ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ပျောက်စေသောနှိပ်ကွက်

Friday, December 30, 2016 23:10(+0630) (8 နှစ် ခန့်က)


လက်ကောက်ဝတ်အတွင်းဘက် (လက်ဖဝါးဘက်) တွင် ပျို့အန်ခြင်း ၊ အော့အန်ခြင်းကို သက်သာ
ပျောက်ကင်းစေသော နှိပ်ကွက်ကလေးရှိပါသည် ။ လက်ကောက်ဝတ်အလယ်တွင် စမ်းကြည့်လိုက်ပါ ။ အရွက်ကြောကြီးနှစ်ခုနှင့် ၎င်းတို့အကြားရှိ မြောင်းကို စမ်းမိပါမည် ။

လက်ကောက်ဝတ်အောက်ဆုံးရစ်မှ နှစ်လက်မခန့်နေရာ ၊ မြောင်းထဲသို့ မိမိလက်မနှင့် ဖိကာဖိကာနှိပ်ပေးပါ ။ သာမန်ပျို့ခြင်း ၊ အန်ချင်ခြင်းကို ချက်ချင်းပျောက်စေပါသည် ။ ဆေးမလိုပါ ။ ပြင်းထန်သော ပျို့အန်ခြင်း အတွက်မူ မိနစ်၂၀ခန့်ကြာအောင် အကြိမ်ကြိမ် နှိပ်ပေးရန် လိုပါသည် ။ လက်ညှိုးနှင့် လက်မခွကြားတွင် တြိဂံပုံနေရာလေးတစ်ခုရှိပါသည် ။ အရေပြားနှုတ်ခမ်းအစပ်မှ အထက်တစ် လက်မခန့် အကွာ တွင် နှိပ်ကွက်ကလေး ရှိပါသည် ။

ထိုနေရာလေးကို ကျန်လက်တစ်ဖက်မှ လက်ညှိုး၊ လက်မတို့ကို အသုံးပြု၍ ညှပ်နှိပ်ပေးလျှင် အနည်းငယ်
အောင့်ပါသည် ။ သုတေသနပြုချက်များအရ ထိုသို့ နှိပ်ပေးလျှင် ဦးနှောက်မှ အင်ဒိုဖင်ဓာတ် (Endorphins)များ ထွက်စေသဖြင့် ခေါင်းကိုက်ခြင်း ၊ ဇက်ကြောတက်ခြင်း ဝေဒနာများ ကို ပျောက်စေကြောင်း တွေ့ရပါသည် ။
ထို့ကြောင့် ခေါင်းကိုက်ခြင်း ၊ မိုင်ဂရိမ်းခေါင်းတစ်ခြမ်းကိုက်ခြင်း(Migra)နှင့် ဇက်ကြောတက်ခြင်း ဖြစ်လျှင် လက်ညှိုး ၊ လက်မ ခွကြားမှ နှိပ်ကွက်ကလေးကို ဘယ် ၊ ညာတစ်လှည့်စီ နှိပ်ပေးနိုင်ပါသည် ။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ