Ascites Causes ရေဖျင်းဘာကြောင့်ဖြစ်ရသလဲ


ကျနော့်အဖေက အသက် ၁၂ အရွယ်ကနေ နှစ် ၆ဝ လုံး သက်သတ်လွတ်စားပါတယ် ။ အပြင်အစား အစာလည်း အစားနည်းပါတယ် ။ အရက်မသောက် ၊ ဆေးလိပ်မသောက် ၊ ကွမ်းမစားပါဘူး ဆရာ ။ နောက်ဆုံး ရေဖျင်းဖြစ်ပြီး ရေဖောက်ထုတ်တာနဲ့ တပတ်အတွင်း ကွယ်လွန်သွားခဲ့ပါတယ်ဆရာ ။ ကျနော်တို့ကို ဆရာဝန်တွေကလည်း ဘယ်လိုကြောင့် ဒီလိုအခြေနေနဲ့ ကွယ်လွန်တယ်ဆိုတာ ရှင်းမပြခဲ့ပါဘူးဆရာ ။ ကျနော်တို့က့ ကပါ ။ ဒီ post ဖတ်ပြီး အဖေ့ကိုသတိရသွားလို့ comment ကနေမေးမိတာ ခွင့်လွတ်ပါဆရာ ။ အဖေခံစားရတဲ့ဝေဒနာကို သိချင်ပါတယ်ဆရာ ။ အနီးဝန်းကျင်က လူတွေလည်း သက်သတ်လွတ်စားနေသမားတွေရှိပါတယ် ။ ကျနော် ကိုယ်တိုင်လည်း သက်သတ်လွတ် စားဖို့ ကြိုးစားနေလို့ပါဆရာ ။ ဒီရေဖျင်းဖြစ်တာက သက်သတ်လွတ်စားတာနဲ့များ သက်ဆိုင်ပါသလားဆရာ။

Ascites ရေဖျင်းဆိုတာ အသည်းကိုသွာားတဲ့ Portal hypertension သွေးလှည့်စနစ်မှာ ဖိအားများရာကနေ ဆက်ဖြစ်တယ် ။ နောက်တခုက Albumin (အယ်လ်ဗျူမင်) ခေါ်တဲ့ (ပရိုတင်း) ဓါတ် နည်းရာကနေ လဲဖြစ်တယ် ။

အသည်းမကောင်းသူတွေမှာဖြစ်မယ် ။ အဲဒီအထဲမှာ Cirrhosis အသည်းခြောက်ရောဂါ ၊ အသည်းရောင် (ဘီ) နဲ့ (စီ) တွေ ပါတယ် ။ အရက်သောက်များသူတွေမှာလဲ ကြာလာရင်ဖြစ်တယ် ။ ကင်ဆာတချို့ကနေ လဲဖြစ်စေတယ် ။ အူမကြီး ၊ မျိုးဥအိမ် ၊ သားအိမ် ၊ သရက်ရွက်နဲ့ အသည်းကင်ဆာတွေ ။

ဒါတွေအပြင် အသည်းသွေးကြောစနစ်ထဲမှာ သွေးခဲနေတာ၊
• Congestive heart failure နှလုံးရောဂါ၊
• Pancreatitis သရက်ရွက်ရောင်တာ၊
• Thickening and scarring of the sac-like covering of the heart နှလုံးအဖုံးလွှာထူပြီးအမာရွတ်ဖြစ်တာ၊
• Kidney dialysis ကျောက်ကပ်ဆေးနေရတာ၊
• Acute liver failure ရက်တိုအသည်းအလုပ်မလုပ်နိုင်တာ၊
• Budd-Chiari syndrome အသည်းသွေးပြန်ကြောရောဂါ၊
• Nephrotic syndrome ကျောက်ကပ်ရောဂါနဲ့
• Hypothyroidism လည်ပင်းကြီးဟော်မုန်းနည်းရောဂါတွေကနေလဲ ဖြစ်နိုင်သေးတယ်။

မေးတဲ့သူရဲ့ဖခင်မှာ ဆေးစစ်တာတွေလုပ်မှသာ တိတိကျကျပြောနိုင်ပါမယ် ။ သက်သတ်လွတ်စား တာဖြစ်လို့ သွေးထဲမှာ (အယ်လ်ဗျူမင်) ခေါ်တဲ့ (ပရိုတင်း) ဓါတ် နည်းရာကနေဖြစ်နိုင်မယ်လို့ ထင်နိုင်ပါတယ် ။

Vegetarianism သက်သတ်လွတ် နှင့် ကျန်းမာရေး http://doctortintswe.blogspot.com/2014/11/vegetarianism.html

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ