အကိုက်အခဲပျောက်ဆေးစွဲရောဂါကို အချိန်မီကုသရန်လို


အစားအစာကို မွတ်သိပ်စွာ တောင့်တသည့်စိတ်ကို ထိန်းချုပ်နိုင်ရန် အကိုက်အခဲပျောက်ဆေးများကို သုံးစွဲနေကြောင်း စစ်ဆေးတွေ့ ရှိရပြီး အများစုမှာ အကိုက်အခဲပျောက်ဆေးများ အပေါ် စိတ်ပိုင်းဆိုင်ရာ တပ်မက်မှုပြင်းထန်ကာ ဆေးစွဲ နေကြပြီဖြစ်သည့်အတွက် နေအိမ်နှင့်မိသားစုများအတွင်း အကိုက်အခဲပျောက်ဆေးစွဲရောဂါကို အချိန်မီကုသရန် လိုအပ်ကြောင်း အမေရိကန် သုတေသီများက သတိပေးထားသည် ။

အရင်တုန်းက အကိုက်အခဲပျောက်ဆေး စွဲရောဂါဆိုတာ ဆေးရုံ၊အကျဉ်းထောင် အစရှိတဲ့  နေရာတွေ မှာပဲဖြစ်တာပါ ။ လူဦးရေများလွန်းတဲ့အတွက် သူတို့ ဝေဒနာကိုကုသမှုရရှိဖို့  လနဲ့  ချီပြီးစောင့်ရပါတယ် ။ သူတို့ ခံစားရတဲ့ဝေဒနာတွေ ကတော့ အသည်းရောင်အသားဝါ ၊ HIV ၊ အဆုပ် အစရှိတဲ့ရောဂါတွေ ပါပါတယ် ။ ကုသမှုရရှိနိုင်ဖို့ စောင့်နေတဲ့ကာလ မှာ သူတို့ ကို အထိုက်အလျောက် သက်သာစေဖို့  အကိုက်အခဲပျောက်ဆေးတွေ ပုံမှန်ပေးရာကနေ ဆေးစွဲတဲ့ရောဂါ တွေ ဖြစ်ကုန်တာပါ ။ အခု အဲဒီပြဿနာက လူနေအိမ်တွေနဲ့ မိသားစုတွေစီကိုပါ ကူးစက်လာတာကိုတွေ့ ရပါတယ် ဟု Vermont တက္ကသိုလ်မှ သုတေသီတစ်ဦးက ပြောပြသည် ။

အကိုက်အခဲပျောက်ဆေးတွေမှာ ဘိန်းဖြူပါတာတွေ ရှိပါတယ်။ အဲဒါတွေကို ရေရှည်သောက်မိရာ ကနေ ဆေးစွဲ သွားကြတာပါ ။ အဲဒီအတွက် အီလက်ထရွန်းနစ် ဆေးပေးစက်ကို ဖန်တီးပြုလုပ်ထားပါတယ် ။ ဆေးကို ဒီစက်ထဲမှာ ထည့်ထားရပါတယ် ။ အဲဒီစက်က ဆေးသောက်ချိန်ကိုရောက်မှ လိုအပ်တဲ့ ဆေးပမာဏကို အတိအကျ ထုတ်ပေးပါတယ် ။ ဒီတော့ လူနာတွေက အကြိမ်ရေလည်း ပိုလို့ မရတော့သလို ပမာဏလည်းပိုလို့ မရတော့ဘူးပေါ့ဟု ၄င်းက ပြောပြသည် ။

အကိုက်အခဲပျောက်ဆေးများတွင် buprenorphine အုပ်စုသည် Oxycontin  , Heroin နှင့် Vicodin တို့ ကဲ့သို့  ဦးနှောက်ကိုပြောင်းလဲစေနိုင်ကြောင် ၊ ထို့ ကြောင့် ဘိန်းဖြူအသုံးပြုသည့်အတိုင်း စိတ်ဖိစီးမှုကို လျော့နည်းစေပြီး စိတ်ကိုပြောင်းလဲမြူးကြွစေနိုင်ကြောင်း ၊ ယင်းခံစားမှုကိုနှစ်သက်ပြီး ၄င်းဆေးများကို ရေရှည်သောက်ခြင်းမှာ ယခု နောက်ပိုင်းတွင် ဆေးစွဲရောဂါအသွင်ကို ဆောင် လာပြီဖြစ်ကြောင်း သိရသည် ။

ယခုအခါ Vermont တက္ကသိုလ်မှထုတ်လုပ်ထားသော အီလက်ထရွန်းနစ်ဆေးပေးစက်ဖြင့် လူနာ များကို ဆေးပေး ဝေမှုအား ထိန်းချုပ်လျက်ရှိရာ အောင်မြင်မှု အထိုက်အလျောက် ရရှိနေပြီဖြစ်ကြောင်း ၊ နေအိမ်နှင့်မိသားစုများတွင်လည်း အကိုက်အခဲပျောက် ဆေးစွဲရောဂါဖြစ်ပွားနေသူများအတွက် အဆိုပါ အီလက်ထရွန်းနစ်စက်ဖြင့် ထိန်းချုပ် နိုင်မည်ဖြစ်ကြောင်း ၊ နေ့ စဉ်လိုအပ်သည့် ပမာဏကိုသာ သုံးစွဲခြင်းဖြင့် ဆေးစွဲရောကို ကုသပျောက်ကင်းနိုင်မည် ဖြစ်ကြောင်း သိရသည် ။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ