အိပ်စက်ချိန်တွင် မိုဘိုင်းလ်ဖုန်းများနှင့် Gadget များကို အိပ်စက်သည့် နေရာမှ ၄ ပေ အကွာ ထားရန် သတိပေး


ဆန်ဖရန်စစ္စကို ဆေးပညာတက္ကသိုလ်မှ ပြုလုပ်သော လေ့လာမှု တစ်ရပ် အရ အိပ်စက်ချိန်တွင် မိုဘိုင်းလ်ဖုန်းနှင့် Gadget များကို အိပ်စက်သည့် နေရာမှ ၄ ပေ အကွာ၌ ထားရှိရန် လိုအပ်ကြောင်း အမေရိကန် နေ့စဉ် သတင်းဌာနက ဖော်ပြသည် ။

မိုဘိုင်းလ်ဖုန်းများနှင့် Gadget များမှ ထုတ်လွှတ်သော ရေဒီယို လှိုင်းများနှင့် တခြား  ရောင်ခြည် ဖြာထွက် မှုများသည် အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေသည့် အပြင် မှတ်ဥာဏ် လျော့နည်းခြင်း အပါ အဝင် နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပေါ်နိုင်သည်ကို တွေ့ရှိသည် ။

မိုဘိုင်းလ်ဖုန်းများတွင် Noti များ တက်လာပါက လှိုင်းများ ဖြစ်ပေါ်စေခြင်းနှင့် တခြား လုပ်ဆောင်ချက်များ ပေါ်ထွက်လာခြင်း တို့ကြောင့် အိပ်ရာမှ နိုးထခြင်း မရှိလျှင်လည်း နှစ်ခြိုက်စွာ အိပ်စက်ခြင်းကို အနှောင့် အယှက် ဖြစ်စေကာ ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း အတည်ပြု ထားသည် ။ စိတ်ဖိစီးမှု မြင့်မားသူ များတွင် ဆိုးကျိုးများ ပိုမို ဖြစ်ပေါ်နိုင်သည်ကို တွေ့ရှိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ