Dry lips နှုတ်ခမ်းခြောက်နေလို့ပါရှင့်


၁။ နှုတ်ခမ်းအရေခွံတွေ ခြောက်ပြီးကွာကွာနေတာကိုလည်း ဘာဆေးများလိမ်းပေးရမလဲဆိုတာ ဆရာအားလပ်တဲ့အခါ ဖြေကြားပေးစေလိုပါတယ်။ နှုတ်ခမ်းနှစ်ခု အထိများတဲ့ နေရာတွေမှာ ကွာတာပါ၊ ၁ ပတ် ၁ ခါ လောက်ကို ကွာပါတယ်။
၂။ ဆရာ ကျွန်မနှုတ်ခမ်းက အဖတ်တွေလန်ပြီး အမြဲခြောက်နေပါတယ်။ သံလွင်ဆီတွေလိမ်းလဲမရဘူးဆရာ။ ကြည့်မကောင်းရူမကောင်းဖြစ်နေလို့ပါ။ ဘယ်လိုလုပ်သင့်ပါသလံ ဆရာ။
၃။ ဆရာ သမီးနာမည်က့၊ အသက် ၂၇။ သမီးနှုတ်ခမ်းက ခဏခဏခြောက်ပြီး နောက်နဲနဲကြာရင် ယားပြီး အဖုလေးတွေပေါက်လာပါတယ်။ ဘာလုပ်ရမလဲ ညွှန်ကြားပေးပါရှင်။

• ပါးစပ်နှုတ်ခမ်းခြောက်ရာကနေ Cracked and chapped lips နှုတ်ခမ်းတွေကွဲတတ်-အက်တတ်တယ်။ ကွာကျမယ်။ အနေရခက်မယ်။ ရောဂါဆိုးမဟုတ်ပါ။ ရာသီဥတုအေးရင် ပိုဖြစ်တယ် ။ နေလောင်လို့ လဲဖြစ်မယ် ။ နှုတ်ခမ်း ကိုက်လေ့ရှိသူတွေမှာလဲ ပိုဖြစ်တတ်တယ် ။ ပါးစပ်ကနေ အသက်ရှူ လို့လဲ ဖြစ်စေတယ်။
• အအေးမိတာ၊ အာဟာရချို့တဲ့တာ၊ (အလာဂျီ) ရတာ၊ ရေဓါတ်နည်းတာတွေကနေလဲ ဆက်ဖြစ်နိုင်တယ်။ ဘာလို့ ဖြစ်တာသိရင် အဲဒါကိုပြင်ပါ။
• ပါးစပ်နှုတ်ခမ်းအရေပြားပါးတယ် ။ ချွေးထွက်စရာမရှိဘူး ။ အကာအကွယ်ပေးတဲ့ အမွှေးလဲမပေါက်ဘူး။
• လက္ခဏာတွေကတော့ ခြောက်မယ်၊ နီရဲမယ် ၊ နာမယ် ၊ တင်းမယ် ၊ ကြမ်းမယ် ၊ သွေးထွက်မယ် ၊ ကွာကျမယ် ၊ အထိမခံနိုင်ဖြစ်မယ် ။ ကွဲရာမှာ ပိုးဝင်လို့ အနာဖြစ်မယ် ။ သွေးထွက်တဲ့နေရာ ရှိတိုင်း သွေးကနေ ကူးစက်တဲ့ ရောဂါတွေကို သတိထားပါ ။ HIV နဲ့ (ဘီ) ပိုး၊ (စီ) ပိုးတွေပါတယ် ။ မှိုပိုးလဲဝင်နိုင်တယ် ။
• (အလာဂျီ) ရတာတွေထဲမှာ အလှအပသုံးပစ္စည်းတွေလဲပါတယ် ။ ဆပ်ပြာကိုလဲ သတိပြုပါ။ သွားတိုက်ဆေး ကနေလား ၊ နှုတ်ခမ်းနီကလား စဉ်းစားပါ ။ ဆေးလိပ်သောက်တာလဲပါတယ် ။
• ချို့တဲ့ရောဂါတွေထဲမှာ ဗီတာမင် အေ၊ ဘီ-၂၊ စီနည်းတာတွေနဲ့ Kawasaki disease, Macrocytosis, Sjogren's syndrome ရောဂါတွေ ပါတယ် ။ အင်္ဂလိပ်လိုရေးတာတွေအတွက် မစိုးရိမ်ပါနဲ့ ။ ရှားတယ် ။ စုံအောင်သာ ထည့်ရေးရတာပါ ။
• Sunscreen လိမ်းပါ ။ Petroleum jelly ကို မိနစ် ၂ဝ လောက်လိမ်းပေးပါ။ ဒိနောက်မှာ Moisturizing lip balm ခပ်ထူထူလိမ်းပါ ။ Lip balm အမြဲလိုလိုလိမ်းထားပေးပါ ။ Creamy lipsticks နှုတ်ခမ်နီ အမျိုးအစား ပိုသင့်တယ် ။ Ordinary Vaseline ရိုးရိုး ဗက်ဆလင်းကောင်းပါတယ်။
• Chapstick သုံးပါ။ သတိထားဘို့က ဒီဟာက ချောဆီလိုသာ လုပ်ပေးတယ် ။ ရေဓါတ်များစေတာ မဟုတ်ပါ ။
• ရေစိုမွှေးပွလက်ကိုင်ပုဝါနဲ့  နှုပ်ခမ်းကို တို့တို့ပေးနေပါ ။ လက်ကိုင်ပုးဝါသန့်သန့်လေးနဲ့ မကြာမကြာ ဖိပေးပါ ။
• အုးန်းဆီလဲကောင်းပါတယ် ။ ထောပတ်လဲလိမ်းနိုင်တယ် ။ နွားနို့မလိုင်တင်ပေးနည်းလဲ သုံးတယ် ။ သခွါးသီး လှီးထားတာကို ကပ်တာလဲ ကောင်းပါတယ် ။ ဆေးသုံး Aloe vera gel ရှားစောင်းကိုလဲ သုံးကြတယ် ။
• တချို့က နွားနို့ထဲမှာ နှင်းဆီ ပွင့်ဖတ်လေးတွေ ကြာကြာစိမ်ထားပြီးမှ နှုတ်ခမ်းပေါ်တင်ကြတယ် ။ သေးတယ် ။ ပျားရည် ၊ သံပုရာရည် ၊ ကြက်ဆူဆီ ၊ သံလွင်ဆီလဲသုံးတယ် ။
• အစားအသောက် လုံလောက်မျှတပါစေ ။ သင်္ဘောသီးသင့်တယ် ။
• ဗီတာမင် (အေ) ၊ (ဘီ) နဲ့ (စီ) လိုနေရင် သောက်ပါ ။ တချို့ (ဇင့်) သွပ်ဓါတ်လိုနိုင်တယ် ။ ဗီတာမင် (အီး) လဲ သောက်နိုင်တယ် ။ အိုမီဂါ-သရီးသောက်နိုင်တယ် ။ ရေပိုသောက်ပါ ။ သွားတိုက်တံ နုတာသုံးပါ ။
• နှုတ်ခမ်းကိုတဲ့အကျင့် ဖျောက်ပါ ။ နှုတ်ခမ်းကို ပုဝါစ ၊ လက်ကိုင်ပုဝါနဲ့ အကာကွယ်ပေးထားပါ ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ