Blood donation and Diseases ဒီရောဂါရှိသူတွေ သွေးမလှူရပါ


ဆရာ ကျမက Thyrotoxicosis ဖြစ်လို့ Methimazole သောက်နေရတာ တစ်နှစ်ကျော်ပါပြီ ။ အရင်က သွေးလှုတာ ရှစ်ကြိမ်ရှိပြီ ။ ဆေးစသောက်ထဲကသွေးမလှုဖြစ်တော့ပါ ။ Treatment ယူရက်နဲ့ သွေးလှုလို့ဖြစ်နိုင်မလား ပြောပြပေးပါဆရာရှင့် ။

အမေရိကမှာ ၂ဝဝ၁ ခုနှစ် စက်တင်္ဘာ (၁၁) နေ့ကအကြမ်းဖက်တိုက်ခိုက်ခံရမှုကြီးဖြစ်တော့ ထိခိုက်ဒဏ်ရာရသူတွေ အလွန်များတဲ့အခါ သွေးတွေလိုခဲ့တယ် ။ သွေးလှူးမယ့်စေတနာရှင်တွေ ကို သွေးထုတ်မယူခင် စစ်ဆေးမှုတွေ အတွက် သုတေသနလေ့လာမှုတခု အသစ်လုပ်ခဲ့ရပါတယ် ။ သွေးလှူမယ့်သူမျာ Thyroid condition လည်ပင်းကြီးနဲ့ ဆိုင်တာနဲ့  Autoimmune disease ရောဂါပြီး စနစ် ကမောက်ကမဖြစ်တဲ့ရောဂါရှိနေရင် သွေးလှူသင့် မလှူသင့် ။

သွေးလှူမဲ့သူဟာ အသက် (၁၈) နှစ်ပြည့်ပြီးသူဖြစ်ရမယ် ။ ကိုယ်အလေးချိန် ပေါင် ၁၁ဝ ရှိရမယ် ။ လွန်ခဲ့တဲ့ ရက်ပေါင်း (၆ဝ) အတွင်းမှာ သွေးမလှူရသေးသူဖြစ်ရမယ် ။ Hypothyroid လည်ပင်းကြီး  ဟော်မုန်း နည်း ရောဂါရှိနေလို့  levothyroxine (iSynthroid), Cytomel, Thyrolar, or (Armour) ဆေးတွေ သောက်နေသူလည်း သွေးလှူနိုင်တယ်။ Graves' disease ခေါ် hyperthyroidism လည်ပင်းကြီးဟော်မုန်းများ ရောဂါရှိနေလို့ on antithyroid medicines ဆေးသောက်နေသူတွေ ကတော့ သွေးမလှူသင့်ပါ ။ Autoimmune disease ရောဂါပြီးစနစ် ကမောက်ကမဖြစ်တဲ့ရောဂါ ရှိနေသူတွေကနေ သွေးမလှူနိုင်ကြပါ ။ ရောဂါလက္ခဏာတွေ တလလောက် ကင်းနေ ရင်တော့ သွေးလှူနိုင်ပါမယ် ။

ဒီစာရင်းပါရောဂါတခုခုရှိနေသူတွေက သွေးမလှူသင့်ကြပါ ။ Addison's Disease အက်ဒီဆင်ရောဂါ ၊ Adrenal Disorders အဒရီနယ်လ်ရောဂါ ၊ အအေးမိ ၊ တုပ်ကွေး ၊ ဆိုင်းနပ်စ်ရောဂါ ၊ Rheumatoid Arthritis လေးဖက်နာရှိလို့ စတီရွိက်ဆေး ၊ ခုခံအားထိန်းဆေးသောက်နေရသူ ၊ Lupus လူးပတ်စ်ရောဂါ ၊ Multiple sclerosis ရောဂါ ။သွေးပြန်ကြောထဲဆေးထိုးလို့ အလာဂျီရဘူးသူ ။ ယောက်ျားခြင်းလိင်မှုပြုဘူးသူ ။ Hemophiliac သွေးရောဂါရှိနေသူ ။ HIV test မှာ (ရီအက်တစ်) ပြနေသူ ။ Hepatitis အသည်းရောင်ရောဂါကို အသက် (၁၁) နောက်မှာ ဖြစ်ထားဘူးသူ ။ Cancer ကင်ဆာတမျိုးမျိုးရှိနေသူ ။ Heart attack or stroke နှလုံးရောဂါရှိနေသူ ။ Psoriasis ရောဂါရှိနေလို့ Tegison ဆေး သောက်နေ ရသူတွေ သွေးမလှူရပါ ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ