ဖေ့စ်ဘွတ်ကို တန်းတန်းစွဲ သုံးနေသူ Feelings of envy မနာလိုမှုပိုစေနိုင် (Facebook lurking makes you miserable)


ကနေ့ထွက်တဲ့ ကိုပင်ဟေဂင် တက္ကသိုလ်က လာတဲ့ ဆေးပညာသတင်းပါ ။ ဆိုရှယ်မီဒီယာကို စွဲစွဲမြဲမြဲသုံးနေသူတွေမှာ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုမှာ အနှုတ်သဘော ဆောင်တာဖြစ်စေနိုင်တယ် ။

လူပေါင်း ၁ဝဝဝ ကျော်ကို လေ့လာခဲ့တာပါ ။ အများအားဖြင့်တော့ အမျိုးသမီးတွေဖြစ်ကြတယ် ။ အဲလို အချိန်တွေ အများကြီးကုန်လို့ Deterioration of mood ခေါ် စိတ်မူပျက်စီးမှုဖြစ်စေနိုင်တာ တွေ့ရတယ် ။ ဖတ်နေကြရတာတွေ အများစုက တကယ်မဟုတ်တာ ၊ တကယ်မဖြစ်တာတွေက များတယ် ။ တချို့ပို့စ်တွေဖတ်ရလို့ စိတ်ဓါတ်ကျစေတယ်။

တခြားသူတွေ နဲ့ စိတ်ရောကိုယ်ပါ စကားပြောဆက်သွယ်နေတာ ကတော့ အပြု သဘော ဆောင် တာဖြစ်စေနိုင်ပါတယ်လို့  Cyberpsychology  ဆိုက်ဘာ စိတ်ပညာဂျာနယ်မှာ ရေးထားတယ် ။ အဲတာနဲ့ Lurking ဆိုရှယ်မီဒီယာမှာ အချိန်ကုန်ခံပြီး လျှောက်ဖတ်နေတာနဲ့ မတူပါ ။

အဲတာ အကြံပေးချင်တာ ဆိုရှယ်မီဒီယာမှာ အဲလိုလုပ်နေတာကို အချိန်တခုကြာ အနားပေးပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ