အမေရိကန်တွင် ပေါင်ဒါမှုန့် ဖြူးထားသော လက်အိတ်ကို ဆရာဝန်များအသုံးပြုခွင့် ပိတ်ပင်


အမေရိကန်ပြည်ထောင်စု၊ အစားအစာနှင့်ဆေးဝါးကြီးကြပ်ရေးအဖွဲ့  FDA က ပေါင်ဒါမှုန့် ဖြူးထားသော လက်အိတ် များသည် အန္တရာယ်ရှိသည့်အတွက် ဆရာဝန်များအသုံးပြုခြင်းကိုပိတ်ပင်ကြောင်း ထုတ်ပြန် ကြေညာခဲ့ကြောင်း သိရ သည်။
FDA ၏ သမိုင်းတလျှောက်တွင် ဆေးပစ္စည်းပိတ်ပင်တားဆီးမှုအား ဒုတိယအကြိမ်ပြုလုပ် ခဲ့ခြင်းဖြစ်သည် ။ ဖော်ပြပါ ပေါင်ဒါမှုန့် ပါရှိသောလက်အိတ်ကိုပိတ်ပင်ရန် မတ်လကတည်းက စတင်ဆောင်ရွက်နေခဲ့ခြင်းပြီး ဒီဇင်ဘာ (၁၆) ရက်စွဲဖြင့် အမိန့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ၂၀၁၇ ဇန်န၀ါရီ (၁၉) မှ စတင်ကာ ၄င်းအမိန့် စတင်သက်ရောက် မည် ဖြစ်ကြောင်း သိရသည်။
 
ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ရာမှာ အဲဒီရော်ဘာ လက်အိတ်တွေက လူနာတွေကို အများကြီး ကာကွယ်ပေး ပါတယ် ။ ဒါပေမယ့် အဲဒီလက်အိတ်တွေမှာဖြူးထားတဲ့ပေါင်ဒါမှုန့် တွေက လူနာတွေအတွက် အလွန်အန္တရာယ်များ ပါတယ် ။ ပေါင်ဒါမှုန့် တွေက ချွတ်ရ၊၀တ်ရ လွယ်အောင် ဖြူးထားတာပါ။ ဒါပေမယ့် အဲဒီပေါင်ဒါမှုန့် တွေ လေထဲလွှင့် သွားရင် အချို့ လူနာတွေမှာ ဓါတ်မတည့်တဲ့ တုန့် ပြန် မှုတွေ ဖြစ်ပွားနိုင်ပါတယ် ။ အထူးသဖြင့် ခွဲစိပ်ကုသမှုတွေပြု လုပ်တဲ့အခါ လူနာရဲ့  ခန္ဓာကိုယ်ထဲကို ရောက် သွားရင် တစ်ရှူးတွေမှာ အမာရွတ်ဖြစ်ကျန်ခဲ့နိုင်ပါတယ် ဟု FDA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အခုနောက်ပိုင်းမှာ ပေါင်ဒါမှုန့် မပါတဲ့လက်အိတ်တွေကို ထုတ်လုပ်လာကြပါပြီ ။ ပေါင်ဒါမှုန့်  မပါပေမယ့်လည်း ၀တ်ရ၊ ချွတ်ရ လွယ်ကူအောင် ပြုလုပ်ထားတဲ့လက်အိတ်တွေဖြစ်ပါတယ်။ အရေအတွက်ကိုလည်း အလုံအလောက်ထုတ် လုပ်ထားတာဖြစ်တဲ့အတွက် ပေါင်ဒါပါတဲ့လက်အိတ်ကို တားမြစ်ပိတ်ပင်လိုက်လို့  လက်အိတ်တွေ မလုံမလောက် ဖြစ်မှာတော့ မဟုတ်ပါဘူး ။ ဆေးလောက မှာ ပေါင်ဒါမှုန့် ပါတဲ့လက်အိတ်ပမာဏက အစကတည်းက နည်းပါတယ် ။ ဒါကြောင့် ကျွန်တော်တို့  နိုင်နင်းစွာ အစားထိုး နိုင်မှာပါ ဟု ၄င်းက ဆက်လက်ပြောပြသည်။ FDA သည် ဆေးပစ္စည်း တားမြစ်ခြင်းကို ယခုတစ်ကြိမ်အပါအ၀င် နှစ်ကြိမ်သာပြုလုပ်ဖူးသေးကြောင်း၊ ၁၉၈၃ တွင် ဖိုင်ဘာ ဆံခြည်မျှင် အတုများကို ပြုလုပ်ခြင်းအား တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ၊ ယခု ပေါင်ဒါမှုန့် ဖြူးထားသောလက် အိတ်များကို ဆက်လက်အသုံးမပြုရန် တားမြစ်ခြင်းဖြစ်ကြောင်း၊ သို့ သော် အမေရိကန်ပြည်ထောင်စု တစ်ခုတည်း အတွက်သာ အကြုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ