလဲနေပါတယ်။ ကျမတို့တွေလည်း ရေစီးကြောင်းကိုအမှီလိုက်ရင်း ဘ၀လူနေမှုပုံစံ ၊ ၀တ်စားဆင်ယင်မှု ၊ အစား အသောက်ရွေးချယ်မှု အစစအရာရာပြောင်းလဲလာတာကို သတိမထားမိတတ် ဖြစ်တတ်ပါတယ် ။
အနောက်တိုင်းယဉ်ကျေးမှုကူးစက်မြန်လာတဲ့အတွက် လူငယ်တွေကြားမှာ ပါတီသွားခြင်း ၊ ပါတီပေးခြင်းဆိုတဲ့ ဓလေ့ကခေတ်စားလာပါတယ်။ ကျမတို့အနေနဲ့ ထောက်ပြချင်တာကတော့ ပါတီအစားအစာ( party foods ) (ခ) အသင့်စား ( fast foods ) တွေပါ ။

Party foods တွေကတော့ အစားများတဲ့ အာလူးကြော်အမျိုးမျိုး ( French fries , potato wedge , baked potato , fries with cheese ) ပီဇာ ( pizza ) ၊ Burger ၊ အသားကြော် အမျိုးမျိုး ( Fish finger,chicken wings, sausage )၊ အသားကင်( BBQ ) ၊ ဆလတ်( Salad )၊ အချိုပွဲတွေဖြစ်တဲ့ ကိတ်မျိုးစုံ ( Cheese cakes, brownie, layer cake, butter cake, chocolate cake,....) ရေခဲမုန့်၊ ဖျော်ရည်၊ ဘီယာ၊ အရက် စသဖြင့် အမျိုးအမည်စုံပါတယ် ။

နိုင်ငံတကာမှာပြုလုပ်ထားတဲ့ Scientific Research Papers တွေအရ ပါတီအစားအစာတွေဟာအ၀လွန်ခြင်းနဲ့ ဆက်စပ်နေတာတွေ့ရပါတယ်။ အ၀လွန်ခြင်းရဲ့နောက်မှာ သွေးတိုး၊ဆီးချို၊နှလုံးသွေးကြောကျဉ်းတာတွေ၊နာတာရှည်နှလုံးရောဂါသွေးတွင်းအဆီများတာတွေဟာ နောက်ဆက်တွဲအနေနဲ့ ပါလာပါတယ်။အခုနောက်ပိုင်းမှာ အသက်ငယ်တဲ့လူတွေမှာ ဒီရောဂါတွေအတွေ့များလာပါတယ်။ အစားအသောက်နဲ့ Life Style Changes ကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

အဓိကတော့ ပါတီအစားအစာတွေမှာပါတဲ့ အဆီတွေကြောင့် ဖြစ်ရတာပါ ။ လူကိုဆိုးကျိုးပေးတဲ့ ပြည့်ဝဆီ ( Saturated fats )၊ မမြင်နိုင်တဲ့အဆီ ( Invisible fats ) နဲ့ အသွင်ပြောင်းအဆီ ( Trans fats ) တွေပါ ။ ဒီအဆီတွေဟာ ပိုလျှံလာတဲ့အခါ အဆီတစ်ရူးတွေအဖြစ် ကြွက်သားတွေနေရာမှာ နေရာဝင်ယူပါတယ် ။
ဒီလို အပြင်ပန်းဝလာတာဟာ သိသာတဲ့အတွက် အချိန်မှီ ကိုယ်အလေးချိန်ထိန်းလို့ရပါသေးတယ် ။ ပိုဆိုးတာကတော့ သွေးတွင်းအဆီဓာတ်များတာ ဖြစ်ပါတယ်။ သွေးတွင်းအဆီဓာတ်များတာဟာ အသည်းအဆီဖုံးခြင်းအပြင်၊ သွေးကြောနံရံတွေစုဝေးပြီး သွေးကြောကျဉ်းခြင်း၊ သွေးတိုးခြင်း ဖြစ်နိုင်ပါတယ် ။နှလုံးသွေးကြောပိတ်တာတွေ ဦးနှောက်သွေးကြောပိတ်တာ လေဖြန်း လေးဖြတ်တာတွေ အထိ ဖြစ်နိုင်ပါတယ် ။ဆေးလိပ်၊ ဘီယာ၊ အရက်သောက်တဲ့လူတွေမှာတော့ ပိုဆိုးဝါးနိုင်ပါတယ်။ တိတ်တဆိတ်လူသတ်သမားလို့တောင် ခေါ်နိုင်ပါတယ်။

အစားအသောက်အပြင် ကျမတို့ရဲ့ Unhealthy life style ကရောဂါတွေကို ပိုတိုးစေပါတယ် ။ Computer ရှေ့အလုပ်လုပ်ချိန်များခြင်း ၊ အလုပ်များလွန်းသဖြင့် လေ့ကျင့်ခန်းလုပ်ရန် အချိန်မပေးနိုင်ခြင်း ၊ အိပ်ချိန်စားချိန်မမှန်ခြင်း စတာတွေဟာ ကျမတို့ ဘ၀တွေကို အဆိုးဘက်ကို မသိမသာ ဆွဲချနေပါတယ် ။သူငယ်ချင်းတွေနဲ့ ပါတီမှာ မကြာခဏစားသောက်မိတာတွေ ၊ ကိုယ်ကြိုက်တဲ့အစားအသောက်တွေက ကျန်းမာရေးအတွက် မသင့်တော်တဲ့အရာတွေ ဖြစ်နေတာတွေ၊ ဒါတွေဟာ လူငယ်အများစု ဖြစ်တတ်တဲ့ အရာတွေပါ ။

ဒါပေမယ့် ကျမတို့ရဲ့ အစားအစာတွေရွေးချယ်မှုနဲ့ life style ကို အနည်းငယ်ပြောင်းလိုက်တာနဲ့ မယုံနိုင်လောက်တဲ့ ကောင်းကျိုးကို ရရှိနိုင်ပါတယ် ။ ဥပမာ - ပါတီအစားအစာများထဲမှာမှ အဆီများတဲ့ အစားအစာကို ရှောင်လိုက်တာမျိုး ၊ လျှော့စားတာများ ၊ နောက်ပြီးတော့ အချိုပွဲကို အသီးအနှံရွေးစားတာမျိုး ၊ အသီးဖျော်ရည်လေး သောက်လိုက်တာမျိုး ၊ ဒီလိုလွယ်လွယ်ကူကူပြောင်းလဲနိုင်ပါတယ် ။

နောက်တစ်ချက်က အစားအသောက်ကို ဖြည်းဖြည်းစားပါ။ မြန်မြန်စားရင် များများဝင်သွားတာကြောင့် ပိုစားမိနိုင်ပါတယ် ။ နောက်တစ်ချက်ကတော့ ပါတီမှာ အစားအသောက်များများ စားမိလိုက်ပြီ ဆိုရင် နောက်တစ်နေ့မှာ ချွေးများများထွက်တဲ့လေ့ကျင့်ခန်းကိုလုပ်ပေးပါ ။ ခန္ဓာကိုယ်က အဆီတွေလောက်ကျွမ်းဖို့ အတွက် လေ့ကျင့်ခန်းလုပ်ဖို့လိုပါတယ် ။ အဓိက ကတော့ energy intake နဲ့ output ညီမျှဖို့ပါ ။ ကိုယ်စားမိသလောက် ခန္ဓာကိုယ်က လောင်ကျွမ်းအသုံးပြုပေးမယ်ဆို
မျှတပါတယ်  ။

ဒါကြောင့် ဒီနေ့ခေတ်မှာ ဒီလိုအစားအသောက်ရေစီးကြောင်းကို ရှောင်ရန်ခက်တဲ့အတွက်
ကိုယ်ဖက်က သတိနဲ့ အစားအသောက်ကိုရွေးချယ်သင့်ပါတယ် ။ Life Style ကိုလည်း ကျန်းမာတဲ့နေထိုင်မှုပုံစံပြောင်းလဲပေးခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ဘ၀ကို ရရှိနိုင်ပါတယ် ။ ကျန်းမာခြင်းဟာ ကျမတို့ရဲ့ ရွေးချယ်မှု အပေါ် မူတည်ပါတယ် ။

Dr.Jasmine
HealthGuide
https://www.facebook.com/healthguidemyanmar

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ